Print

မွေးစမှ ၆ လထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းနှင့် ပတ်သက်သောအဓိက...

  04-Jan-2019
Preview Image

ကလေးကို မွေးစမှ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပါ။ ရေတိုက်ရန်မလိုပါ။ မိခင်နို့တစ်မျိုးတည်း စနစ်တကျတိုက်ကျွေးခြင်း ဆိုတာဘာလဲ ကလေးငယ်ကို မွေးဖွားပြီးမှ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကို ဆိုလိုပါသည်။ အခြားမည်သည့် ဖြည့်စွက်စာ၊ မည်သည့်အရည်မျှ မကျွေးရ။ ရေလုံးဝမတိုက်ရ။ (သို့သော် ဓာတ်ဆားနှင့် အခြားဆေးဝါးများကိုမူ ကျန်းမာရေးလိုအပ်ချက်အရ ကျွေးနိုင်သည်။) 

ပံ့ပိုးမှုပေးသော သိစေလိုရင်းအချက်များ

မွေးဖွားပြီး တစ်နာရီအတွင်း ကလေးကို မိခင်နို့တိုက်ကျွေးပါ။ မိခင်နို့မှ ကလေးငယ်အား ရောဂါကာကွယ်တားဆီးရေးအတွက် မိခင်ကပေးနိုင်သည့် ပထမဆုံး နှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေးဖြစ်ပါသည်။ မိခင်နို့တွင် ရေဓာတ် ၈၈ % ပါဝင်ပါသည်။ ကလေးသူငယ်သည် ဘဝကိုကျန်းမာစွာ စတင်နိုင်ရန် လိုအပ်သော ရေဓာတ်နဲ့ အာဟာဓာတ်အားလုံးကို မိခင်နို့က ဖြည့်စွက်ပေးနိုင်ပါသည်။

ရေတိုက်ခြင်းကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များ
ကလေးကိုရေတိုက်ခြင်းသည် ထိခိုက်မှုဖြစ်စေနိုင်ပါသည်။ ဝမ်းလျှောခြင်းနှင့် နာမကျန်းဖြစ် ခြင်းများဖြစ်စေနိုင်ပါသည်။ မိခင်နို့သည် သန့်ရှင်းစင်ကြယ်ပြီး ရောဂါမှကာကွယ်ပေးပါတယ်။ မွေးစကလေး၏ အစာအိမ်မှာ သေးငယ်ပါတယ်။ ကလေးကိုရေတိုက်လျှင် အမှန်တကယ် လိုအပ်သော အာဟာရဖြစ်သည့် မိခင်အတွက် နေရာလျော့ပါးသွားပါသည်။

ဖြည့်စွက်သိစေလိုရင်းအချက်များ
မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးငယ်အကြား သံယောဇဉ်ပိုမိုဖြစ်ပါသည်။  မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးငယ်အကြား ထူးခြားသောသံယောဇဉ်ကို ဖြစ်စေပါသည်။ ခြောက်လအရွယ်တွင် အာဟာရပြည့်ဝသော ဖြည့်စွက်အစားအစာများကို အချိန်မီစတင် ကျွေးမွေးပါ။ကလေးသူငယ်အသက် ၂ နှစ် ပြည့်ပြီးနောက်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးသင့်ပါသည်။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18