Print

(STDs) ခေါ် လိင်ဆိုင်ရာကူးစက်ရောဂါ

  14-Jan-2019
Preview Image

လိင်ဆိုင်ရာကူးစက်ရောဂါများက အမျိုးသမီးများအတွက်စိုးရိမ်ဖွယ် ပြဿနာများဖြြစ်ခင်း ယောင်္ကျား၊ မိန်းမမရွေး (STDs) ဖြစ်နိုင်သည်။ သို့သော်ယောင်္ကျားများထံမှ မိန်းမများထံသို့ ကူးစက်နိုင်မှုသည် မိန်းမများထံမှ ယောင်္ကျားများထံသို့ ကူးစက်နိုင်မှုထက် လွယ်ကူသည်။ အမျိုးသားများ၏ ရောဂါပိုးပါရှိသည့် သုက်ရည်သည် မိန်းမအင်္ဂါအတွင်းကျန်ရှိနေသည်။ ထို့ကြောင့်အမျိုးသမီး၏ သားဥပြွန်၊ သားဥအိမ်နှင့် သားအိမ်တို့၏ ရောဂါဖြစ်ပွားမှု ပို၍များစေသည်။ (STDs) များသည် အမျိုးသမီးများ၏ ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ပွားလေ့ရှိခြင်းကြောင့် ယောင်္ကျားများ လောက်ရောဂါလက္ခဏာတွေ့ရှိရန် မလွယ်ကူပါ။ 

အဘယ်ကြောင့် အမျိုးသမီးများစွာတွင် (STDs) ဖြစ်နေခြင်း
အမျိုးသမီးများသည် STDs မဖြစ်အောင် ကာကွယ်ရန်ခက်ခဲလေ့ရှိသည်။ များသောအားဖြင့် အမျိုးသားအဖော်က တောင်းဆိုပါက လိင်ဆက်ဆံကြရသည်။ ၎င်းတို့သည် ထိုအမျိုးသားမှာ အခြားအမျိုးသမီးနှင့် လိင်ဆက်ဆံခဲ့ခြင်းရှိမရှိ (သို့) STDs ရှိမရှိမသိနိုင်ပါ။ အမျိုးသမီးသည် မိမိ၏ အဖော်အားကွန်ဒုံးသုံးရန် ဆွဲဆောင်နိုင်ခြင်းမရှိတတ်ပါ။

သင်သည် အောက်ပါလက္ခဏာတစ်ခုခု (သို့ ) လက္ခဏာများရှိနေပါက STD ရှှိနေနိုင်သည်။
• မွေးလမ်းကြောင်းမှ သာမန်မဟုတ်သော အရည်များဆင်းခြင်း။
• ဝမ်းဗိုက်အောက်ပိုင်းနာနေခြင်း။
• မိန်းမအင်္ဂါယားနာ (သို့) အဖုအပိန့် (သို့) အနာဖြစ်ခြင်း။
STDs ရောဂါရှိအမျိုးသမီး ထက်ဝက်ကျော်သည် STDs ရောဂါလက္ခဏာများလုံးဝမရှိပါ၊

STD ဖြစ်ရန် အန္တရာယ်ရှှိနိုင်သော အမျိုးသမီးများ

မည်သည့်လက္ခဏာမှ မပေါ်နေသော်လည်း STD ဖြစ်နိုင်ရန် အန္တရာယ်ရှိသူများမှာ-
• မိမိအဖော်၌ STD ရောဂါလက္ခဏာပေါ်နေခြင်း၊ ထိုသူထံမှ ကူးစက်ပြီးဖြစ်နေနိုင်သည်။
• မိမိ၌အဖော်တစ်ဦးမကရှိနေခြင်း အဖော်များလေသူတို့မှှ ရောဂါကူးစက်ရန် အခွင့်များလေဖြစ်သည်။ တစ်ယောက်မဟုတ် တစ်ယောက်ထံမှရောဂါကူးစက်နိုင်သည်။
• မိမိအဖော်၌ အခြားအဖော်များ ရှိနေသည်ဟု သံသယဖြစ်ခြင်း။ ဥပမာ - မိမိအဖော်သည် အိမ်နှင့်ဝေးသော နေရာတွင် နေရခြင်းကြောင့် STD ကူးစက်ရန် အခွင့်များသကဲ့သို့ မိမိဆီသို့ တစ်ဆင့်ပြန်၍ ကူးစက်ရန်လည်း အခွင့်များလာသည်။

STD ရှိနေပါက ဆောင်ရွက်ရန် သင့်ထံ STD ရှိနေပါက (သို့) ရှိနေသည်ဟုထင်ပါက-
• ဆေးကုသမှုစောစီးစွာခံယူပါ။
• အလွန်နာမကျန်းဖြစ်သည်အထိ မစောင့်ပါနှင့်။
• သင်ဆေးကုနေချိန်တွင် အဖော်အားတစ်ချိန်တည်းပင် ဆေးကုစေပါ။
• ရောဂါလက္ခဏာများ စ၍ပျောက်သွားသော်လည်း ဆေးကိုကုန်ဆုံးသည် အထိသောက်ပါ။
• အန္တရာယ်နည်း လိင်ဆက်ဆံမှုကို ုကျင့်သုံးပါ။ မိမိကိုယ်ကိုမကာကွယ်ပါက STD
နောက်တစ်မျိုး (သို့) HIV/ AIDS အချိန်မရနိုင်သည်။ Syphilis ရောဂါရှိမရှိ ဆေးစစ်မှု ခံယူပါ။ STD တစ်မျိုး ဖြစ်နေပါကအခြား STD တစ်မျိုးသည်လက္ခဏာမပြဘဲ ဖြစ်နေတတ်သည်။ HIV ရှိမရှိ ဆေးစစ်ရန်စဉ်းစားသင့်သည်။

Ref: WEAVE
စွမ်းဆောင်နိုင်မှုမြင့်မားရေးအတွက် အမျိုးသမီးများအားပညာပေးရေးအဖွဲ့

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18