Print

ကိုယ်ဝန်ဆောင်နှင့်ဆီးချိုသွေးချိုရောဂါ

  15-Jan-2019
Preview Image


ဆီးချိုသွေးချိုရောဂါရှိသူများ၌ သွေးတွင်သကြားဓာတ် များလွန်းနေသည်။ အသက်ငယ်ရွယ်စဉ် စတင်ဖြစ်ပေါ်ပါက ပို၍စိုးရိမ်စရာဖြစ်သည်။ များသောအားဖြင့် အသက် ၄ဝ ကျော်ပြီး အဝလွန်သူများတွင် ဖြစ်လေ့ရှိသည်။

လက္ခာများမှာ
• ရေငတ်ခြင်း။
• ဆီးမကြာခဏသွားခြင်းနှင့် များပြားစွာသွားခြင်း။
• မောပန်းနွမ်းနယ်ခြင်း။
• ဆာလောင်ခြင်း။
• ကိုယ်အလေးချိန်လျော့ကျခြင်း
• မွေးလမ်းကြောင်းတွင် မကြာခဏပိုးဝင်ခြင်း။


စိုးရိမ်ဖွယ်ရာနောက်ပိုင်းလက္ခဏာများ

• အရေပြားယားယံခြင်း။
• မျက်စိမှုံဝါးခြင်း။
• ခြေဖျားလက်ဖျားများ ထုံကျဉ်ခြင်း။
• ခြေထောက်တွင် အနာများမကျက်ခြင်း။
• သတိလစ်ခြင်း (ပြင်းထန်သော အခြေအနေတွင်ဖြစ်ခြင်း)၊ ဆီးချိုသွေးချို ရောဂါရှိ၊ မရှိကို သိရှိရန် ကျန်းမာရေး လုပ်သားနှင့် တွေ့ဆုံ၍ ဆီးတွင်သကြားရှိ၊ မရှိစစ်ဆေးကြည့်ပါ။

ကုသခြင်း
အသက ်၄ဝ အောက်ဖြစ်ပြီး ဆီးချိုသွေးချို ရောဂါရှိပါက ကျန်းမာရေးလုပ်သားနှင့် ပြသကုယူသင့်သည်။ အသက် ၄ဝ ကျော်ပါက အစားအသောက်ကို ဆင်ခြင်ပြီး ရောဂါကိုထိန်းထားနိုင်သည်။

• အစာနည်းနည်းကို ခဏခဏစားပေးပါ။ သွေးထဲရှိသကြားဓာတ်ပမာဏကို မပြောင်းလဲအောင် ထိန်းပေးထားသည်။

• အချိုများစွာစားခြင်းကိုရှောင်ကြဉ်ပါ။

• အဝလွန်နေပါက ကိုယ်ခန္ဓာ အလေးချိန်လျော့အောင် ကြိုးစားပါ။

• အဆီများသေ ာအစားအစာများကို ရှောင်ရှားပေးပါ။ ဖြစ်နိုင်ပါက ရောဂါအခြေအနေ မဆိုးရွားလာစေရန် ကျန်းမာရေး လုပ်သားများနှင့် မှန်မှန်တွေ့ဆုံပြသသင့်သည်။

• အရေပြားတွင် အနာနှင့်ထိခိုက်ဒဏ်ရာ မဖြစ်စေရန် အစာစားပြီးတိုင်း သွားတိုက်ပေးခြင်း၊ အရေပြားကို သန့်ရှင်းစွာထားရှိခြင်းနှင့် ခြေထောက်ဒဏ်ရာမရအောင် ဖိနပ်အမြဲစီးခြင်း တို့ကိုပြုလုပ်နိုင်သည်။

• ခြေထောက်တွင် အနာရှိပြီး ရောဂါပိုးဝင်သော လက္ခဏာများ ( နီရဲနေခြင်း၊ ရောင်နေခြင်း၊ ပူနေခြင်း) ရှိပါက ကျန်းမာရေးလုပ်သားနှင့် တွေ့ဆုံပါ။

• ခြေထောက်များကို ဖြစ်နိုင်သမျှ ထောင်ထားပေးသင့်သည်။ ခြေထောက်သည် အရောင်ညိုနေပြီး ထုံကျဉ်လာပါက အလွန်ပင်အရေးကြီးပါသည် ဤလက္ခဏာများသည် ခြေထောက်တွင် သွေးလည်ပတ်မှုနည်းနေခြင်းကြောင့်ဖြစ်သည်။ သင့်အနီးအနား ပတ်ဝန်းကျင်တွင် ဆီးချိုသွေးချိုရောဂါအတွက် သင့်တော်သော ဆေးဘက်ဝင်သော အပင်အရွက်များရှိနိုင်သည်။ ကျန်းမာရေးလုပ်သားနှင့် တိုင်ပင်၍သုံးစွဲပါ၊

Ref: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18