Print

Swimmer’s ear (နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း)

  21-Jan-2019
Preview Image


အကျဉ်းရှင်းလင်းချက်

နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်းသည် နားစည်နှင့်နားကို ဆက်သွယ်ထားသော အပြင်ဘက်လမ်းကြောင်းတွင် ပိုးဝင်ရာမှ ဖြစ်ခြင်းဖြစ်သည်။ အဓိကအားဖြင့် ရေကူးပြီးသောအခါ နားအတွင်း ရေကျန်နေသောကြောင့် စိုစွတ်နေသည့် မျက်နှာပြင်တွင် ဗက်တီးရီးယားများ ပေါက်ပွားရာမှ ဖြစ်လာတတ်သလို နားအတွင်းသို့ ဂွမ်း၊ လက်၊ နားကျပ်တံ စသည်တို့ ထည့်လေ့ရှိသူများတွင်လည်း နား၏အပြင်ဘက်လမ်းကြောင်းကို ထိခိုက်ဒဏ်ရာဖြစ်၍ ပိုးဝင်ရာမှလည်း ရေကူးနားရွက် ဖြစ်နိုင်သည်။ အများအားဖြင့် နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်းကို နားဆေးရည်ထည့်၍ ကုသလေ့ရှိပြီး ဖြစ်ဖြစ်ခြင်း ကုသမှုခံယူသူသည် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

 

လက္ခဏာများ

ရေကူးနားရွက်ရောဂါ၏ လက္ခဏာသည် ဖြစ်ဖြစ်ခြင်းတွင် မဆိုးရွားသော်လည်း ကုသမှုမခံယူပါက ဆိုးရွားသော အခြေအနေဖြစ်နိုင်သည်။ နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း ရောဂါကို ပုံမှန်အဆင့်၊ သာလွန်အဆင့်၊ ပြင်းထန်အဆင့် ဟူ၍ အဆင့်သုံးဆင့် ခွဲခြားနိုင်သည်။

ပုံမှန်အဆင့် လက္ခဏာများမှာ-

  • နားအတွင်းလမ်းကြောင်းယားယံခြင်း။
  • နားအတွင်းနီရဲနေခြင်း၊ ရောင်နေခြင်း။
  • နားကိုဆွဲလိုက်သောအခါ၊ ထိသောအခါ နာခြင်း။
  • နားအတွင်းမှ အရည်ကြည်ထွက်ခြင်း စသည်တို့ဖြစ်သည်။

 

သာလွန်အဆင့် လက္ခဏာများမှာ-

  • မခံနိုင်အောင် ယားယံလာခြင်း။
  • မခံနိုင်အောင် နာလာခြင်း။
  • ပုံမှန်အဆင့်ထက် ပိုမိုရောင်လာခြင်း။
  • နားအတွင်းမှ အရည်ကြည်များ ပိုထွက်လာခြင်း။
  • နားအတွင်းပြည့်နေသည်၊ ပိတ်နေသည်ဟု ခံစားရခြင်း (သို့) အရည်၊ ဆဲလ်အသေ၊ အညစ်အကြေးများ နှင့် နားလမ်းကြောင်းရောင်ခြင်းတို့ကြောင့် နားအနည်းငယ်ပိတ်ခြင်း။
  • အကြားအာရုံလျော့နည်းလာခြင်း စသည်တို့ဖြစ်နိုင်သည်။

ပြင်းထန်အဆင့်-

  • နားနာခြင်းအပြင် မျက်နှာ၊ လည်ပင်း တို့ပါနာလာခြင်း။
  • နားလုံးဝပိတ်ခြင်း။
  • နားအရမ်းရောင်နေခြင်း။
  • အဖျားတက်လာခြင်း။
  • လည်ပင်းတွင် အကြိတ်များကြီးလာခြင်း စသည်တို့ဖြစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ရေကူးနားရွက်ရောဂါသည် အများအားဖြင့် ဗက်တီးရီးယားကြောင့်ဖြစ်၍ မှို၊ ဗိုင်းရပ်စ် ကြောင့်ဖြစ်ပွားမှုရှိသော်လည်း အလွန်နည်းပါးသည်။အပြင်နားရွက်တွင် နားရွက်သန့်ရှင်းရေးနှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးသည့် သဘာဝခုခံစနစ်ရှိသည်။


ထိုခုခံစနစ်တွင် -

  • ဖယောင်းကဲ့သို့အဆီ(Ceruman) ထုတ်ပေးသောအင်္ဂါ - အင်္ဂါမှထုတ်ပေးသောအဆီကြောင့် နား၏မျက်နှာပြင်တွင် ရေမစိုသောအလွှာပါးဖြစ်ပြီး ရေတင်ခြင်း၊ အဆီတွင် အက်ဆစ်ဂုဏ်သတ္တိ အနည်းငယ်ရှိ၍ ဗက်တီးရီးယား ပေါက်ပွားခြင်းမှ ကာကွယ်ပေးသည်။ ထို့ပြင် နှာဖာချီး သည် အဆီနှင့် နားအတွင်းရှိ ဆဲလ်အသေ၊ ဖုန် စသည့်ညစ်ပတ်သည့်ပစ္စည်း များနှင့် ပေါင်းပြီး ဖြစ်လာခြင်းဖြစ်၍ နားအတွင်းသို့ မလိုအပ်သောပစ္စည်းများ ဝင်လာခြင်းမှ ကာကွယ်ပေးသည်အလယ်နားနှင့် အပြင်နားကို ဆက်သွယ်ထားသည့် လမ်းကြောင်းသည် ဆင်ခြေလျှောဖြစ်နေသဖြင့် နားအတွင်း ရေတင်ခြင်းမှလည်း ကာကွယ်ပေးသည်။.

နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်းရောဂါ ဖြစ်ရသည့် အကြောင်းအရင်း-    

နား၏ခုခံတိုက်ခိုက်မှုစနစ် ပျက်စီးသည့်အခါမှ ရောဂါစတင်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဗက်တီးရီးယား ပိုမိုပေါက်ပွားစေသော အခြေအနေနှင့် နား၏ခုခံတိုက်ခိုက်မှုစနစ်ကို ပျက်


ယွင်းစေသောအခြေအနေများမှာ

  • နားအတွင်း စိုထိုင်းမှုများသော အခြေအနေ- ချွေးထွက်များသူ၊ စိုထိုင်းမှုများသည့် ရာသီဥတု နှင့် ရေကူးပြီးနောက် နားအတွင်းရေဝင်ခြင်း၊ ရေကျန်ခြင်းတို့ကြောင့် ဗက်တီးရီးယားများ ပိုမိုပေါက်ဖွားနိုင်သည့်အတွက် ရောဂါပိုဖြစ်နိုင်သည်။
  • နားယား၍ နားကျပ်ခြင်း၊ လက်ဖြင့်နားကိုကုပ်ခြင်း၊ သီချင်းနားထောင်သည့် နားကြပ်အသုံးပြုခြင်း စသည်တို့ကြောင့် နားအတွင်း လမ်းကြောင်းမျက်နှာပြင် ပေါက်ပြဲရာမှ ရောဂါပိုးမွှားများ ဝင်နိုင်ပါသည်။
  • မိမိနှင့်မတည့်သည့် အလှကုန်ပစ္စည်းများ၊ နားကပ်အသုံးပြုသူများတွင်လည်း အရေပြားနှင့်မတည့်သည့်အခါ ပိုမိုကူးစက်နိုင်ချေမြင့်မားသည်။


ဖြစ်နိုင်ချေများသူများ

ရောဂါပိုမိုဖြစ်စေနိုင်သည့် အခြေအနေများမှာ-

  • ရေကူးခြင်း။
  • အထူးသဖြင့် ဗက်တီးရီးယားများစွာရှိသည့် ရေတွင်ရေကူးခြင်း ဥပမာ- အများသုံးရေကန်တွင် ရေကူးခြင်း ။
  • နားရွက်လမ်းကြောင်းကျဉ်းသူတွင် ရေပိုမိုတင်ခြင်းကြောင့် ပိုမိုဖြစ်နိုင်ခြင်း ဥပမာ- ကလေး
  • နားရွက်ကို ကြမ်းကြမ်းတမ်းတမ်း သန့်ရှင်းရေး ပြုလုပ်သူ။
  • သီချင်းနားထောင်သည့် နားကြပ်အသုံးများသူများတွင် ပိုမိုဖြစ်နိုင်သည်။

 

နောက်ဆက်တွဲ ပြဿနာများ

နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်းကို သေချာမကုသပါကနောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သည်။ ၎င်းတို့မှာ-

  • အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း
  • တာရှည်နားကိုက်ခြင်း၊ ရောင်နေခြင်း
  • နားရွက်မှတဆင့် အရေပြားသို့ ကူးစက်ရောင်ရမ်းခြင်း
  • နားရွက်မှတဆင့် အရိုးနှင့် အရွတ်ကို ကူးစက်ရောင်ရမ်းသွားခြင်း
  • နားရွက်မှတဆင့် ဦးနှောက်နှင့် နီးစပ်ရာ အာရုံကြောများသို့ ကူးစက်ရောင်ရမ်းခြင်း စသည်တို့ဖြစ်နိုင်သည်။


စစ်ဆေးမှုများ

ဖြစ်ပွားနေသော လက္ခဏာများကို မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးမှုများကို ရှေးဦးစွာ ပြုလုပ်သည်။ စစ်ဆေးမှုများမှာ -

  • နားလမ်းကြောင်းကို စစ်ဆေးခြင်း
  • နားစည်ကို ထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

ပထမစမ်းသပ်စစ်ဆေးမှုများ ပေါ်မူတည်၍ အောက်ပါအချက်များကို ဆက်လက်ပြုလုပ်နိုင်သည်။

  • နားစည်ထိခိုက်ဒဏ်ရာရနေခြင်း သို့ ပေါက်နေခြင်း ရှိပါက နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်နှင့် ဆက်လက်ကုသရန် လိုအပ်သည်။
  • ရေကူးနားရွက်ကို ဆေးနှင့်ကုသနေသော်လည်း မသက်သာသောအခါ နားပြည်ကိုယူ၍ ဓာတ်ခွဲခန်းတွင် မည်သည့်ဗက်တီးရီးယားကြောင့် ဖြစ်သည်ကို စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။

 

ကုသခြင်း

နားသန့်ရှင်းရေး-

နားသန့်ရှင်းရေးကို အမြဲပြုလုပ်ရန် အလွန်အရေးကြီးသည်။ နားသန့်ရှင်းမှ ပိုးဝင်သည့်နေရာကို နားဆေးစက် ထည့်သည့်အခါ ဆေးရည်ကလိုအပ်သည့်နေရာသို့ ရောက်နိုင်မည်ဖြစ်သည်။ေ


ဆးပေးကုသခြင်း

နားလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်သူတွင် ဆရာသည် ရောဂါအခြေအနေပေါ်မူတည်၍ ဆေးများကို ညွှန်ကြားလိမ့်မည်။ ဆေးတွင်ပါဝင်နိုင်သည့် ပစ္စည်းများမှာ

  • အက်ဆစ်ဓာတ် - ပုံမှန် နားအခြေအနေပြန်ဖြစ်ရန် ကူညီပေးသည်။
  • စတီးရွိက် - ယောင်ယမ်းခြင်းကိုလျော့ကျစေသည်။
  • ပိုးသတ်ဆေး
  • မှိုသတ်ဆေး စသည်တို့ ပါဝင်သည်။ နားကိုက်သည့် ဝေဒနာရှိသူတွင် အကိုက်အခဲပျောက်ဆေးကို ညွှန်ကြားလိမ့်မည်။

ရောဂါခံစားနေချိန် ကုသမှုခံယူနေချိန် ကုသမှုမြန်ဆန်ထိရောက်ရန် အောက်ပါအချက်များကို မပြုလုပ်သင့်ပါ။

  • ရေထဲသို့ဒိုင်ပင်ထိုးခြင်း သို့ ရေကူးခြင်း
  • လေကြောင်းဖြင့် ခရီးသွားခြင်း
  • နားကြပ်၊ နားအထောက်အကူပစ္စည်းများအသုံးပြုခြင်း
  • ရေချိုးရာတွင် နားအတွင်းသို့ ရေမဝင်အောင် သတိထားခြင်း စသည်တို့ ဖြစ်သည်။

 

ကာကွယ်ခြင်း

နားရွက်ကို ခြောက်ခြောက်သွေ့သွေ့ထားရန် လိုအပ်သည်။ ရေချိုး၊ရေကူးပြီးသောအခါ နားရွက်အပြင်ဘက်ကို မျက်နှာသုတ်ပဝါ သို့ အဝတ်အသန့်ဖြင့် ညင်သာစွာ သုတ်ပေးရန် လိုအပ်ပါသည်။ ထို့ပြင်ခေါင်းကို တစ်ဖက်စောင်း၍ နားလမ်းကြောင်းတွင် ရေမတင်အောင် ပြုလုပ်၍ရသည်။

  • မသန့်ရှင်းသောရေတွင် ရေကူးခြင်းမှရှောင်ကြဉ်ပါ။
  • ဂွမ်း၊ ဆံညှပ်၊ စာရွက်ညှပ်ဖြင့် နားကလော်ခြင်းမှ ရှောင်ကြဉ်ပါ။ နားအတွင်းပိုင်း မျက်နှာပြင်တွင် ထိခိုက်ဒဏ်ရာ ရနိုင်သောကြောင့် ဖြစ်ပါသည်။
  • နားတွင်ပိုးဝင်ထားခြင်း၊ ခွဲစိတ်ထားခြင်းရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ရေကူးသင့်သည်။
  • နားအတွင်း ဓာတုပစ္စည်းများ မဝင်စေရန် ဆံပင်ဆိုးဆေး၊ ဆံပင်ဖြန်းဆေးများ အသုံးပြုလျှင် နားကို ဂွမ်းလုံးနှင့် ပိတ်၍ အသုံးပြုသင့်ပါသည်။        

 

Ref: Mayo Clinic

Dr. Archer (7887 Healthcare Call Center)

 

  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18