Print

တုပ်ကွေး ( Influenza )

  20-Jan-2019
Preview Image


ကူးစက်မြန်ဗိုင်းရပ်စ် ရောဂါတစ်မျိုး။ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်လေ့ရှိသည်။ တစ်ကမ္ဘာလုံး အနေအထားအရမူ ဆောင်းကာလတွင် ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားတတ်သည်ဟု ခံယူထားသည်။ တုပ်ကွေးဖြစ်နေသူ နှာချေ၊ ချောင်းဆိုးရာက ကူးစက်တတ်ပါသည်။ ထို့အတူ တုပ်ကွေးဖြစ်နေသူ သုံးထားသော လက်ကိုင်ပုဝါ၊ တဘက် (ထိုသူနှာချေ၊ ချောင်းဆိုးသည့်အခါ ပါးစပ်၊ နှာခေါင်း စသည်တို့ကို အုပ်ထားသည့်အရာ) များကို ထိတွေ့ကိုင်တွယ် အသုံးပြုမိရာကလည်း ကူးနိုင်သေသည်။ ထိုသို့ တုပ်ကွေးဖြစ်၍ နှာချေ၊ ချောင်းဆိုးသူ အနီးတွင် နေမိ၍လည်းကောင်း၊ ထိုသူ၏ လက်ကိုင်ပုဝါ၊ တဘက်ယူသုံးမိ၍ လည်းကောင်း ၂၄ နာရီ ၄၈ နာရီအကြာတွင် ချမ်းလာပြီးဖျားမည်၊ ခေါင်းကိုက်မယ်၊ ချောင်းခြောက်ဆိုးမည်၊ ကိုယ်လက်ကိုက်ခဲနာကျင်မည်၊ မျက်စိကိုက်မည်၊ လည်ချောင်းနာမည်၊ နှာစေးမည်၊ ခြေကုန်လက်ပန်း ကျချင်မည်။ ထိုဝေဒနာများကို ခံစားရပြီး လေးငါးရက် အကြာတွင် ပြန်နေကောင်းလာသည့်တိုင် အားအင်ကုန်ခမ်း နွမ်းနယ်၊ ခံတွင်းပျက်နိုင်သည်။ ရက်သတ္တပတ်အတန်ကြာ ချောင်းဆက်ဆိုးနေနိုင်သေးသည်။

ဆရာဝန်နှင့် အရင်ပြရန်

• မှည့်ရွဲနေသော သက်ကြီးရွယ်အို နှလုံး (သို့) အဆုတ်ရောဂါအခံ၊ သို့မဟုတ် ဆီးချိုကဲ့သို့ နာတာရှည် ရောဂါ တစ်ရပ်ရပ်ရှိနေ၊ ဖြစ်နေပြီ။ တုပ်ကွေးဝင်သည်။ သို့မဟုတ် ရာသီအကူးအပြောင်းတွင် တုပ်ကွေးဆန်ဆန် အထက်ပါလက္ခဏာများဖြင့် ဖျားပါက ဆရာဝန်နှင့် အရင်ဦးဆုံးပြပါ။

မိမိဘာသာ ဆောင်ရွက်ရန်

တုပ်ကွေးဖျားကို မတားဆီးနိုင်လင့်ကစား အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါက ဆိုးရွားစွာခံစားနေရသော ဝေဒနာများ သက်သာရာရနိုင်သည်။
• ရက်အတန်ကြာ လုံးဝအနားယူပါ။ မလိုအပ်သည့် ကိစ္စမှန်သမျှ လုံးဝမလုပ်ရ။ ဝေဒနာသက်သာလာမှ လုပ်စရာရှိသည်တို့ကို တစ်စတစ်စ တိုးတိုးလုပ်သွားပါ။
• ရေ သို့မဟုတ် အရည်ပူပူနွေးနွေး၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားဖျော်ရည်မှအပ ကျန်အရည်များကို အကြိမ်များများ သောက်ပေးနိုင်ပါသည်။ ခံတွင်းမလိုက်၍ ထမင်း၊ အဖတ် မစားလိုပါက အာဟာရ ဖြစ်စေသည့် ကြက်စွပ်ပြုတ်ရည်၊ ကြက်ပေါင်းရည်များကိုသောက်ပေးပါ။
• အကိုက်အခဲပျောက်ဆေး သို့မဟုတ် အအေးမိနှာစေး၊ ချောင်းဆိုး ပျောက်ဆေးများကို သောက်နိုင်သည်။
• နှခေါင်းပိတ်ပါက ရေနွေးကျိုက်ကျိုက်ဆူထဲတွင် ပရုတ်ဆီထည့် ရှူနိုင်သည်။
• အရည်ပူပူ နွေးနွေးနှင့်ဖျော် သောက်ပေးသင့်သည်။
• ဆေးလိပ်မသောက်ရ။ ကိုယ့်အနီးအပါးတွင် မည်သူမျှ ဆေးလိပ်လာမသောက်စေရ။

သောက်သင့်သည့်ဆေးများ

• ပါရာစီတမောလ် သို့မဟုတ် အိုင်ဗျူပရိုဖဲန်

အအေးမိဖျားနာ သက်သာဆေးများ

နှာစေး၊ အဖျား၊ အကိုက်အခဲ စသည့် ဝေဒနာများသက်သာစေမည့် ပါရာစီတမောလ်ကဲ့သို့ အကိုက်အခဲ၊ အဖျားသက်သာဆေး၊ နှာရည်ယို၊ နှာခေါင်းပိတ် သက်သာဆေးများ ပါတတ်သည်။ အသက်ရှူရ မခက်စေရန်ဟုဆိုသည်။ အချို့တွင် ကဖင်းန်ပါတတ်သည်။ ထိုဆေးမျိုးများတွင် ပါဝင်တွဲစပ်ထားသော အရာများကို ဆေးမသောက်မီ အရင်ဖတ်ကြည့်သင့်သည်။ ထိုကဲ့သို့သော ဆေးများနှင့်အကိုက် အခဲပျောက်ဆေးများ တွဲမသောက်သင့်။ မူရင်းအတွဲအစပ်ထဲတွင်ပါပြီးသား။ အပိုဆောင်း
သောက်မိသဖြင့် ဆေးချိန်များကာ အန္တရာယ်ဖြစ်နိုင်သည်။ 

သဘာဝပွဲတွေ့ဆေးများ သံပရာရည်နှင့် ပျားရည်

လည်ချောင်းနာ သက်သာလျော့ပါးစေသည်။ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပရာရည်၊ ပျားရည်နှင့် ရေနွေးကို အသုံးပြုရပါမည်။

သံပရာရည်၊ ပျားရည်ဖျော်နည်း

ရေနွေးပူပူ အချိုပန်းကန်လုံး တစ်လုံးစာပမာဏထဲသို့ ပျားရည် လက်ဖက်ရည်တစ်ဇွန်း၊ သံပရာရည် လက်ဖက်ရည်တစ်ဇွန်း စာစီထည့်ဖျော်ပါ။

ကာကွယ်နည်း

• တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနိုင်သည်။ အနောက်နိုင်ငံများတွင် ဆောင်ဦးပေါက်တွင် ထိုးပေးလေ့ရှိသည်။ အသက်ကြီးသူများ၊ ကိုယ်ခံအားနိမ့်သူများ သို့မဟုတ် နာတာရှည်ရောဂါ ခံစားနေရသူများ ထိုးထားသင့်ပါသည်။

ဆရာဝန်နှင့်ဆက်ပြပါ

• တစ်ပတ်အတွင်း အဖျားမကျ၊ ချောင်းဆိုးမပျောက်၊ ဝေဒနာမသက်သာလျှင်
• အသက်ရှူရခက် ရင်ကျပ်နှပ်၊ သလိပ်များ အစိမ်းရောင် ဖြစ်လာလျှင် သို့မဟုတ် ချောင်းဟန့်တိုင်း သွေးပါလာလျှင်။


Ref:
အိမ်သားသမားတော်
ဒေါက်တာသန်းထွဋ်


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18