Print

A to Z လမ်းညွှန်

  30-Dec-2018
Preview Image

ဆောင်းတွင်းကာလ တစ်လျှောက်လုံး၊ ခရစ္စမတ်နဲ့ နှစ်ကူးကာလတွေမှာ ကျန်းမာပျော်ရွှင်စေဖို့ အထူးလိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။ 

ALCOHOL အယ်လ်ကိုဟော 

ခရစ္စမတ်နဲ့ နှစ်ကူးကာလမှာ သင့် အိမ်ထောင်ဖက်၊ အမျိုးသား မိတ်ဆွေတွေကို အရက်သောက်ဖို့ အဖော်မပြုပါနဲ့။ အယ်လ်ကိုဟော ဟာ ကယ်လိုရီတိုးစေပြီး အဝလွန်စေနိုင်လို့ပါ။

BLOATING လေပွခြင်း 

အားလပ်ရက်ပွဲတော်တွေ ဆင်နွှဲရာမှာ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါတဲ့ အစာတွေကို များများစားမိရာမှ လေပွတာ ဖြစ်လွယ်ပါတယ်။ လေပွတာမဖြစ်စေဖို့ပေါင်မုန့်ကို လျှော့စားပြီး ပရိုတင်းဓာတ်နဲ့ အကျိုးပြုဘက်တီးရီးယားတို့ ပါဝင်တဲ့ ဒိန်ချဉ်ကို စားပေးဖို့နဲ့ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။

CHRISTMAS ACCIDENT 
ခရစ္စမတ်ကာလ မတော်တဆ ထိခိုက်မှု ခရစ္စမတ်သစ်ပင်တွေကို အလှဆင်ရာမှာ ထိုင်ခုံပေါ်က ပြုတ်ကျတာနဲ့ မျက် စိထိခိုက်တာတို့ အဖြစ်များကြောင်း မတော်တဆဖြစ်မှု ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်အောင် ဂရုစိုက်ပါ။

DANCING ကခုန်ခြင်း 

အကကြမ်းပြင်ပေါ် ခုန်ပေါက်ကခုန်ရတာ ပျော်ရွှင်ဖွယ်ကောင်းစေရုံသာမက စိတ်ဖိစီးမှုနဲ့ သွေးဖိအားကို လျော့ကျစေကြောင်း၊ နှလုံးရောဂါနဲ့ သူငယ်ပြန်အတိတ်မေ့ရောဂါအန္တရာယ်ကိုလည်း လျော့ကျစေကြောင်း လေ့လာသူတွေကဆိုပါတယ်။ ကခုန်တာကြောင့် တစ်နာရီအကြာမှာ ၄၀ဝ-၇၀ဝ ကယ်လိုရီကို လောင်ကျွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ဟန် ချက်ညီကာ ယုံကြည်မှု ရှိစေပါတယ်။

ENERGY စွမ်းအင်
ဗီတာမင် B12 ဟာ နာ့ဗ်ကြောနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင် B12 ချို့တဲ့မှုကြာလာရင် မော ပန်းတာ၊ အားနည်းတာ၊ အသက်ရှူမဝတာနဲ့ ရင်တုန်တာတို့လို သွေးအားနည်း ရောဂါလက္ခဏာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်ကူးကာလပွဲတော်တွေမှာ အားအင်အပြည့်နဲ့ ပျော်ပျော်ရွှင် ရွှင်ဆင်နွှဲနိုင်ဖို့ ဗီတာမင် B12 ကို မှန်မှန် မှီဝဲသင့်ပါတယ်။

FLU တုပ်ကွေး 
အအေးပိုတဲ့ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် ညဉ့်နက်တဲ့အထိ ပါတီပွဲဆင်နွှဲတဲ့အခါ တုပ်ကွေးနဲ့ အအေးမိတာတွေ အဖြစ်များပါတယ်။ အဆစ်နဲ့ ကြွက်သားတွေ အလွန်ကိုက်ခဲနာကျင်ကာ ကိုယ် အပူချိန်က ၃၈-၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး ၅-၇ ရက်ကြာ ဖျားနေရင် တုပ်ကွေးဖြစ်နေတာပါ။ ဒီလိုဖြစ်နေရင် အရည်ကို များများသောက်ပေးပါ၊ ပါရာစီတမောဆေးကို မှီဝဲပါ၊ ချင်းထည့်ချက်ထားတဲ့ ကြက်သား၊ ဆိတ်သားစွပ်ပြုတ်ကိုစားပါ။

GINGER ချင်း(ဂျင်း) 

ချင်း (ဂျင်း) လက်ဖက်ရည်နဲ့ အာလုတ်ကျင်းပေးရင် လည်ချောင်းနာတာကို သက်သာစေပါတယ်။ ချင်းလက်ဖက်ရည်ကို သောက်ပေးရင် ပျို့အန်တာနဲ့ အရက်နာကျတာကို သက်သာစေပါတယ်။ ချင်းခတ်ထားတဲ့ ရေထဲစိမ်ချိုးပေးရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ နေ့စဉ် ချင်းကို ပမာဏနည်းနည်း စားပေးရင် ကြွက်သားတောင့်တင်းနာ ကျင်မှုကို သက်သာလျော့ပါးစေပါတယ်။ ချင်းမှာပါတဲ့ ပါဝင်ပစ္စည်းဟာ အီးကိုလိုင် ပိုးကို ဆန့်ကျင်ပေးတဲ့ အစွမ်းရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို သက် သာစေပါတယ်။

HANGOVER အရက်နာကျခြင်း 
တစ်ညလုံး အရက်အလွန်အမင်း သောက်ထားပြီးချိန်မှာ ရေကိုများများသောက်ပါ။ နံနက်မိုးလင်းလို့ အရက်နာကျနေရင် ကဖင်းဓာတ်ပါတဲ့ အစားအသောက်ကိုရှောင်ပြီး ငှက်ပျောသီး ဒါမှမဟုတ် ကီဝီသီးစားကာ ပါရာစီတမောဆေးကို သောက်ပေးပါ။ INDIGESTION အစာမကြေခြင်း အစာစားပြီး မကြာခင် ဗိုက် ဒါမှမဟုတ် ရင်ခေါင်းအောင့်တာကို အစာမကြေဘူးလို့ ခေါ်ပါတယ်။ ဒီလိုမဖြစ်စေ ဖို့ လှုပ်ရှားမှုလုပ်ပေးပါ။ အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အစာမစားပါနဲ့။ နောက်ကျမှ အစာစားမိရင် အက်စစ်တားဆေးသောက်ပြီး သင့်ဘယ်ဘက်အခြမ်းကို ခေါင်းအုံးအပိုတွေနဲ့မြှင့်ကာ အိပ်စက်ပါ။

JOINT အဆစ် 
ဆောင်းရာသီက သင့်အဆစ်တွေကို ကိုက်ခဲစေတယ်ဆိုရင် အဆစ်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

KISSING နမ်းရှုပ်ခြင်း 
နမ်းရှုပ်တာက သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ နမ်းရှုပ်တာကြောင့် သွားကျောက်ဖြစ်နိုင်ခြေကို ဟန့်တားနိုင်တာကြောင့်ပါ။ နမ်းရှုပ်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ လေ့လာမှုအရ နံနက်တိုင်း အိမ်ထောင်ဖက်ကိုနမ်းတဲ့ စုံတွဲတွေက မနမ်းသူတွေထက် အသက်ငါးနှစ်ပိုရှည်ကြောင်း သိရပါတယ်။

LAUGHTER ဟာသ 
အအေးမိစေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပြီး စိတ်ဖိစီးမှုကို ဖယ်ရှားနိုင်ဖို့ ဟားတိုက်ရယ်မောလိုက်ပါ။ ဦးနှောက်က အန်ဒေါ်ဖင်လို့ခေါ်တဲ့ သဘာဝအကိုက်အခဲပျောက်ဆေးကို ထုတ်ပေးနိုင်သလို အဒရီနယ်လင်နဲ့ ဒိုပါမင်းတို့လို ဟော်မုန်းတွေလည်း အထွက်တိုးစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို
လျော့ကျစေပါတယ်။

MENINGITS ဦးနှောက်အမြှေး ရောင်ရမ်းခြင်း 

ယူကေမှာ တစ်နှစ် လူသုံးထောင်လောက်က ဘက်တီးရီးယားပိုးဝင်ပြီး ဦးနှောက်အမြှေးရောင်ရမ်းမှုဖြစ်ကာ လူ ၃၀ဝ ခန့် သေဆုံးနေကြပါတယ်။ အချိန်လေးနာရီအောက် သေဆုံးစေနိုင်တာကြောင့် နာမကျန်းတာ၊ အန်တာ၊ ခေါင်း ကိုက်တာ၊ လည်ပင်းတောင့်တင်းတာ၊ တောက်ပတဲ့ အလင်းတွေကိုမကြိုက်တာ၊ မူးဝေတာ၊ ကိုယ်အလေးချိန်ကို မထိန်းနိုင်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တာနဲ့ ရောဂါကုသမှုခံယူဖို့ အရေးကြီးပါတယ်။

NUTS အခွံမာသော အစေ့အဆန် 
ဘရာဇီးသစ်စေ့မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆီလီနီယမ်အများအပြား ပါဝင်ပြီး ဗာဒံစေ့မှာ နှလုံးနဲ့ အရိုးကို ကျန်းမာစေတဲ့ မဂ္ဂနီဆီယမ်၊ သီဟိုဠ်စေ့မှာ ဆံပင်ဖြူတာကို ဟန့်တားပေးနိုင်တဲ့ ကြေးနီဓာတ်တို့ အများအပြား ပါဝင်ပါတယ်။

ORAL HYGIENE ခံတွင်းသန့်ရှင်းရေး 
ခံတွင်းသန့်ရှင်းရေး ကောင်းမွန်ရင် ခံတွင်းရနံ့ သင်းပျံ့စေသလို အသက်ရှည် ရှည်နေရစေပါတယ်။ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာရဲ့ လေ့လာမှုအရ သွားဖုံးရောဂါရှိသူတွေ ၄၆ ရာခိုင် နှုန်းကျော်ဟာ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ ကိုယ်ခံစွမ်းအားစနစ် အားနည်းမှုတို့နဲ့ ဆက်စပ်ပြီး အရွယ်မတိုင်ခင် သေဆုံးနေကြပါတယ်။ ပြီးရင် တစ်နှစ်မှာ လူ ၇၂၀ဝ၀ ခန့်ဟာ ခံတွင်းဝေဒနာကြောင့် အလုပ်ပျက်နေရတယ်လို့ ဗြိတိန်သွား ကျန်းမာရေးဖောင်ဒေးရှင်းက ဆိုပါတယ်။

PAIN KILLERS အကိုက်အခဲ ပျောက်ဆေးများ 

ခေါင်းကိုက်တဲ့အခါ ပါရာစီတမောပါတဲ့ အအေးမိပျောက်ဆေးတွေကို အလွန်အမင်း မသုံးစွဲမိပါစေနဲ့။ ပါရာစီတမောဆေးကို အလွန်အမင်း မှီဝဲတာက အသည်းထိခိုက်စေနိုင်သလို အသက်အန္တရာယ်ရှိပါတယ်။ "ဆေးသောက်မယ်ဆိုရင် အညွှန်းကို အမြဲတမ်းဖတ်ကြည့်ပြီး အန္တရာယ်ကင်းမှသာ သောက်သင့်ပါတယ်" အက်စ်ပရင်ဆေးနဲ့ အိုင်ဗျူပရိုဖန်ဆေးတွေကို မှီဝဲမယ်ဆိုရင် အစာအိမ် မအီမသာမဖြစ်စေဖို့ အစာနဲ့ အတူတွဲစားပေးပါ။

QUEASINESS ပျို့ချင်အန်ချင် ဖြစ်ခြင်း

အစာတွေကို အလွန်အမင်းစားတာ၊ အယ်လ်ကိုဟောအလွန်အမင်းသောက်တာ၊ မချက်ရသေးတဲ့အစာ ဒါမှမဟုတ် ပိုးကူးစက်ခံရတဲ့ အစာကို စားတာတို့ကြောင့် ပျို့ချင်အန်ချင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားတွေကို သေချာကောင်း စွာကျက်တဲ့အထိ ချက်ပေးပါ။ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာနဲ့ ဖြည့်စွက်ဆေးတွေက အစာအဆိပ်သင့်နိုင်ခြေကို လျော့ကျစေပါတယ်။

RELAX အနားယူခြင်း 
စိတ်ဖိစီးမှုဟာ အဓိကကျန်းမာရေး ပြဿနာဖြစ်စေတဲ့အရာပါ။ အိပ်မပျော်တာနဲ့ခေါင်းကိုက်တာကနေ အစားပျက်တာနဲ့ ဒေါသထိန်းချုပ်ရ ခက်တာစတဲ့ ပြဿနာတွေအထိ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ခရစ္စမတ်ကာလမှာ ပါဝင်ဆင်နွှဲကြသူ ၃၇ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှု များနေကြကြောင်း သိရပါတယ်။ ဒီအချိန်မှာ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ၊ အားကစားပြုလုပ်ပါ၊ အနားယူပေးပါ။

SMOKING ဆေးလိပ်သောက်ခြင်း 

ဆေးလိပ်ဖြတ်ထားသူတွေအနေနဲ့ ခရစ္စမတ်ကာလမှာ ဆေးလိပ်ပြန်သောက်တဲ့ အကျင့်ပြန်မလုပ်မိအောင် သတိထားပါ။ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာရင် ဆေးလိပ်သောက်တာကြောင့် တစ်နှစ်မှာ လူတစ်သိန်းကျော် သေဆုံးနေကြကြောင်း သတိရလိုက်ပါ။

TURKEY ကြက်ဆင်သား 
ကြက်ဆင်သားမှာ ပရိုတင်းပါဝင်မှု မြင့်မားပါတယ်။ အဆီနည်းတဲ့ သီဟိုဠ်စေ့မှာ ပိုတက်စီယမ်များများပါဝင်ပြီး ဂေါ်ဖီထုပ်မှာ ဗီတာမင်စီ၊ ဖောလိတ်နဲ့ အမျှင် ဓာတ်များများပါဝင်ပါတယ်။ ဒါကြောင့် ဒီအစာတွေနဲ့ ရောချက်ထားတဲ့ ကြက်ဆင်သားကို ခရစ္စမတ်ကာလမှာ စားပေးရင် ကျန်းမာရေးကောင်းစေပါတယ်။

URINARY TRACT INFECTION ဆီးလမ်းကြောင်း ပိုးဝင်ခြင်း 

သင့်အနေနဲ့ ဆီးလမ်းကြောင်းပိုးဝင် နေတယ်လို့ထင်ရင် ခရမ်ဘယ်ရီသီး ဖျော်ရည်နဲ့ ရေကိုများများသောက်ပေးပါ။

VIRUSES ဗိုင်းရပ်စ်များ 
အိမ်ပတ်ဝန်းကျင်ကို ပိုးမွှားကင်းစင်အောင် သန့်ရှင်းရေးပြုလုပ်ပါ။

WATER ရေ 
တစ်နေ့ ရေတစ်လီတာခွဲသောက်တာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်းမွန်စေပြီး ခရစ္စမတ်ကာလ ကိုယ်အလေးချိန်အပို မြင့်တက်မှုမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ရေဓာတ်ခန်းခြောက်မှုဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးကွေးစေပြီး ကိုယ်အလေးချိန်လျော့ကျဖို့ ခက်ခဲစေပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့စွပ်ပြုတ်တွေထဲမှာ ရေများများပါဝင်ပါတယ်။

XYLITOL သကြားအစားထိုး 
အချိုကြိုက်ရင် သကြားအစား xylitol ကို ထည့်သုံးပါ။ ဒါက သကြားစားတာထက် ကယ်လိုရီ ၄၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

YAWNING သမ်းဝေခြင်း 

ညဘက်မှာ ကြက်သီးနွေးရေချိုးပြီး ရေနွေးသောက်တာက အိပ်စက်မှုစနစ်ကို မြင့်တက်စေပါတယ်။ ညအိပ်ရာဝင်ချိန်ကို သတ်မှတ်ပြီး မှောင်တဲ့ အခန်းထဲမှာ အိပ်စက်ပါ။

ZEN ဇင်ဘာသာကျင့်စဉ် 

စက္ကန့် ၃၀ အတွင်း ခြောက်ကြိမ် အသက်ပြင်းပြင်းရှူတဲ့ ဇန်ကျင့်စဉ်ဟာ သွေးပေါင်ကျစေတယ်လို့ ဂျပန်လေ့လာ မှုက ဆိုပါတယ်။

Healthcare.com.mm

Ref;
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18