Print

မိုဘိုင်းဖုန်းတွေ အသုံးပြုတဲ့အခါ သင်ခံစားနေရတဲ့ ကျန်းမာရေးအန္တရာယ် (၁၀...

  13-Jan-2019
Preview Image


မိုဘိုင်းဖုန်းတွေကနေတဆင့် ကင်ဆာရောဂါ ရစေနိုင်တယ်လို ့လူအများစုသိကြပေမယ့် ကင်ဆာတစ်ခုတည်းရနိုင်တာ မဟုတ်ပါဘူး။ ဒီဘက်ခေတ်လို မိုဘိုင်းဖုန်းက လူတိုင်းအတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ မိုဘိုင်းဖုန်းကနေရနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို သိရှိထားဖို့လည်းလိုပါတယ်။

၁။ ကင်ဆာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှာ ဖော်ပြထားချက်အရ မိုဘိုင်းဖုန်းတွေဟာ မိုဘိုင်းဆက်သွယ်ရေးစခန်းတွေက ထုတ်လွှင့်တဲ့ လှိုင်းနှုန်းထက် အဆတစ်ထောင် ပိုများပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်စီကလည်း ရေဒီယိုလှိုင်းကို လူတွေအတွက် ကင်ဆာဖြစ်စေနိုင်တဲ့အရာဖြစ်တယ်လို့ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

၂။ အိပ်စက်ခြင်းဆိုင်ရာရောဂါ (Sleep disorders)

ညဘက်ဆိုတာ chatting ထိုင်သူတွေအတွက် အကြိုက်ပေ့ါ။ ဒီအပြုအမူဟာ အိပ်ရေးမဝဖြစ်ခြင်းရဲ့ အဓိကအကြောင်းအရင်းပါ။ ညအချိန်မတော် မိုဘိုင်းဖုန်း မြည်သံ၊ တုန်ခါသံနဲ ့သန်းခေါင်ယံအထိ မိုဘိုင်းဖုန်းအလွန်အကျွံအသုံးပြုခြင်းဟာ လူတစ်ယောက်ရဲ့ sleep pattern ကို အနှောင့်အယှက်ပေးနိုင်ပြီး ညလယ်မှာ လန့်နိုးတာတို့အိပ်မရတာတို့ဖြစ်စေနိုင်ပါတယ်။

၃။ မတော်တဆမှုဖြစ်နိုင်ခြေများခြင်း
ဒါကတော့ လူတိုင်းသိမှာပါ။ ကားမောင်းနေရင်းဖြစ်ဖြစ်၊ လမ်းကူးနေရင်းဖြစ်ဖြစ် မိုဘိုင်းဖုန်းအသုံးပြုနေမယ်ဆိုရင်တော့ မတော်တဆမှုဖြစ်နိုင်ချေက အလွန်များပါတယ်။ WHO ရဲ့အဆိုအရ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့် ယာဉ်မတော်တဆမှုက တခြားယာဉ်မတော်ဆမှုထက် ၃-၄ ဆ ပိုများတယ်လို့ သိရပါတယ်။

၄။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါများ
ဆဲလ်ဖုန်းတွေက ထုတ်လွှတ်လိုက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်ကြောင့် နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ကျူးမားအကျိတ်ရောဂါဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ကြိုးမဲ့မိုဘိုင်းဖုန်းတွေက ထုတ်လွှင့်တဲ့ ရောင်ခြည်ဟာ နှလုံး ရဲ့ လုပ်ဆောင်မှုကို မူမမှန်ဖြစ်စေတယ်လို့ဆိုပါတယ်။

၅။ မျိုးမအောင်ခြင်း
ယောင်္ကျားလေးတွေအတွက် အထူးစိုးရိမ်စရာပါ။ လေ့လာမှုတွေကရဲ့ သက်သေအထောက်အထားအရ မိုဘိုင်းဖုန်းရေဒီယိုလှိုင်းဟာ ကြွက်ထီးတွေရဲ့ သုတ်ကောင်ပါဝင်မှုပမာဏကို လျော့နည်းစေကြောင်း တွေ့ရပါတယ်။

၆။ အကြားအာရုံထိခိုက်ခြင်း
ဆဲလ်ဖုန်းတွေကထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကြာရှည်ထိတွေ့ခြင်းက အကြားအာရုံအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ တစ်နေ့ကို နှစ်နာရီလောက် ဖုန်းပြောတဲ့လူတွေဟာ သာမန် ၁ဝ မိနစ် မိနစ် ၂ဝ ပြောတဲ့လူတွေထက် အကြားအာရုံထိခိုက်နိုင်ချေ ပိုများပါတယ်။

၇။ မျက်စိနှင့်ဆိုင်သောရောဂါများ
စူးရှတောက်ပတဲ့ မိုဘိုင်းဖုန်းဖန်သားပြင်တွေက စာလုံးသေးသေးလေးတွေကို အာရုံစိုက်ကြည့်ရတာက သင့်ရဲ့မျက်လုံးအား အရမ်းစိုက်ရပြီး မျက်စိနီမြန်းခြင်း၊ မျက်ရည် ခန်းခြောက်ခြင်းနဲ့မျက်စိအာရုံကြောချို့ယွင်းခြင်းတို ့ဖြစ်စေနိုင်ပါတယ်။

၈။ အရေပြားဓာတ်မတည့်မှုရောဂါ
မိုဘိုင်းဖုန်းတွေမှာ ပုံစံအရဆွဲဆောင်မှုရှိအောင်လို့သတ္တုအခွံတွေကို အသုံးပြုတတ်ကြပြီး နစ်ကယ်၊ ခရိုမီယံနဲ့ကိုဗော့သတ္တုတွေက ဆဲလ်ဖုန်းကြောင့် ဖြစ်တဲ့ အရေပြားနီပြီး ရောင်အန်းနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၉။ ကူးစက်ရောဂါများ
သန့်စင်ခန်းထဲမှာ မိုဘိုင်းဖုန်းအသုံးပြုတတ်ပါသလား။ ဆဲလ်ဖုန်းဆိုတာ သင့်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပေးရုံမက ကူးစက်နိုင်တဲ့ရောဂါပိုးမွှားလေးတွေကိုလည်း သယ်ဆောင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အော့အန် တာတို့ဖြစ်စေနိုင်တဲ့ အီကိုလိုင်း(E.coli) လို့ပိုးမွှားတွေအတွက် ဆဲလ်ဖုန်းက နတ်ဘုံနတ်နန်းပါပဲ။

၁ဝ။ စိတ်ဖိစီးမှု
မိုဘိုင်းဖုန်းတွေကို ၂၄ နာရီ တစ်ပတ်လုံး အရူးအမူးသုံးတတ်ကြတဲ့ လူတွေဟာ စိတ်ဖိစီးမှုပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။ စိတ်ဖိစီးမှုဆိုတာ တခြားရောဂါတွေ ဝင်လာဖို့အတွက် အဓိကအကြောင်းအရာတစ်ခုပါပဲ။ ဒါကြောင့် ဖုန်းတွေကို သဲကြီးမဲကြီး မရပ်မနားသုံးတာမျိုး မလုပ်သင့်ဘဲ ပုံမှန်လောက်ပဲ သုံးသင့်သလိုသုံးနေချိန်မှာလည်း မျက်တောင်ခဏခဏခတ်ပေးတာမျိုး၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးတာမျိုးလုပ်သင့်ပါတယ်။

Ref:
TrendMyanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18