Print

Schizophrenia (စိတ်ကစဉ့်ကလျား ဖြစ်သည့်ရောဂါ)

  06-Jan-2019
Preview Image


Schizophrenia သည် ဦးနှောက်ဆိုးရွားစွာ ပျက်ခြင်းတစ်မျိုးဖြစ်ပြီး ကယောင်ကတမ်းဖြစ်ခြင်း၊ မှားယွင်းစွာ တွေးခေါ်ခြင်းနှင့် အမူအကျင့်များပါ မှားယွင်းနေသော ရောဂါတစ်မျိုးဖြစ်သည်။

 

လက္ခဏာမျာ

        Schizophrenia ဝေဒနာရှင်များတွင် တွေးခေါ်ခြင်း၊ အမူအကျင့်နှင့် စိတ်ခံစားမှုဆိုင်ရာများတွင် ပြဿနာများ ရှိနေတတ်သည်။ လက္ခဏာများ အနေဖြင့်

-       Delusion ( တကယ်မရှိဘဲ ရှိတယ်ထင်နေခြင်း)

-       Hallucination ( ကယောင်ကတမ်း ဖြစ်ခြင်း)

-       စကားကို အစီအစဉ်ကျအောင် မပြောတတ်ခြင်း

-       မူမမှန်အကျင့်များ ပြုလုပ်နေခြင်း

-       ပုံမှန်လုပ်ရမည့် အမူအကျင့်များ မပြုလုပ်ခြင်း ဥပမာ - မျက်လုံးချင်း ဆုံအောင် မကြည့်ခြင်း၊ မျက်နှာခံစားမှု မပြောင်းလဲခြင်း

ဆယ်ကျော်သက်အရွယ်များတွင်မူ

-       မိသားစုနှင့် သူငယ်ချင်းများကို ရှောင်ဖယ်နေခြင်း

-       ကျောင်းတွင်းလုပ်ဆောင်မှုများ ကျဆင်းလာခြင်း

-       အိပ်စက်ခြင်းတွင် အခက်အခဲရှိခြင်း

-       စိတ်ကျရောဂါ ခံစားရခြင်း

-       စိတ်တက်ကြွမှု မရှိခြင်း တို့ခံစားရနိုင်ပါသည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

Schizophrenia ရောဂါသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အခြေအနေများနှင့် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများကြောင့် ဖြစ်သည်ဟု ယူဆကြပါသည်။

 

ဖြစ်နိုင်ချေများသူများ

Schizophrenia ရောဂါသည်

. မိသားစုထဲတွင် အဆိုပါ ရောဂါရှိသူများ

. သန္ဓေသား ဘဝတွင် ဗိုင်းရပ်စ်၊ အဆိပ်စသည်တို့နှင့် ထိတွေ့မိသူများနှင့် အာဟာရ လုံလောက်စွာ မရရှိသူများ

. Autoimmune ရောဂါရှိသူများ

 (မိမိခန္ဓာကိုယ်ရှိ ဆဲလ်များအား မိမိ ခုခံအားက ပြန်တိုက်ခိုက်သော ရောဂါ)

. စိတ်ကြွဆေး သုံးဖူးသူများ တွင် ပို၍ အဖြစ်များတတ်ပါသည်။

 

နောက်ဆက်တွဲပြဿနာများ

          Schizophrenia ရောဂါကို မကုသဘဲ ထားပါက

-       ကိုယ့်ကိုယ်ကို သေကြောင်းကြံမိခြင်း

-       ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိခြင်း

-       စိတ်ပူပန်မှုများခြင်းနှင့် ကြောက်ရွံ့စိတ်များ ဝင်လာခြင်း

-       စိတ်ကျရောဂါ ဖြစ်ခြင်း

-       လူမှုရေး ပြဿနာများ ဖြစ်ခြင်း

-       အလုပ်မလုပ်နိုင်တော့ကာ ဆင်းရဲမွဲတေလာခြင်းတို့ဖြစ်စေနိုင်ပါသည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

များသောအားဖြင့် Schizophrenia ဝေဒနာရှင်များသည် ကိုယ်ကိုယ်တိုင် ရောဂါရှိမှန်း သတိမထားမိတတ်ကြချေ။ သို့ဖြစ်၍ မိသားစု ဆွေမျိုးများမှ သတိထားမိလျှင် လူနာအား အားပေးစကားများ ပြောပေးခြင်းနှင့် ဆရာဝန်ထံ သွားရောက်ပြသရန် တိုက်တွန်းသင့်ပါသည်။

 

စစ်ဆေးမှုများ

ဆရာဝန်က ရောဂါရာဇဝင်အကြောင်း သေချာမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် သွေးစစ်ခြင်း၊ ဦးနှောက်ကို MRI scan၊ CT scan များ ရိုက်ခြင်းနှင့် စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။

 

ကုသခြင်း

Schizophrenia ရောဂါသည် လက္ခဏာများ ပျောက်သွားသည့်တိုင် ဆေးကုသမှု ဆက်လက်ခံယူနေရမည် ဖြစ်သည်။ ရောဂါ အခြေအနေ အလွန် ဆိုးရွားလျှင်မှု ဆေးရုံတက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သည်။ ကုုသရာတွင်လည်း စိတ်ရောဂါဆေးများသည် ဘေးထွက်ဆိုးကျိုးများ ရှိတတ်သည့်အတွက် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန်လိုအပ်သည်။

ထို ့ပြင် မိသားစုဝင်များနှင့် သူငယ်ချင်းများက ဆေးကုသမှု ခံယူနေစဉ် အားပေးခြင်း၊ စိတ်ခွန်အားများ ပေးခြင်း၊ လိုက်ဖက်သော အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို လုပ်ဆောင်ပေးရမည် ဖြစ်သည်။

 

ကာကွယ်ခြင်း

Schizophrenia ရောဂါကို ကာကွယ်ရန် နည်းလမ်းများ မရှိသော်လည်း လက္ခဏာများကို မဆိုးစေရန် ရောဂါဖြစ်စကပင် ဆေးကုသမှုများ စနစ်တကျ ခံယူခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

 

Paing

Ref: Mayo clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18