Print

ဓမ္မတာကာလအတွင်း ချစ်တင်းနှောခြင်းနှင့်ပက်သက်၍ သိထားသင့်သည်များ

  21-Jan-2019
Preview Image


စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော်အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

၁။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောတာ အန္တရယ်ကင်းပါသလား။
ယောကျာ်းအများစုဟာ မိန်းမတွေဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောရင် သူတို့ကိုတစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်တတ်ကြတယ်။ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောတာဟာ အန္တရယ်မကင်းဘူးဆိုတာ လုံးဝမဟုတ်ဘူးဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါဖြစ်မှာကိုပဲ စိတ်ပူရမှာပါ။ ဓမ္မတာဖြစ်စဉ် မိန်းမတွေဟာ သွေးနဲ့အတူ၊ လမ်းကြောင်းထဲကထွက်လာတဲ့ ချောဆီအရည်တွေ ထွက်နေတဲ့အတွက်ကြောင့် လိင်မှတဆင့်ကူးစက်ရောဂါဟာ
ယောကျာ်းတွေဆီမှာ ဖြစ်နိုင်ခြေပိုပါတယ်။ လိင်မှတဆင့်ကူးစက်ရောဂါဟာ ဓမ္မတာဖြစ်စဉ် အချိန်မှာသာမက အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ဓမ္မတာဖြစ်စဉ်အချိန်တွင်းမှာ ချစ်တင်းနှောဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။

၂။ မိန်းမတွေဟာ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ် ပိုပြင်းပြကြတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ်ပြင်းပြတဲ့ မိန်းမအတော်များများရှိပါတယ်။ မိန်းမတစ်ဦးနဲ့ တစ်ဦးကွာတာကတော့ အခြေအနေပေးမှု အပေါ်မှာပဲကွာပါတယ်။ သာမန်အားဖြင့်တော့ မိန်းမတစ်ဦး ဟာဓမ္မတာဖြစ်စဉ် ကာမဆန္ဒ ပြင်းပြလာတတ်ကြတယ်ဆိုတာပါပဲ။

၃။ ချစ်တင်းနှောခြင်းဟာ PMS (ဓမ္မတာမဖြစ်ခင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာများ) နဲ့ပတ်သက်ပြီး ခံစားရမှုကို သက်သာစေပါတယ်။

ချစ်တင်းနှောခြင်းဟာ ရောဂါအတော်များများကို သက်သာစေတယ်ဆိုတာသိထားကြပြီး ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး အခြားအကိုက်အခဲ ဝေဒနာတွေကို သက်သာစေပါတယ်။ ချစ်တင်းနှောခြင်းဖြင့် PMS နဲ့ပတ်သက်ပြီး ခံစားရတာတွေကို သက်သာစေနိုင်တယ်ဆိုတာ မိန်းမအတော်များများက သိထားကြပါတယ်။ ဒါဟာ ဓမ္မတာဖြစ်စဉ် လိင်ဆက်ဆံသင့်ပါတယ်ဆိုတဲ့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်းတစ်ရပ်ပါပဲ။ ယောကျာ်းတစ်ယောက်အနေနဲ့ သိထားရမှာကတော့ မိန်းကလေးဟာ ဓမ္မတာဖြစ်စဉ်မှာ PMS နဲ့ ပတ်သက်ပြီး ခံစားရတာတွေကို မဖြေလျှော့ပေးဘူဆိုရင် မိန်းမဖြစ်သူရဲ့ စိတ်ဆိုးမာန်ဆိုး၊ စိတ်မပါလက်မပါ စတဲ့ PMS နဲ့ပတ်သက်တဲ့ လက္ခဏာတွေကိုတွေ့ရမှာပါ။

၄။ ဓမ္မတာဖြစ်စဉ်အတောအတွင်း ချစ်တင်းနှောရင် သန္ဓေမတည်ဘူးဆိုတာ မဟုတ်ဘူးလို့ သိထားပါ။

ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောရင် သန္ဓေမတည်ဘူးဆိုတဲ့ အယူအဆမှားတစ်ရပ်ကိုရှိပါတယ်။ မိန်းမအများစုကတော့ ဓမ္မတာဖြစ်ပြီး ၁၄ ရက်အကြာမှာ သန္ဓေတည်နိုင်ပါတယ်။ ဓမ္မတာဖြစ်ပြီး ၁၄ရက်အကြာအချိန်ဟာ သားဥကြွေပြီး မျိုးအောင်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ် ကိုယ်ဝန်ရဖို့ ခဲယဉ်းတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သိထားပါ။

Ref:
ဖိုးသူတော် 
Credit: သစ်ထူးလွင်


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18