Print

Chlorpheniramine Poisoning (ဘာမီတွန်) အလွန်အကျွံသောက်ခြင်း

  07-Jan-2019
Preview Image


• ၂ဝဝ၂ တုံးက အမေရိကားမှာ ၁၇ နှစ်သမီးတစ်ယောက် Coricidin Cough and Cold ဆေးတွေ ဆရာဝန် ညွှန်ထားတာထက် အဆမတန် များသောက်ခဲ့တဲ့အဖြစ်တစ်ခု ရှိခဲ့တယ်။ ဒီဆေးထဲမှာပါတဲ့ Chlorpheniramine Maleate ဟာ မြန်မာပြည်မှာ လူသုံးများတဲ့ (ဘာမီတွန်) ထဲမှာ ပါတာနဲ့အတူဖြစ်တယ်။


• သူမရဲ့ဆရာဝန်က ၃ လတိုင်တိုင် သတိပေးနေတဲ့ကြားက မရဘူး။ ဆေးပြား တနေ့မှာ ၃-၁၅ ပြားအထိ သောက်နေခဲ့တယ်။


• ဆရာဝန်နဲ့ တွေ့တော့ မိန်းကလေးဟာ Light-headedness ခေါင်းထဲမှာပေါ့နေတယ်၊ Euphoria အကောင်းတွေလို့ ထင်မှတ်နေတယ်၊ Dizziness ခေါင်မူးနောက်နေတယ်၊ Cognitive and coordinative skills အသိတရားတွေ ပူးတွဲလုပ်ဆောင်နိုင်စွမ်းတွေ နည်းနေတဲ့ လက္ခဏာတွေ ခံစားလာရတယ်။


• ၂ လကြာတော့ ဆီးထဲမှာ သွေးတွေပါလာတယ်။ ဒါဟာ ကျောက်ကပ်ကို ထိခိုက်တာဖြစ်တယ်။


• မနက်ခင်းမှာ ဒီဆေး အပြား ၂ဝ သောက်ထားတဲ့ မိန်းကလေးကို သူမရဲ့ဆရာဝန်က နေ့ခင်းမှာ တွေ့ပြန်တယ်။ Extremely confused လုံးဝသတိလက်လွှတ်လောက်နီးနီးဖြစ်နေတယ်၊ Hallucinating တကယ်မရှိတာတွေ မြင်-ကြားနေတယ်၊ Stumbling တုံတုံရီရီဖြစ်ဖြစ်နေတာ တွေ့ရတယ်။


• ဆရာဝန်နဲ့ လမ်းခွဲပြီးမကြာခင် မိန်းကလေးဟာ Collapsed အရုပ်ကြိုးပြတ်ဖြစ်ပြီး ဆေးရုံကို ရောက်လာတယ်။


• ကံကောင်းသွားတာက မိန်းကလေး မသေပါ။ ကိုယ်ကိုယ်ကို သတ်သေဘို့ ကြိုးစားတာလို့ သိလာရတယ်။

(ဘာမီတွန်ဆေး) ထဲမှာပါတဲ့ Chlorpheniramine ဟာ အလွန် အသုံးများတဲ့ Antihistamine ဆေးဖြစ်တယ်။ Allergies (အလာဂျီ) ရတာ၊ Common cold အအေးမိတာ အတွက် သုံးတာများတယ်။ ယားတာအတွက်လဲ ပေးနိုင်တယ်။

Overdose ဆေးအဆများသွားလို့ ဖြစ်စေနိုင်တာတွေက အကြောင်းအချက် အများအပေါ်မှာ မူတည်တယ်။ ဘေးထွက်-ဆိုးကျိုးတွေနဲ့ ဆေးများသွားရင် ဖြစ်နိုင်တာတွေကတော့ -
- Dry mouth, eyes, nose, and throat အာခေါင်-မျက်စိ-နှာခေါင်း-လည်ချောင်းတွေ ခြောက်မယ်၊
- A rapid heart rate နှလုံးခုန်မြန်မယ်၊
- Nausea and vomiting ပျို့-အန်ချင်မယ်၊
- Slowing of the digestive tract အစာခြေလမ်းအလုပ်နှေးစေမယ်၊
- Loss of appetite စားချင်စိတ်နည်းမယ်၊
- Constipation ဝမ်းချုပ်မယ်၊
- Dilated pupils မျက်စိ-သူငယ်အိမ်ကျယ်မယ်၊
- Vision problems မျက်စိကြည့်မကောင်းဖြစ်မယ်၊
- Flushing မျက်နှာနီရဲလာမယ်၊
- Fever ကိုယ်ပူမယ်၊
- Headache ခေါင်းကိုက်မယ်၊
- Difficulty urinating ဆီးအသွားရခက်မယ်၊
- Rapid breathing အသက်ရှူမြန်မယ်၊
- Drowsiness အိပ်ချင်မယ်၊
- Low blood pressure သွေးဖိအား ကျမယ်၊
- An irregular heart rhythm နှလုံးခုန် မမှန်ဖြစ်မယ်၊
- Confusion စိတ်မကြည်လင်ဖြစ်မယ်၊
- Hallucinations သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊
- Agitation စိတ်မငြိမ်ဖြစ်မယ်၊
- Psychosis စိတ်မူမမှန်ဖြစ်မယ်၊
- Delirium ကယောင်ကတမ်းဖြစ်မယ်၊
- Seizures တက်မယ်၊
- Coma သိတ်လစ်မယ်၊
- Loss of life သေဆုံးသွားမယ်။

Chlorpheniramine ဆေးကို ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ထိုးဆေးတွေနဲ့လာတယ်။ ဝါးစားလို့ရတာရော တာရှည်ခံ ဆေးပြားရော လာသေးတယ်။ အကြမ်းအားဖြင့် ဆေးကို ၄-၆ နာရီတခါပေးတတ်တယ်။ ဒီဆေးတမျိုးတည်း သပ်သပ် လာသလို တခြားဆေးတွေနဲ့ ရောလာတာလဲ ရှိတယ်။ ဥပမာ အနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲထွက်ဆေး၊ နှာခေါင်းသွေးအလာနည်းဆေးတွေ။
• (အလာဂျီ) ကို ပေးတဲ့ဆေးပေမဲ့ ဒီဆေးကို မတည့်ဘဲ (အလာဂျစ်) ဖြစ်သူတွေလဲ ရှိတယ်။
• ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို သတိနဲ့ပေးရတယ်။
• ကားမောင်းရမဲ့သူတွေ မသောက်သင့်ဘူး
• အရက်နဲ့ တွဲမသောက်သင့်ဘူး။

Treatment for Overdose အဲလို ဆေးများ-လွန်ကဲသူကို ဘယ်လိုကုသမလဲ -
အဆိပ်သင့်သူတွေကို အများဆုံး လုပ်ပေးရတဲ့ Pump the stomach ချက်ချင်း အစာအိမ်ထဲ ပိုက်သွင်းပြီး ကျန်နေမဲ့ ဆေးတွေကို ဆေးထုတ်ပြစ်တာကို ဒီနေရာမှာ သိပ်မသုံးပါ။ Supportive care ကိုလုပ်ပေးရမယ်။
• (IV) သွေးပြန်ကြောထဲ ဆေးသွင်းတာ၊
• သွေးဖိအားတက်ဆေး၊ နှလုံးခုန်မှန်ဆေး၊ တက်ရင်အတက်ရပ်ဆေး၊
• နှလုံး + အဆုပ်ကို စောင့်ကြည့်မယ်။
• အသက်ရှူကောင်းစေအောင် ပိုက်သွင်းမယ်၊
• ဆေးရုံတင်ပြီး ကုသရမယ်။

သေ-မသေဆိုတာ ဆေးသောက်ပြီး ဆေးကုသမှု ခံရတဲ့အချိန် ကြာ-မကြာလဲရှိမယ်။ Poisoning အကြောင်း “First Aid Manual ရှေးဦးသူနာပြုလက်စွဲ” ထဲမှာ ရေးထားပါတယ်။

Ref: Dr. တင့်ဆွေ

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18