Print

ခါးနာခြင်း

  14-Jan-2019
Preview Image


လူတစ်ယောက်သွားလာ လှုပ်ရှားနိုင်ရန် ဟန်ချက်ညီညာ ထိန်းထားသော အဓိကတာဝန်ကို လုပ်ဆောင်ပေးသော ခါးအတွက် ခါးဝေဒနာ တစ်ခုမဖြစ်ပေါ်စေရန် အရေးပါသော အချက်ပင်ဖြစ်ပါသည်။ တစ်နေ့တာအတွက် တစ်ပတ်တာအတွက် အထိုင်များခြင်း၊ လုပ်ငန်းဆောင်တာများ များပြားခြင်းကြောင့် အနှိပ်ခံခြင်းကို လုပ်ဆောင်ကြပါသည်။ တချို့ဆိုလျှင် အနှိပ်ခံရန် အနှိပ်ခန်း (ဇိမ်ခံရန်အတွက်) တစ်ခုကို သွားလာခြင်းသည်အတွက် လူနေမှုပုံစံတစ်ခုအနေဖြင့် သွားလာနေရခြင်းကို အရသာတစ်ခုအနေဖြင့် ခံယူနေကြပါသည်။ နှိပ်နယ်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာမည်ကိုပင် သတိပင်မရ နတ်စည်းစိမ်အလား အောက်မေ့လာကြသည့်အခါ ကြိမ်ဖန်များလာတော့ ကြွက်သားတွေနာ အရိုးအဆစ်တွေနာ ရောဂါဝေဒနာတွေ ပြလာကြတော့မှ ဝေဒနာတစ်ဖက် ဆေးတွေနဲ့ ဖက်ရသည့် လူအများအပြားရှိကြပါသည်။ သည်လို အဆိုးဆုံးကတော့ ခါးနာဝေဒနာစွဲကပ် ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါသည်။ လူအသက်လေးဆယ်ကျော်လျှင် အနင်းခံအနှိပ်ခံခြင်းကြောင့် ခါးနာတက်သည်ကို သတိပြုစေချင်ပါသည်။ လူအများအပြားသည် ထိုင်နေပေမဲ့ ခါးကို တည့်မတ်သည့်ပုံစံအဖြင့် မရှိကြပါဘူး ဆိုဖာအပေါ်ကြာကြာထိုင်မိလျှင် ပိုမိုဂရုစိုက်ရန်လိုအပ်ပါသည်။ ခါးဆစ်ရိုးအနေအထားကို တည့်မတ်ခြင်းမရှိသည့်အတွက် ကြာကြာထိုင်လာလျှင် ခါးနာခြင်းဖြစ်ပေါ်လာမည်ကို အထူးသတိထားပြီး တည့်မတ်စွာထိုင်ရန်အရေးကြီးပါသည်။

ခါးနာဝေဒနာအမျိုးမျိုးတွင် ထိခိုက်ဒဏ်ရာကြောင့် ခါးနာခြင်း၊ ခါးရိုးဆစ်တီဘီရောဂါကြောင့် ခါးနာခြင်း၊ ကိုယ်တွင်ကလီစာ တစ်ခုဖြစ်သော ကျောက်ကပ်လုပ်ဆောင်ချက်အားနည်းရောဂါကြောင့် ခါးနာခြင်း၊ အသက်အရွယ်ကြောင့် ခါးနာခြင်း၊ အထိုင်များသာ အလုပ်များနေ့စဉ်လုပ်ဆောင်ပြီး ကိုယ်လက်လေ့ကျင့်ခန်းနည်းပါးခြင်းကြောင့် ခါးနာခြင်း၊ အနင်းအနှိပ်ကြောင့် ခါးဆစ်အရိုးများ အကြောများညှပ်ခြင်းကြောင့် ခါးနာခြင်းပင်ဖြစ်ပါသည်။ အလေးပင်ကိုပင်မဆိုထားဘဲ သာမန်ခါးကုန်ပြီး ပုံမှန်အလေးချိန်မများသော ပစ္စည်းတစ်ခုကို မယူလိုက်သည့်အခါတွင် ခါးအနေအထား မမှန်သဖြင့် ခါးနာခြင်း ခါးစောင်းသွားခြင်းနှင့် ပြန်လည်မတ်တပ်ရပ်ဖို့ပင် မလွယ်ကူဘဲ ခါးနာဝေဒနာတစ်ခုအဖြင့် ရောက်ရှိသွားတက်ပါသည်။ ခါးနာဝေဒနာမဖြစ်ပေါ်စေရန်အတွက် မနိုင်သောအလေးဝန်ပစ္စည်းများကိုမယူခြင်း၊ ညောင်ညာအနိပ်ခံတက်သူများ ခါးနောက်ကျောပေါ်တွင်နှိပ်ခြင်း ခါးချိုးခြင်းလုပ်ဆောင်ခြင်း၊ အထိုင်များပြီးလမ်းလျှောက်မှုမပြုလုပ်ခြင်း၊ အိစက်ပျော့သော အိပ်ယာများပေါ်တွင် အိပ်စက်မှု များပြားခဲ့ခြင်းများကို အထူးသတိထား ရှောင်ရှားလုပ်ဆောင်သတိပြု သင့်ကြောင့်ရေးသားလိုက်ရပါသည်။

အသက်ရာကျော်ရှည်ပါစေ

Ref:
Mg Mandalay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18