Print

Sleep diorders (အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ)

  15-Jan-2019
Preview Image

အကျဉ်းရှင်းလင်းချက်

လူတစ်ယောက်အတွက်အိပ်စက်ခြင်းသည် အလွန်အရေးကြီးပါတယ်။ ကောင်းစွာမအိပ်စက်နိုင်ပါက ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာပြဿနာများတွင် နေ့ဘက်အလွန်အမင်းအိပ်ငိုက်ခြင်း၊ အိပ်နေစဉ်အသက်ရှူပုံမမှန်ခြင်း၊ အိပ်နေစဉ်ပုံမမှန် ကိုယ်ခန္ဓာလှုပ်ရှားမှုများခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်းတို့ပါဝင်ပါတယ်။

 

အဖြစ်များသော အိပ်စက်ခြင်းဆိုင်ရာပြဿနာများမှာ

(၁) အိပ်မပျော်ခြင်း

(၂) အိပ်နေစဉ်အသက်ရှူရပ်ခြင်း

(၃) ခြေထောက်ပုံမမှန်လှုပ်ရှားခြင်း သို့မဟုတ် အငြိမ်မနေခြင်း

(၄) အလွန်အမင်းအိပ်ခြင်း

 

(၁) အိပ်မပျော်ခြင်း (Insomnia)

အိပ်မပျော်ခြင်းသည် အတွေ့ရများသော အိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ အိပ်ပျော်ရန်ခက်ခဲခြင်း၊ တရေးနိုးလာပြီး ပြန်အိပ်ပျော်ရန်ခက်ခဲခြင်း၊ အစောကြီးနိုးနေခြင်း၊ နေ့ခင်းဘက်တွင် နုံးချိခြင်း၊ အိပ်ငိုက်ခြင်း၊ စိုးရိပ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ အိပ်စက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရခြင်းများသည် အိပ်မပျော်ခြင်း၏ လက္ခဏာများဖြစ်သည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် တစ်နေ့ကိုအိပ်ချိန် ၇-၈ နာရီခန့်ရှိရန်လိုအပ်ပါတယ်။

 

အိပ်မပျော်ခြင်းကိုဖြစ်စေနိုင်သော အကြောင်းရာများစွာရှိပါတယ်၊

၁။ စိုးရိမ်စိတ်များခြင်း၊ စိတ်ကျခြင်း

၂။ ခရီးသွားရခြင်း (ဥပမာ-နိုင်ငံရပ်ခြားသို့ခရီးသွားရလျှင် ဇီဝနာရီပြောင်းလဲမှုဖြစ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်)

၃။ အအိပ်အနေနည်းခြင်း( အိပ်ချိန်မမှန်ခြင်း၊ နေ့လည်ဘက်အိပ်ခြင်း၊ အိပ်ယာထဲတွင် ကွန်ပျူတာသုံးခြင်း၊ ဖုန်းအသုံးပြုခြင်း)

၄။ ညနေနှောင်းပိုင်းတွင် အစားအလွန်အကျူးစားခြင်း၊ ကော်ဖီနှင့်အခြားကဖင်းဓာတ်ပါသော အစားအသောက်များစားခြင်း ၊အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း

၅။ ဆေးဝါးများသောက်သုံးခြင်း (ဥပမာ- စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အကိုက်အခဲပျောက်ဆေးများ၊ နှာစေးပျောက်ဆေးများ၊ အဆီကျဆေးများ၊ ကဖင်းဓာတ်ပါသောဆေးများ)

၆။ ရောဂါဒေနာများ (နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရသူများ၊ ကင်ဆာရောဂါ၊ ဆီးချို၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်အက်ဆစ်များသောရောဂါ၊ သွိုင်းရွိုက်ဟော်မုန်းများသောရောဂါ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါများ)

၇။ အသက်အရွယ်ကြီးသူများ

နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် အလုပ်နှင့်ကျောင်းများတွင် စွမ်းဆောင်ရည်လျော့ကျခြင်း၊ ကားမောင်းနေစဉ် မတော်တဆမှုအဖြစ်များခြင်း၊ စိတ်ကျန်းမာရေးပြဿနာများဖြစ်ခြင်း၊ နာတာရှည်ရောဂါများဖြစ်ပွားလာနိုင်ခြင်း (ဥပမာ- သွေးတိုး၊နှလုံးရောဂါ) များဖြစ်လာနိုင်ပါတယ်။ရောဂါဖြစ်ပွားသည့် အကြောင်းရင်းများကို ကုသရန်လိုအပ်ပါတယ်။ ဆေးဝါးများဖြင့်ကုသခြင်း၊ အပ်စိုက်ကုခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စသည့်ကုထုံးပေါင်းများစွာရှိပါတယ်။ ကာကွယ်ခြင်းများအနေဖြင့် အိပ်ချိန်သတ်သတ်မှတ်မှတ်ထားပါ၊ သင့်တော်သောကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊သောက်နေသောဆေးများကိုစစ်ဆေးပါ၊ေ န့လည်ဘက်အိပ်ခြင်းကိုရှောင်ကြဉ်ပါ။ ကော်ဖီနှင့်ကဖင်းဓာတ်ပါသော အစားအသောက်များကို ရှောင်ပါ။ ဆေးလိပ်၊ အရက်ရှောင်ပါ။ အိပ်ခါနီးအစားစားခြင်းကိုရှောင်ပါ။ အိပ်ခါနီး ရေနွေးဖြင့်ရေချိုးပေးခြင်း၊စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။

 

(၂)  အိပ်နေစဉ်အသက်ရှူရပ်ခြင်း (Sleep apnea)

အိပ်ပျော်နေစဉ် ရုတ်တရက်အသက်ရှူရပ်သွားခြင်းသည် မပေါ့ဆသင့်သော အိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ ကျယ်လောင်စွာဟောက်တတ်သော သူများတွင် အသက်ရှူရပ်ခြင်းဖြစ်နိုင်ပါတယ်။ ထိုသူများတွင် မနက်အိပ်ယာထလာသည့်အချိန်တွင် ပင်ပမ်းနွမ်းနယ်နေတတ်ကြသည်။


အဓိကအမျိုးအစား ၃ မျိုးရှိသည်။

(၁) Obstructive sleep apnea

လည်ပင်းကြွက်သားများ အားလျော့ခြင်းကြောင့်ဖြစ်သည်။ အိပ်နေစဉ်လည်ပင်းကြွက်သားများ အားလျော့လာပါက  အသက်ရှူလမ်းကြောင်းကျဉ်းမြောင်းကာ အသက်ရှူမဝခြင်းများ ဖြစ်လာနိုင်ပါတယ်။ ထိုအခါ ဦးနှောက်ထဲရှိ အောက်ဆီဂျင်ပမာဏ တဖြည်းဖြည်းလျော့ကျလာပြီး ရုတ်တရက်လန့်နိုးလာခြင်းဖြစ်သည်။ ထိုသို့လန့်နိုးလာခြင်းသည် အချိန်ခဏတာမျှသာကြာပြီး အများအားဖြင့်မမှတ်မိတတ်ပါ။ ဖြစ်စေနိုင်သောအကြောင်းရာများထဲတွင် အဝလွန်ခြင်း၊  လည်ပင်းအရွယ်အစားကြီးခြင်း၊ ပုံမှန်ထက်အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ အမျိုးသားဖြစ်ခြင်း၊ အသက်ကြီးသူများ၊ မျိုးရိုးရှိသူများ၊ အရက်၊ဆေးလိပ်သောက်သုံးသူများပါဝင်ပါတယ်။


(၂) Central sleep apnea

အသက်ရှူကြွက်သားများကိုထိန်းချုပ်သည့် အချက်ပြမှုများကို ဦးနှောက်မှ မထုတ်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဖြစ်စေနိုင်သော အကြောင်းရာများထဲတွင် အသက်အရွယ်ကြီးခြင်း၊ နှလုံးရောဂါရှိသူများ၊ မူးယစ်ဆေးဝါးသုံးသူများ၊ လေဖြတ်ထားသူများပါဝင်ပါတယ်။



(၃) Complex sleep apnea symdrome--အထက်ဖော်ပြပါအကြောင်းရာနှစ်မျိုးပေါင်းဖြစ်တာဖြစ်ပါတယ်။

ရောဂါလက္ခဏာများမှာ ကျယ်လောင်စွာဟောက်ခြင်း၊ အိပ်နေစဉ်အသက်ရှူရပ်ခြင်းများကို ဘေးနားအိပ်နေတဲ့သူမှ သတိထားမိခြင်း၊ အသက်ရှူကျပ်၍နိုးလာခြင်း၊ အာခေါင်ခြောက်၊ လည်ချောင်းများနာ၍နိုးလာခြင်း၊ မနက်အိပ်ထထချင်း ခေါင်းကိုက်နေခြင်း၊နေ့လည်ဘက်အိပ်ငိုက်ခြင်း၊အာရုံမစိုက်နိုင်ခြင်းများဖြစ်နိုင်ပါတယ်။ နေ့လည်ဘက်အိပ်ငိုက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးရောဂါများ၊ ဆီးချိုရောဂါ၊ဇီဝရုပ်ဖျက်ပျက်မှုပုံမမှန်ခြင်း၊ ခွဲစိတ်ကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ အသည်းရောဂါများနှင့့်လည်း   ဆက်စပ်နေတတ်ပါတယ်။ အသက်ရှူအထောက်အကူပြုကိရိယာများတပ်ဆင်ကုသခြင်း၊ အသက်ရှူလမ်းကြောင်းကျဉ်းစေသောအရာများကို ခွဲစိတ်ကုသခြင်းများဖြင့်ကုသနိုင်သည်။ေ နာက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ကိုယ်အလေးချိန်ကိုလျှော့ချပါ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ဘေးတစောင်းအိပ်ပါ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကိုရှောင်ပါ၊ နှာစေးနှာပိတ်ဖြစ်နေပါက စောစီးစွာကုသပါ၊ ပြင်းထန်လာပါက ဆရာဝန်နှင့်အမြန်ဆုံးပြပါ။

 

(၃) ခြေထောက်ပုံမမှန်လှုပ်ရှားခြင်း (Restless leg symdrome)

Restless leg syndrome သည်  သက်တောင့်သက်သာမရှိသောကြောင့် အလိုအလျောက်ခြေထောက်လှုပ်နေလိုခြင်းဖြစ်သည်။ ညနေပိုင်းနှင့် ညပိုင်းများ၊ ထိုင်နေသောအချိန်များ၊ လဲလျောင်းနေသောအခြေအနေများတွင် အဖြစ်များသည်။ ညဘက်အိပ်နေသော အချိန်ခြေထောက်လှုပ်ရှားမှုနှင့်လည်း ဆက်စပ်မှုရှိသည်၊ လူတော်တော်များများသည် ခြေထောက်များတွင် ပုံမှန်မဟုတ်သော ခံစားမှုများ ခံစားနေရသည် ဟုသာပြောတတ်ကြသည်။ြ ဖစ်ပွားရသည့်အကြောင်းရင်းကို အတိအကျမသိရပေ။ ဦးနှောက်ရှှိ dopamine ဟုခေါ်သော ပစ္စည်းများ မညီမမျှဖြစ်လာသောအခါ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ခြင်းပုံမမှန်မှုများကြောင့်ဖြစ်တယ်ဟု ပညာရှင်များက ယူဆကြပါတယ်။ မျိုးရိုးလိုက်တတ်သည်၊ ကိုယ်ဝန်ဆောင်သည်များတွင် အဖြစ်များပါတယ်။ အာရုံကြောအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများနှင့် တွဲတတ်ပါတယ်။ေ နာက်ဆက်တွဲအနေဖြင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ရေးပျက်ခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် နေ့ဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်းများခံစားရနိုင်ပါတယ်။


ဖြစ်ပွားသည့်အကြောင်းရင်းကို ကုသရန်လိုအပ်ပါတယ်၊

လိုအပ်လျှင် သံဓာတ်အားဖြည့်ဆေးများ၊ဦးနှောက်ရှိ dopamine အထွက်များစေသောဆေးများ၊calcium channel ကိုသက်ရောက်စေသောဆေးများ၊ opiod များ၊ အိပ်ဆေးများနှင့် ကုသရတတ်ပါတယ်။ရေနွေးနှင့်ရေချိုးပေးပါ၊ ခြေသလုံးကိုနှိပ်နယ်ပေးပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများ လုပ်ပေးပါ၊ အိပ်ချိန်သတ်သတ်မှတ်မှတ်ထားပေးပါ၊ ကော်ဖီနှင့်ကဖင်းဓာတ်ပါသော အစားအစာများကို ရှောင်ကြဉ်ပါ။

 

(၄)  အအိပ်လွန်ခြင်း ( Narcolepsy)

နာတာရှည်အိပ်စက်ခြင်းဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး၊နေ ့ဘက်တွင် ရုတ်တရက်အိပ်ပျော်သွားခြင်း နှုံးခြင်းများ ဖြစ်နိုင်ပါတယ်။

 

Narcolepsy သည် Cataplexy ဟုခေါ်သော ရုတ်တရက်ကြွက်သားများ အကြောသေသွားခြင်းနှင့် တွဲတတ်ပါတယ်။ ပြင်းထန်သော စိတ်ခံစားမှုများကြောင့်လည်း အကြောသေခြင်းများဖြစ်စေနိုင်သည်။ (ဥပမာ ရယ်မောခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်း)

ရောဂါလက္ခဏာများသည် အသက် ၁ဝ-၂၅ အရွယ်တွင် စတွေ့ရတတ်သည်။ ရောဂါရှိသူများသည် နေ့ဘက်တွင် မည့်သည့်နေရာ၊ မည့်သည့်အချိန်တွင်မဆို အိပ်ပျော်သွားတတ်ကြသည်။ စကားပြောနေရင်း၊ အလုပ်လုပ်နေရင်းလည်း အိပ်ပျော်သွားတတ်ကြသည်။ အိပ်ပျော်ခြင်းသည် မိနစ်အနည်းငယ်၊ နာရီဝက်ခန့်ကြာသွားတတ်သည်။ ပြီးလျှင်ရုတ်တရက်ပြန်နိုးလာပြီး ခဏကြာလျှင်ပြန်အိပ်ပျော်သွားပြန်သည်။ လူနာမှာတစ်နေ့တာလုံး လန်းဆန်းမှုမရှိဘူးဟု ခံစားနေရတတ်ပါတယ်။

ရုတ်တရက်ကြွက်သားများ အကြောသေသွားခြင်းများနှင့်လည်း တွဲတတ်ပါတယ်။ စကားပြောလေးလာခြင်း၊ ခြေလက်များလေးလာခြင်းအပြင်၊ လုံးဝလှုပ်လို့မရတော့သည်အထိလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်ထိုသို့ဖြစ်ခြင်းသည် စက္ကန် ့ပိုင်း၊ မိနစ်ပိုင်းလောက်ပဲကြာတတ်ပါတယ်။ ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာသောအချိန်တွင်လည်း အကြောသေခြင်းများဖြစ်သွားနိုင်ပါတယ်။ ဥပမာ-ရယ်မောခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ ့ခြင်း၊ အံ့သြခြင်း၊ ဒေါသထွက်ခြင်း။ ရယ်မောနေရင်း ရုတ်တရက်ခြေထောက်များပျော့ခွေကျသွားခြင်း၊ ခေါင်းငိုက်စိုက်ကျသွားခြင်းများ ဖြစ်တတ်သည်။

အိပ်နေရင်းခြေလက်လှုပ်ရှားလို ့မရခြင်း၊ အိပ်ယာနိုးသည့်အချိန်တွင် ခေတ္တမျှစကားပြော၍မရခြင်းများသည်လည်း တွဲ၍ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် စက္ကန့်ပိုင်းမျှသာကြာတတ်သည်။ REM အဆင့်အိပ်စက်ခြင်းတွင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှား၍ မရခြင်းနှင့်လည်းမှားတတ်ပါတယ်၊

ဖြစ်ပွားရသည့်အကြောင်းရင်းမှာ အတိအကျမသိပေ။ ဖြစ်နိုင်သောအကြောင်းရင်းအများအပြားရှိပါတယ်။ ရောဂါဖြစ်ပွားသည့် လူတော်တော်များများတွင် ဦးနှောက်မှထွက်သော Hypocretin ပမာဏနည်းနေသည်ကိုတွေ့ရတတ်သည်။ Hypocretin သည် လူတစ်ယောက်နိုးထခြင်းနှင့် REM အဆင့်အိပ်စက်ခြင်းကို ထိန်းညှိပေးသောပစ္စည်းဖြစ်သည်။ Hypocretin ဘာကြောင့်နည်းသွားလဲကိုတော့ အတိအကျမသိရပေ။ ပညာရှင်များကတော့ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ပုံမမှန်တုန့်ပြန်မှုများကြောင့်ဖြစ်သည်ဟု ယူဆကြပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပတ်ဝန်းကျင်၏ အမြင်မှားခြင်းကိုခံရနိုင်သည်။ သင့်အလုပ်နှင့် ကျောင်းတွင် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ စွမ်းဆောင်ရည်ကျနိုင်ပါတယ်။ မတော်တဆမှုများဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းများနှင့်တွဲ၍ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ရေးသုခကျဆင်းနိုင်ပါတယ်။

ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းကို ကုသရန်လိုအပ်သည်။ ဆေးဝါးများဖြင့်ကုသခြင်း၊ လူနေမှုပုံစံပြောင်းလဲရန်လိုအပ်သည်။ (အိပ်ချိန်သတ်သတ်မှတ်မှတ်ထားခြင်း၊ နေ့ခင်းဘက်တရေးတမောအိပ်ခြင်း၊ အရက်နှင့် ဆေးလိပ်ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်းများ ပြုလုပ်ပေးပါ)

 

Translated by Khin JyuJyu Ko

Ref: Mayo Clinic


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18