Print

မိခင်များအတွက် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမျာ...

  10-Jan-2019
Preview Image


မိခင်၏ကျန်းမာရေးကို ကာကွယ်ပေးပါသည်။


• မွေးပြီးပြီးချင်း ကလေးသည် မိခင်နို့စိုခြင်းဖြင့် မိခင်အတွက် မွေးပြီးစသွေးသွန်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
• မိခင်နို့ထွက်စေရန် ဆောင်ရွက်သော ဟော်မုန်းကြောင့် မိခင်သားအိမ် ပုံမှန်အနေအထားသို့ ပြန်လည်ကျုံဝင်မှုကို ကူညီပါသည်။ မွေးဖွားပြီးသွေးလွန်မှုကို နည်းပါးစေပြီး သွေးအားနည်းရောဂါကို တားဆီးနိုင်ပါသည်။
• မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တွင် မမျိုးဥကင်ဆာဖြစ်ခြင်း၊ ရင်ကင်ဆာဖြစ်ခြင်းတို့ကို လျော့နည်းကျဆင်းစေနိုင်ပါသည်။ 

ကလေးငယ် ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ ကလေးဆာတိုင်း တိုက်ကျွေးခြင်းသည် မိခင်ရာသီသွေးပေါ်ခြင်းကို နှောင့်နှေးစေပါသည်။ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ခြင်းကိုလည်း နှောင့်နှေးကြန့်ကြာစေနိုင်ပါသည်။ နေ့ညအချိန်မရွေး
အသင့်ရရှိနိုင်သဖြင့် ညအချိန်ကလေးနို့ဆာလျှင် ပင်ပန်းစွာထ၍ဖျော်စရာမလိုပါ။ ထို့ကြောင့် အချိန်ကုန် ငွေကုန် သက်သာပါသည်။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18