Print

တစ်နေ့လျှင် အနည်းဆုံး ၁ နာရီ မတ်တတ်ရပ်ပေးရန်လို

  11-Jan-2019
Preview Image


နေ့စဉ် အလုပ်စားပွဲ၌ အချိန်ကြာမြင့်စွာ လုပ်ကိုင်နေသူများသည် အဝလွန်ခြင်းနှင့် နှလုံးရောဂါများကို ကာကွယ်ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ၁ နာရီ မတ်တတ်ရပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောသည်။အလုပ်စားပွဲ၌ နေ့စဉ် ၆ နာရီကြာထိုင်၍ အလုပ်လုပ်ခြင်းသည် ကျန်းမာရေးထိခိုက်နိုင်သဖြင့် အလုပ်မှခေတ္တရပ်နားမည့် အားလပ်ချိန်များ၌ မတ်တတ်ရပ်၍ စကားပြောခြင်း၊ ကော်ဖီသောက်ခြင်းများစသည့် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်သင့်သည်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ပါသော ကွမ်းစားသုံးခြင်း တို့ကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသက်တိုစေနိုင်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

Ref:
မြဝတီ



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18