Print

ဦးရေပြားမှိုစွဲခြင်း (ပွေးပေါက်ခြင်း) Ringworm Scalp

  03-Jan-2019
Preview Image

ဦးရေပြား ပွေးရောဂါဖြစ်ပွားရခြင်းသည် ဦးရေပြားနှင့်ဆံပင်အရင်းပိုင်းတို့တွင် (Dermatophytes) ဟုခေါ်သော မှိုစွဲခြင်းကြောင့့်ဖြစ်သည်။ ဦးရေပြားပေါ်တွင် လက်စွပ်ကွင်းပုံစံ၊ အဝိုင်းပုံစံအကွက်လိုက်ဖြစ်ခြင်းကြောင့် ပွေးဟုတင်စားခြင်းဖြစ်သည်။ ဦးရေပြားမှိုစွဲခြင်းသည် တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်သောရောဂါဖြစ်သည်။ ကျောင်းနေကလေးအရွယ်နှင့် မူကြိုကလေးအရွယ်တို့တွင် ပို၍အဖြစ်များသည်။ မှိုစွဲခြင်းဖြင့် ဦးရေပြားကို ယားယံရောင်ရမ်းစေနိုင်ပြီး ကြာလျှင် အမာရွတ်ဖြစ်ကာ ဆံပင်ပြန်မပေါက်နိုင်တော့သည်အထိ ဖြစ်နိုင်ပါသည်။


လက္ခဏာများ

- ဆံပင်ကျွတ်၍ ဦးရေပြားပေါ်တွင် ပွေးကွက်တစ်ကွက် (သို့မဟုတ်) အကွက်များဖြစ်လာခြင်း။

- ဦးရေပြားယားယံခြင်း။

- ပွေးကွက်များ ပို၍ကြီးလာခြင်း။

- ပွေးကွက်အတွင်းတွင် ဆံပင်၏အရင်းပျက်စီးခြင်းမှ  အမဲစက်ကလေးများဖြစ်ပေါ်လာခြင်း။

- ဆံပင်သား ကျွတ်ဆတ်၍ အလွယ်တကူပျက်စီးစေနိုင်ခြင်း။

- ဆံပင်ကျွတ်ခြင်း။

- ဦးရေပြားရောင်ရမ်း၍ နာနေခြင်းတို့ ဖြစ်နိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ရောဂါမှာ Dermatophytes ဟုခေါ်သော မှိုရောဂါတစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုမှိုရောဂါသည် ဦးရေပြားအပေါ်ယံနှင့် ဆံပင်၏အရင်းကို ထိခိုက်ပျက်စီးစေသည်။


ဖြစ်နိုင်ချေများသူများ

- မူကြိုကလေး အရွယ်များ၊ မူလတန်းကလေးအရွယ်များတွင် အဖြစ်များသည်။

- မူကြိုကျောင်းများတွင် အဖြစ်များပြီး အနေနီးသူများတွင် ကူးစက်နိုင်ပါသည်။

- ပွေးရောဂါရှိနေသော ခွေးများ၊ ကြောင်များမှတဆင့်လည်း ကူးစက်တတ်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- နောက်ဆက်တွဲဆိုးကျိုးအနေနှင့် မှိုစွဲသော ဦးရေပြား၏အနားသားတွင် နီရဲ၍မာဆတ်ဆတ်ရှိသော (kerion) ဟုခေါ်သည့် အဖုကလေးများ ဖြစ်ပေါ်လာတတ်ပါသည်။

- ထိုအဖုလေးသည် နာကျင်၍ ပြည်တည်သည်အထိ ဖြစ်ပွားနိုင်ပါသည်။

- ဆံပင်အလွယ်တကူ ကျွတ်လွယ်ခြင်း။

- မှိုစွဲမှု ပြင်းထန်ကြာမြင့်ပါက ဦးရေပြားတွင်အမာရွတ်များဖြစ်ပေါ်တတ်ပြီး ထိုနေရာတွင် ဆံပင်ပြန်မပေါက်နိုင်သည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ဦးရေပြားမှာ မခံနိုင်အောင် ယားယံ၍ အဖတ်ဖတ်များဖြစ်နေခြင်း။

- ဆံပင်ကျွတ်၍ ပြန်မပေါက်ခြင်း။

- အခြားပုံမှန်မဟုတ်သော လက္ခဏာများနှင့် အထက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်တိုင်ပင် ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးခြင်း။

- ဆံပင် (သို့မဟုတ်) ဦးရေပြားမှအသားစယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် မှိုရောဂါဟုတ်မဟုတ် စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- မှိုစွဲခြင်းအတွက် ဆေးသောက်ခြင်း။

- မှိုရောဂါသက်သာစေသော ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ခြင်း။


ကာကွယ်ခြင်း

- ဦးရေပြားပွေးရောဂါဖြစ်နေသူမှ သူတစ်ပါးအားမကူးစက်အောင် နေထိုင်ခြင်း။

- ခေါင်းမှန်မှန်လျှော်ခြင်း။

- လက်ဆေးခြင်း။

- မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်သန့်ရှင်းအောင် ထိန်းသိမ်းခြင်း ။

- ရောဂါဖြစ်နေသော ခွေးများ၊ကြောင်များကို ရှောင်ကြဉ်ခြင်း။

- ဦးရေပြားမှိုစွဲနေသူ၏ အသုံးအဆောင်များ၊ မျက်နှာသုတ်ပဝါ၊ ဘီးနှင့် အဝတ်အစားများအား  အတူတူအသုံးပြုခြင်းများ မပြုလုပ်ရန် စသည်တို့ဖြင့် ကာကွယ်နိုင်ပါသည်။


Ref: Mayo Clinics 

Credit: Dr Toe


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18