Print

ကလေးရယူမယ့် စုံတွဲတွေအနေနဲ့ ၂ ရက် (သို့) ၃ ရက်တစ်ခါသာ ချစ်တင်းနှီးနှော...

  03-Jan-2019
Preview Image

ကမ္ဘာကျော် အနုပညာရှင် စုံတွဲဖြစ်တဲ့ Kanye West နဲ့ Kimkardashian တို့ကတော့ ဒုတိယရင်သွေးရအောင် ကြိုးစားတဲ့အနေနဲ့ တစ်နေ့ကို အကြိမ် ၅၀၀ လောက် ချစ်တင်းနှီးနှောကြတယ်လို့ “Keeping Up With the Kardashians” အစီအစဉ် အသစ်မှာ Kim Kardashina က သူမရဲ့ ညီမ Khloe Kardashian ကို ပြောပြ ခဲ့ပါတယ်။Kim Kardashian ရဲ့ ထင်မြင်ချက်ဟာ အားလုံးကို အံ့အားသင့်စေခဲ့တာ အမှန်ပါပဲ။ ကလေးရနိုင်ဖို့အတွက် လင်မယားတွေဟာ တဟ်ကယ်တမ်း တစ်နေ့ကို အကြိမ်ပေါင်းများစွာ ချစ်တင်းနှီးနှော သင့်ရဲ့လား။


အဖြေကတော့ မလုပ်သင့်ပါဘူး။ “မျိုးပွားခြင်းရဲ့ အသိပညာမရှိသေးပဲ မိဘတွေဖြစ်ဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတဲ့ စုံတွဲတွေဟာ နေ့စဉ် ကြိမ်ဖန်များစွာ ချစ်တင်းနှီးနှောကြပါတယ်။ အဲဒီလိုကြိမ်ဖန်များစွာ ချစ်တင်းနှီးနှောခြင်းဟာ စုံတွဲတွေကို ပိုမိုအလုပ်များအောင် တွန်းအားပေးနေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဒီလို ကိစ္စမျိုးကို စိတ်ဖိစီးမှုတွေနဲ့ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး” လို့ နယူးယော့ခ်မြို့တော်မှာရှိတဲ့ NYU Fertility Center က မျိုးပွားခြင်း အထူးကု တစ်ယောက်ဖြစ်တဲ့ Elizabeth Fino က ပြောပါတယ်။

မျိုးပွားနိုင်ဖို့အတွက် အမျိုးသားတွေရဲ့ သုတ်ရည်တွေဟာ လတ်ဆတ်ပြီး သန်စွမ်းနေဖို့ လိုပါတယ်။ စုံတွဲတွေ ကလေးရယူဖို့ ကြိုးစားရာမှာ မအောင်မြင်တဲ့အချက်က သုတ်ပိုးမှာ ပြသနာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေ ကလေးရယူဖို့အတွက် ၂ ရက် (သို့) ၃ ရက် တစ်ခါခန့်သာ ချစ်တင်းနှီးနှောပေးခြင်းဖြင့် အမျိုးသားတွေကို သုတ် ပမာဏ များများနဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ သုတ် တွေကို တည်ဆောက် နိုင်ဖို့အတွက် အခွင့်အရေး ပေးသင့်တယ်လို့ Fino ကဆိုပါတယ်။

တစ်ဖက်မှာလည်း ၈ ရက်ခန့် ချစ်တင်းနှီးနှောမှုမရှိပဲ နေထိုင်ခြင်းဟာလည်း မှားယွင်းနေပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ စိတ်ဖြေချင်းက ထွက်ပေါ်လာတဲ့ သုတ်ရည်တွေမှာ အိုမင်းနေပြီး မစွမ်းဆောင်နိုင်တော့တဲ့ သုတ်ကောင်တွေ ပါဝင်နေတဲ့အတွက် ထိုသုတ်ရည်တွေကို ဖယ်ရှားလိုက်နိုင်မှ ကလေးရဖို့အတွက် အခွင့်အရေး ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref;
ကျန်းမာရေး, ဗဟုသုတ, လူမှု့ဘဝ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18