Print

Swimmer's itch (ရေကူးသူများတွင် ဖြစ်သောယားယံခြင်း)

  22-Jan-2019
Preview Image

အကျဉ်းရှင်းလင်းချက်

ရေကူးသူများတွင် ရေကူးသွားပြီး နောက်ပိုင်းတွင်ဖြစ်တတ်သော ယားယံခြင်း တစ်မျိုးဖြစ်သည်။ အများအားဖြင့် ရေချိုရေအိုင်တွင် အဖြစ်များပြီး ရေငံမှလည်း တစ်ခါတစ်ရံ ကူးတတ်သည်။ ရေကူးသူများတွင် အကွက်များဖြစ်လာပြီး ဓါတ်မတည့်သောကြောင့် ဖြစ်ခြင်းဖြစ်သည်။ ရေကူးနေစဉ် သို့မဟုတ် ရေထဲတွင် လမ်းလျှောက်သွားစသ် ကပ်ပါးကောင်သည် အသားထဲသို့ဖောက်ဝင်သွားခြင်းဖြစ်သည်။ ရေကူးသူများတွင် ယားယံခြင်းကိုဖြစ်စေသော ကပ်ပါးကောင်သည် ပုံမှန်အားဖြင့် ရေနေသတ္တဝါများနှင့် အချို့တိရိစ္ဆာန်များတွင်ဝင်ရောက် နေထိုင်နိုင်သည်။ ရေနေသတ္တဝါများဆီမှ ရောဂါပိုးသည် ရေထဲသို့ ပျံ့နှံ့သွားနိုင်သည်။ ထိုကပ်ပါးကောင်သည် လူ၏ကိုယ်ထဲတွင် နေထိုင်ရန်မဖြစ်နိုင်သောကြောင့် ကပ်ပါးကောင်သည် အရေပြားနှင့် ထိသည်နှင့် ချက်ချင်းသေသွားကြသည်။ ရေကူးသူများတွင်ဖြစ်သော ယားယံခြင်းသည် နေရထိုင်ရ အနည်းငယ်ခက်သည်။ တစ်ချိန်တည်းမှာပင် ထိုယားယံခြင်းကို ဆေးဝါးများဖြင့် ကုသနိုင်သည်။

    

လက္ခဏာများ

ရောဂါလက္ခဏာများမှာ- အနီရောင် အနီစက်များ သို့မဟုတ် အဖုများထွက်ခြင်း ပါဝင်သည်။ ထိုအစက်များသည် ရေကူးပြီး ရက်အနည်းငယ်အကြာ သို့မဟုတ် ရောဂါဖြစ်စေသော ကပ်ပါးကောင်များရှိသော ရေထဲတွင် လျှောက်သွားလျှင် ပေါ်လာတတ်သည်။ ၎င်းသည် အရေပြားတွင်သာဖြစ်နိုင်ပြီး ရေကူးဝတ်စုံဝတ်ထားသော နေရာတွင် မကူးစက်နိုင်ပါ။


ဖြစ်ပွားရသော အကြောင်းရင်းများ

ရေကူးသူများတွင် ဖြစ်တတ်သော ယားယံခြင်းသည် ရေနေသတ္တဝါများနှင့် ရေကန်ရေအိုင်ဘေးတွင် ကျင်လည်ကျက်စားသော တိရစ္ဆာန်များတွင် ဖြစ်တတ်သည်။ ဥပမာ - ဘဲငန်း၊ ဘဲ၊  စင်ရော်ငှက်များ၊ ဖျံ၊ ကပ်ပါးကောင်၏ဥများသည် ၎င်းနေထိုင်နေသော ရေနေသတ္တဝါများ၏ ဝမ်းမှ တစ်ဆင့် ရေထဲသို့ ပါသွားသည်။ လူတွင် ဝင်ရောက်မနေထိုင်မီ ထိုကပ်ပါးကောင်သည် ခရုတွင် အချိန်တော်တော်ကြာကြာ နေနိုင်သည်။ ထိုခရုများကို ပင်လယ်ကမ်းခြေတွင်တွေ့ရသည်။ ထိုကြောင့် ကပ်ပါပိုးသည် ရေတိမ်နေရာတွင်သာ တည်ရှိနိုင်သည်။ ရေကူးသူများတွင်ဖြစ်သော ယားယံခြင်းသည် လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။ ထို့ကြောင့် ထိုသို့ ရောဂါရှိသူမှတစ်ဆင့် ရောဂါကူးမည်ကို ကြောက်စရာမလိုအပ်ပေ။

 

ဖြစ်နိုင်ချေများသူများ

ကပ်ပါးကောင် ရှိသောရေထဲတွင် နေသူသည် ထိုယားယံမှုရောဂါ ဖြစ်နိုင်ချေပိုများသည်။ ကလေးများသည် ရေထဲတွင် ပြေးလွှားဆော့ကစားတတ်ကြပြီး ရေထဲမှာ ပြန်တက်လာလျှင် ရေခြောက်အောင် မသုတ်တတ်ကြသောကြောင့် ကလေးများတွင် ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။ အချို့သော သူများသည် ကပ်ပါးကောင်နှင့် ဓါတ်မတည့်သော ကြောင့် သူများထက်ပိုပြီး ယားယံမှုဖြစ်တတ်ကြသည်။ ထိုကပ်ပါးကောင်နှင့် တစ်ခါတွေ့တိုင်း ယားယံမှုပိုဆိုးလာမည်ဖြစ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲပြဿနာဖြစ်သည်မှာ အလွန်ရှားသည်။ ယား၍ အရမ်းကုတ်လျှင် ပိုးဝင်သွားနိုင်သည့်အတွက် အကွက်များကို ကုတ်ခြင်းကို ရှောင်ကြဉ်ပါ။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ထိုသို့ အရေပြားတွင် ရေကူးပြီးနောက်ပိုင်း အကွက်ပေါ်ပြီး ယားယံမှုများ ၃ ရက် ထက်ပိုဖြစ်လျှင် နီးစပ်ရာဆရာဝန်နှင့် သွားရောက်ပြသပါ။ အနီကွက်ဖြစ်နေသည့် နေရာတွင် ပြည်တည်နေသည်ကို တွေ့လျှင် အရေပြားဆရာဝန် နှင့် သွားရောက်ဆွေးနွေးပါ။

 

စစ်ဆေးမှုများ

ရေကူးသူများတွင်ဖြစ်တတ်သော ယားယံမှုကို အတည်ပြုရန် အခြားအရေပြားပြဿနာများနှင့် ဆင်တူသောကြောင့် အလွန်ခက်ခဲပါလိမ့်မည်။ ထို့ပြင် ထိုရောဂါကို အတည်ပြုရန် စစ်ဆေးမှုမရှိသေးပါ။

 

ကုသခြင်း

ရေကူးသူများတွင်ဖြစ်တတ်သော ယားယံမှုသည် တစ်ပါတ်အတွင် သူ့အလိုအလျောက်ပျောက်သွားတတ်သည်။ တစ်ချိန်တည်းမှာပင် ဆေးဆိုင်မှာပင် ယားယံခြင်းကိုပျောက်စေသည့်ဆေးနှင့် ယားယံခြင်းကို ပျောက်စေသည့် လိမ်းဆေးများ ဝယ်လိမ်းနိုင်ပါသည်။ ယားယံခြင်းသည် အလွန်ဆိုးဝါးပါက ဆရာဝန်နှင့် သွားရောက်တိုင်ပင်၍ ဆေးကုသမှုခံယူပါ။

 

ကာကွယ်ခြင်း

- ရေကူးမည်ဆိုလျှင် ရေကူးမည့်နေရာကို သေချာရွေးချယ်ပါ။ ယားယံမှုဖြစ်သည်ဟု ကြားထားသောနေရာ၊ ရေကူးပြီးနောက်ပိုင်း အကွက်များဖြစ်လာသည်ဟု ကြားထားသည့် နေရာများတွင် ရေသွားကူးခြင်းကို ရှောင်ကြဉ်ပါ။ ခရုများအများဆုံးတွေ့ရသည့် နေရာများတွင် ရေကူးခြင်း၊ ရေထဲတွင် လျှောက်သွားခြင်းကို ရှောင်ကြဉ်ပါ။

- ဖြစ်နိုင်လျှင် ကမ်းခြေနှင့် နီးသောနေရာတွင် ရေကူးခြင်းကို ရှောင်ကြဉ်ပါ။ ရေကူးကျွမ်းကျင်သောသူဖြစ်လျှင် ရေနက်ထဲတွင် သွားကူးပါ။  ကမ်းခြေနှင့်နီးသော ရေနွေးသောနေရာတွင် အသွားအလာများလျှင် ထိုကပ်ပါးကောင်သည် တွယ်ကပ်နိုင်သည်။

- ရေကူးပြီးလျှင် ရေပြန်ချိုးပါ။ ရေပေါ်မှ ပြန်တက်လာလျှင် ရေသန့်ဖြင့် ပြန်ဆေးပါ။ ရေကို မျက်နှာသုတ်ပဝါဖြင့် စင်အောင်သုတ်ပါ။ သင့်ရေကူးဝတ်စုံကို ပုံမှန်လျှော်ဖွတ်ပါ။          

- သင်္ဘောဆိုက်သည့်နေရာ သို့မဟုတ် ရေနှင့်နီးသောနေရာတွင် ငှက်များကို အစာကျွေး ခြင်းကို ရှောင်ကြဉ်ပါ။

- ရေစိုခံ နေလောင်ခံ ခရင်လိမ်းပါ။ ထိုသို့လိမ်းခြင်းသည် ထိုကပ်ပါးကောင်ကြောင့်ဖြစ်သည့် ယားယံမှုကို ကာကွယ်နိုင်သည် ဟုတွေ့ရှိထားသည်။

  

အခြားသိသင့်သော အချက်များ -

-အိမ်တွင်းနည်းလမ်းများ

- ဆေးလိမ်းပါ။ သို့မဟုတ် ဆေးသောက်ပါ။

- ယားလျှင်မကုတ်ပါနှင့်။

- အကွက်ဖြစ်သော နေရာကို သန့်ရှင်းသော အဝတ်စိုဖြင့် ဖုံးအုပ်ထားနိုင်သည်။

- ဆားခါး၊ အုတ်ဂျုံမှုန့် သို့မဟုတ် မုန့်ဖုတ်ဆော်ဒါ ဖြင့်ရေချိုးပါ။

- မုန့်ဖုတ်ဆော်ဒါကို ရေနှင့်ရော၍ ယားယံသည့်နေရာကိုလိမ်းပေးပါ။

 

Ref: Mayo Clinic

Translator - Dr. Victoria


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18