Print

အမျိုးသမီး၏ ကိုုယ်ခန္ဓာပြောင်းလဲခြင်း

  09-Jan-2019
Preview Image


အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက်ကျွေးချိန်နှင့် ရာသီသွေးဆုံးချိန် (ကလေးမရနိုင်တော့သည့်အချိန်) တို့၏ များပြား၍ အရေးကြီးသော ပြောင်းလဲမများဖြစ်ပေါ်လာသည်။ သားဖွားနိုင်သော အသက်အရွယ်တွင် ကိုယ်ခန္ဓာသည် ရာသီသွေးမပေါ်မီ၊ ပေါ်နေစဉ်နှင့်ပေါ်ပြီးနောက်ပိုင်း လစဉ်ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။ ဤပြောင်းလဲမှုများသည် မျိုးဆက်ပွား အင်္ဂါအစိတ်အပိုင်းများ၏ ဖြစ်ပေါ်ပြီး Hormone ဓာတ်များကြောင့်ဖြစ်ပေါ်ပါသည်။

ဟော်မုန်းဓာတ်များ (Hormones)
ဟော်မုန်းဓာတ်များသည် ကိုယ်ခန္ဓာမှထုတ်လုပ်သော ဓါတုပစ္စည်းများဖြစ်၍ ကိုယ်ခန္ဓာ မည်ကဲ့သို့ မည်သည့်အချိန်၏ ကြီးထွားမည်ကို ထိန်းချုပ်ထားသည်။ မိန်းကလေးတစ်ဦး၏ ပထမဆုံး ရာသီသွေးမပေါ်မီအချိန်တွင် ကိုယ်ခန္ဓာသည် အမျိုးသမီးဟော်မုန်းဓါတ်များဖြစ်သော Estrogen နှင့် Progesterone များကို ပိုပြီးထုတ်လွှတ်သည်။ ဤဟော်မုန်းများသည် ကိုယ်ခန္ဓာ အပျိုဖော်ဝင်သော ပြောင်းလဲမှုများကို ဖြစ်စေသည်။ သားဖွားနိုင်သော အရွယ်ကာလတွင် ဤဟော်မုန်းများသည် ကိုယ်ဝန်ရှိလာနိုင်ရန် ကိုယ်ခန္ဓာကို လစဉ်ပြင်ဆင်ပေးသည်။ သားဥအိမ်များကို မည်သည့်အချိန်၌ သားဥတစ်လုံး (လစဉ်သားဥတစ်လုံး) ကြွေစေရန် အသိပေးသည်။ ထို့ကြောင့် ဟော်မုန်းများသည် အမျိုးသမီးတစ်ဦး မည်သည့်အချိန်၌ ကိုယ်ဝန်ဆောင်နိုင်မည်ကို ဆုံးဖြတ်ပေးသည်။

 

 များစွာသော သားဆက်ခြားခြင်း နည်းလမ်းများသည် အမျိုးသမီးတစ်ဦး၏  ကိုယ်ခန္ဓာအတွင်း၌ ဟော်မုန်းဓာတ်များကို ထိန်းချုပ်ထားခြင်းဖြင့် ကိုယ်ဝန်ကိုဟန်တားပေးသည်။ ဟော်မုန်းဓာတ်များသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ လစဉ်ရာသီသွေးကို ရပ်ထားပြီး ကလေးမွေးပြီးနောက် နို့အုံမှနို့ရည်ထုတ်လုပ်ရန် လှုံ့ဆော်ပေးသည်။ မျိုးဆက်ပွား အရွယ်ကာလ အဆုံးပိုင်းသို့ ရောက်သောအခါ အမျိုးသမီး၏ ကိုယ်ခန္ဓာ၌ Estrogen နှင့် Progesterone ဟော်မုန်းဓာတ်များထုတ်လုပ်ခြင်း တစ်ဖြည်းဖြည်းလျော့နည်း၍ ရပ်တန့်သွားသည်။ သားဥအိမ်များမှ သားဥများမကြွေတော့ပါ။

 

ကိုယ်ခန္ဓာသည် ကိုယ်ဝန်ဆောင်ရန်အတွက် ပြင်ဆင်မှုများရပ်တန့်သွားပြီး ရာသီသွေးဆင်းခြင်းလည်း တစ်သက်လုံး ရပ်တန့်သွားသည်။ ဤအဖြစ်ကို ရာသီသွေးဆင်းခြင်းဟုခေါ်သည်။ အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာမှ ထုတ်လုပ်သော Hormone ဟော်မုန်းဓာတ်များ၏ ပမာဏနှင့် အမျိုးအစားများသည် သူမ၏စိတ်နေစိတ်ထား၊ လိင်မှုဆိုင်ရာခံစားမှု၊ ကိုယ်အလေးချိန်၊ ကိုယ်အပူချိန်၊ ဆာလောင်မှုနှင့် အရိုးအင်အားစသည်တို့ အပေါ်အကျိုးသက်ရောက်မှုရှိသည်။

Ref:
WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18