Print

အစာအိမ်နာနှင့် စပ်မိစပ်ရာများ

  06-Jan-2019
Preview Image

အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသား အချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေးအမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။

အစာအိမ်နာနှင့် စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာဌာန လက်ထောက်ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်းဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။

အစာအိမ်နာနှင့် အပူအစပ်စာ
အပူအစပ်တွေစားပြီးတဲ့အခါ ရင်ပူ၊ ရင်ခေါင်းအောင့်တတ်တဲ့ အတွေ့အကြုံတွေ ရှိပေမယ့်လည်း spice ကို capsaicin ဆိုတဲ့ ငရုတ်ကောင်းတစ်မျိုးမှရတဲ့ ဓါတ်တမျိုးမှတဆင့် ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီငရုတ်ကောင်းဟာ အစာအိမ်နာကိုမဖြစ်စေပါဘူး။ ဒေါက်တာ Mathy ကတော့ တချို့သောအစားအစာတွေဟာ အစာအိမ်နာမဖြစ်စပေမယ့် အစာအိမ်နာရှိနေတဲ့သူကို ဝေဒနာပိုဆိုးအောင်စွမ်းဆောင်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ capsaicin ပါဝင်မှုနည်းတဲ့ တရုတ် အစားအစာကို စားသုံး သူတွေမှာ အိန္တိယ၊ မလေးအစားအစာ စတဲ့ အပူအစပ်စာ စားတဲ့သူတွေထက် အစာအိမ်နာဖြစ်ပွားမှု သုံးဆပိုတာကို တွေ့ရတာပါဘဲ။ သုတေသီတွေကတော့ capsaicin ဟာ အစာအိမ်မှာ
ရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပြီး အစာအိမ်နာကို ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းများ ထုတ်ပေးတယ်လို့ယူဆကြပါတယ်။ အဲဒီလိုပါပဲ capsaicin အစာအိမ်မှာရှိတဲ့ အက်ဆစ် ပမာဏကို ပြောင်းလဲစေပြီး အစာအိမ်နာကို ဖြစ်စေတဲ့ Helicobacter pylori ကို သေစေတယ်လို့လည်း ယူဆကြပြန်ပါတယ်။

အစာအိမ်နာနှင့် နွားနို့သောက်သုံးမှု
အပူအစပ်တွေဟာ အစာအိမ်နာဖြစ်တယ်လို့ လူအတော်များများ ယုံကြည်ကြသလိုပဲ နွားနို့သောက်ခြင်းဟာလည်း အစာအိမ်နာကို ပျောက်ကင်းစေတယ်လို့ ယူဆတာတွေရှိပါတယ်။ အခုနောက်ဆုံး အယူအဆကတော့ နွားနို့ဟာ အစာအိမ်နာကို ပျောက်ကင်းစေတာ မဟုတ်ပဲ သက်သာရုံသက်သာ စေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း
အရာနဲ့ပတ်သတ်ပြီး ဒေါက်တာ Mathy က နွားနို့သောက်သုံးခြင်းဟာ အစာအိမ်ကို တံတိုင်းတစ်ခုလို အလွှာတစ်ထပ်နဲ့ ကာရံပေးပေမယ့်လည်း အစာအိမ်နာကိုပျောက်ကင်းအောင်တော့ မစွမ်းဆောင်နိုင်ပါဘူးလို့ ဆိုထားပါတယ်။

အဲဒီအပြင် Los Angeles, California တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Weinstein ကလည်း လူဦးရေရဲ့ ၆၅%ဟာ lactose နဲ့ မတည့်တတ်ကြပြီး အဲဒီလိုဓါတ်မတည့်ခြင်းဟာ အသက်ရလာတာနဲ့အမျှ များလာတယ်လို့ဆိုပါတယ်။ ဒါကြောင့်အစာအိမ်နာကို ပျောက်ကင်းအာင် နွားနို့သက်သက်ချည်း သောက်သုံးတာဟာ သင့်လျှော်တဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အစာအိမ်နာနှင့် အကျိုးပြုဘက်တီးရီးယား
ဒေါက်တာ Mathy ရဲ့ ရှင်းလင်းချက်အရ ခန္ဓာကိုယ်တွင်းရှိ အချို့သော အကျိုးပြု ဘက်တီးရီးယားများဟာ လေထခြင်း၊ လေပွခြင်းတို့ကို သက်သာစေတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘက်တီးရီးယားတွေဟာ အစာအိမ်နာကို ပျောက်ကင်းစေဖို့အထိတော့ ကြာရှည်မနေနိုင်ကြဘူးလို့ ဆိုပါတယ်။ အစာအိမ်နာနှင့် အရက်၊ အစာအိမ်နာနှင့် caffeine ဓါတ်အရက်သေစာကို အလွန် အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်ေစေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါတယ်။ Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

အစာအိမ်နာနှင့် ဆေးလိပ်
ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ရမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေ
ပါတယ်။


Ref:
မွန်းသက်ပန် (ဆေး-၁)
လောကအလှ အွန်လိုင်း မဂ္ဂဇင်း၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18