Print

ဝဲယားနာအကြောင်း သိကောင်းစရာ

  28-Jan-2019
Preview Image

ဝဲစွဲတယ်၊ ဝဲကုုတ်နေရတယ် ဆိုုတာဟာ စာရေးသူတိုု့ နေ့တစ်ဓူဝ ပတ်ဝန်းကျင်မှာ ရှိတတ်ပါတယ်။ တိုုးတက်ဆဲနိုုင်ငံဖြစ်နေတဲ့အတွက် ချမ်းသာတဲ့ နိုုင်ငံတွေနဲ့ ယှဉ်လိုုက်ရင် ဝဲဖြစ်တာ အင်မတန်များကြပါတယ်။ ဝဲရောဂါဖြစ်ပြီဆိုုရင် ဒီလူ မသန့်ရှင်းလိုု့ပဲဆိုုပြီး လူအများက သတ်မှတ်တတ်ကြပေမဲ့ တကယ်တမ်းပြောရရင် ဝဖြစ်တိုုင်းလည်း ညစ်ပတ်လိုု့ မဟုုတ်နိုုင်ပါဘူး။ ဘာလိုု့လည်းဆိုုရင် ဝဲဟာ ကူးစက်လွယ်တဲ့ အရေပြားရောဂါ တစ်ခုုဖြစ်နေတာမိုု့ ဝဲတွေနဲ့ပါလားဆိုုပြီး နှာခေါင်းရှံ့ချင်ရင်တောင်မှ မရှံ့ကြပါနဲ့၊ မကူးစက်အောင်နေထိုုင်ကြပါ၊ ဖြစ်နေသူကိုုလည်း ကျန်းမာရေး ဗဟုုသုုတ အသိလေးတွေ မျှဝေပေးပါလိုု့ တိုုက်တွန်းရင်းနဲ့ ဒီတစ်ပတ် အရေပြားမှာဖြစ်တတ်တဲ့ ဝဲ Scabies အကြောင်းလေး လေ့လာကြည့်ကြရအောင်။

ဝဲ ဘာကြောင့် ဖြစ်ရသလဲ
ဝဲဖြစ်တာဟာ သဲ တွေကိုုင်လိုု့ ဖြစ်ပါတယ်၊ ရွံ့တွေပေလိုု့ ဖြစ်ပါတယ်လိုု့ တချို့တွေ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုုသာ ဖြစ်ကြေးဆိုုရင် ပင်လယ်ကမ်းခြေကိုု အပန်းဖြေ ခရီးသွား၊ သဲတွေ ရွှံ့တွေနဲ့ ရေကူးလာတဲ့သူတွေ အားလုံုးလိုုလိုု ပြန်လာတာနဲ့ ဝဲစွဲလာမယ် နဲ့တူတယ်နော်။ ဒါပေမဲ့ ဒီလိုုမဖြစ်နိုုင်ပါဘူး၊ ဘာလိုု့်ပါလဲဆိုုရင်တော့ ဝဲဟာ ဒီလိုု သဲကိုုင်ရုံု၊ ရွှံ့ကိုုင်ရုံုကြောင့် ဖြစ်ရတာထက် ဝဲရောဂါကိုု ဖြစ်စေတဲ့ ပိုုးမွှားတစ်မျိုးဖြစ်တဲ့ Sarcoptes scabei ဆိုုတဲ့ မိုုက်တ် (Mite) ပိုုးမွှားတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီဝဲပိုုးဟာ လူ့အရေပြားမှာ ခဏပဲနေပြီး ပြန်ဆင်းတက်တဲ့ ပိုုးမွှားမဟုုတ်ပြန်ပါဘူး။ ဆက်ပြီး အိမ်ထောင် သားမွေးပြုပါတော့တယ်။ ဒါကြောင့် ဝဲပိုုးတိုု့ရဲ့ အိမ်ထောင် သားမွေးပြုရာ နေရာကောင်းတစ်ခုုကိုု ပြပါဆိုုရင်တော့ စာရေးသူတိုု့ လူတွေရဲ့ နူးညံ့လှတဲ့ အရေပြားပါလိုု့ ဆိုုရပါမယ်။ ဒီလိုု အိမ်ထောင်ကျပြီးခါစ ဝဲစုံုတွဲမှာဆိုုရင် ဝဲထီးက အရေပြားပေါ်မှာပဲ ဟန်ကျကျ ဆက်နေတာပေမဲ့ ဝဲမကတော့ ကိုုယ်ဝန်လွယ်တာနဲ့ ဥတွေဥဖိုု့ဆိုုပြီး အရေပြားအတွင်းထဲကိုု ပင်ပင်ပန်းပန်းတွင်းတူးပါတော့တယ်။ ဒီလိုုတွင်းတူးတာဟာလည်း ဝဲယားလိုု့ ဘရိတ်ဒန့်ကသလိုုပဲ ကုုတ်နေရပါတယ်ဆိုုတဲ့ အကြောင်းရင်းတစ်ချက်ထဲမှာ ပါပါတယ်။ (နောက်ပြီး ဝဲ နဲ့ လူ့ခန္ဓာကိုုယ်က ကိုုယ်ခံစွမ်းအားတွေ တိုုက်ခိုုက်ကြတဲ့ အတွက်လည်း ယားတယ်ဆိုုတာဖြစ်ပါတယ်။)

ဝဲတိုု့ရဲ့ဘဝ၊ ဝဲတိုု့ရဲ့ သဘာဝ

ဝဲမတွေရဲ့ သက်တမ်းဟာ ၄ ပတ်ကနေ ၆ ပတ်လောက်ထိ ရှိတတ်ပါတယ်။ တစ်နေ့ကိုု ဥ သုံုးဥလောက်ထိ ဥတတ်ပါတယ်။ ဒါကြောင့် တော်ရုံုတန်ရုံု ဝဲဖြစ်သူတွေ (ClassicScabies) မှာဆိုုရင် ဝဲအကောင်ရေ ၅ ကောင်ကနေ ၁၅ ကောင်လောက်ရှိတတ်မှာဖြစ်ပြီး ဆိုုးဆိုုးရွားရွား ဝဲထူသူ (Crusted Scabies) တွေမှာဆိုုရင်တော့ ဝဲအကောင်ရေဟာ ရာချီ ထောင်ချီ သောင်းချီ ပြီးရှိသွားနိုုင်ပါတယ်။ ဒါကြောင့်လည်း သူတိုု့ သိပ်မပွားခင် စောစောစီးစီးကုုနိုုင်တာ ပိုုကောင်းမယ်ဆိုုတဲ့ အချက်ကိုု သဘောပေါက် လောက်မယ်ထင်ပါတယ်။ ဒါကြောင့် ဆက်ပြောရမယ်ဆိုုရင် ဝဲအကောင်အသစ်တွေ ဥကနေပေါက်တာကတော့ ၃ ရက်၊ ၄ ရက် အတွင်းဖြစ်ပါတယ်။ အကောင်သစ်ကလေးတွေဟာ အရွယ်ရောက်တဲ့အချိန်အထိ အရေပြားပေါ်မှာပဲ ဆက်နေနေမှာဖြစ်ပြီး ဥ ဥချိန်ကနေ အရွယ်ရောက်ချိန်အထိဆိုုရင် ၁ဝ ရက်ကနေ ၁၃ ရက်လောက်အထိပဲ ကြာနိုုင်ပါတယ်။ ဒါကြောင့် ဆေးသေချာမကုုပဲ ဆေးမြီးတိုုနဲ့ ဝဲ ကိုု ကြာရှည်အောင်မွေး သလိုုဖြစ်နေ သူတွေမှာ ဝဲကောင်ရေဟာ စဖြစ်ဖြစ်ချင်းကနေကြည့်လိုုက်ရင် ၁ လဆိုုရင် ဘယ်နှစ် ကောင်လောက်တောင် ပွားလောက်ပြီဆိုုတာကိုု စာဖတ်သူတော့ မှန်းဆနိုုင်လောက်ပြီ တော့ထင်ပါတယ်။ စာရေးသူ ဝဲ အကောင်တွေအကြောင်းကိုု ဋီကာချဲ့နေရတာလည်း ဒါကိုု မြင်စေချင်လိုု့ပဲ ဖြစ်ပါတယ်။


ဝဲ ရောဂါ ဘယ်လိုုကူးစက်တတ်သလဲ
ဝဲအကောင်တွေဟာ အရေပြားချင်း ထိမိတာကနေ ကူးလာနိုုင်ပါတယ်။ ဒါကတော့ တိုုက်ရိုုက်ကူးတဲ့ နည်းပါ။ နောက်ကူးနိုုင်တဲ့နည်းတွေကတော့ ဝဲ ရှိသူရဲ့ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဝဲ ကိုု ကုုသရင် အိမ်သူ၊ အိမ်သားအားလုံုး၊ ဒါမှမဟုုတ်ရင် အတူနေသူအားလုံုး ပြိုင်တူကုုသရပါမယ်။ အထူးသဖြင့် အများနဲ့နေရတဲ့ သူတွေမှာ ပိုုကူူးစက်တာလွယ်မှာပါ။ ဥပမာပြရရင် ဘုုန်းကြီးကျောင်းတစ်ကျောင်းမှာ ကိုုရင်တစ်ယောက် ဝဲ ဖြစ်ပြီဆိုုတာနဲ့ သူ့ကျောင်းက ကိုုယ်တော်တွေကိုု လိုုက်ကူးဖိုု့က များနေတာမိုု့ အတူသီတင်းသုံုးတဲ့ ကိုုယ်တော်တွေကိုုပါ ဆေး ကုုပေးရတာမျိုး လိုုအပ်တတ်ပါတယ်။

ဝဲ ကိုု ဘယ်လိုုကုုသရသလဲ
ဟိုုးယခင်ခေတ်ကတော့ ဝဲ ဆိုုရင် နံမည်ကြီး လိမ်းဆေး ဘာစကေဘီလိုု လိမ်းဆေးနံနံကြီးတွေ လူးကြရတာကိုု ကြုံရပါတယ်။ ခုုတော့ တိုုးတက်လာတာမိုု့ Permethrin ပါတဲ့ ခရင်မ်နဲ့ အဓိကထား ကုုသလာကြပါတယ်။ လူးရတာလည်း လွယ်ကူတာမိုု့ သုံုးစွဲသူတွေလည်း မပျက်မကွက် သုံုးစွဲဖြစ်ကြပါတယ်။ ဆိုုးဆိုုးရွားရွား ဝဲတွေဆိုုရင်တော့ သောက်ဆေးတွေကိုုပါ ဆရာဝန်က လိုုအပ်သလိုု ညွှန်ကြားရတတ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် သုံုးတဲ့ လိမ်းဆေးတွေကိုု အကျိုးရှိစေဖိုု့ အကြမ်းဖျဉ်းအားဖြင့် ဘယ်လိုု လိမ်းသင့်တယ်ဆိုုတာကိုု အနည်းငယ် ဖော်ပြလိုုပါတယ်။

လိမ်းဆေးများကိုု ပုံုမှန်အားဖြင့်တော့ မျက်နှာနဲ့ လည်ပင်း ဦးခေါင်းပိုုင်းမှတစ်ပါး ကျန်တဲ့နေရာ တစ်ကိုုယ်လုံုးကိုု ရေမိုုးချိူး၊ သန့်စင်ပြီး ခြောက်သွေ့နေတဲ့ အရေပြားပေါ်ကိုု လိမ်းပေးရပါမယ်။ အထူးသဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားတွေ မကျန်ခဲ့ပါစေနဲ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဆရာဝန်ညွှန်ကြားချက်အရ မျက်နှာတစ်ဝိုုက်ကိုု လူးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကိုုတော့ မသုံုးခင်မှာ မိမိဆရာဝန်ကိုု ရှင်းလင်းအောင်မေးနိုုင်ပါတယ်။

လက်သည်းတွေရှည်နေမယ်၊ ချီးတွေ ရှိနေမယ်ဆိုုရင်လည်း အရင် လက်သည်း၊ ခြေသည်းညှပ်၊ ချီးတွေ ဖယ်ရှားပြီးမှ လိမ်းဆေးတွေ စလူးပါ။

Permethrin ပါတဲ့ ဆေးမျိုးဆိုုရင်တော့ ၁၂ နာရီလောက် လိမ်းထားပေးပြီး ရေမစိုုစေရပါ။ ရေစိုုစရာရှိမယ်ဆိုုရင်လည်း စိုုပြီးတာနဲ့ ဆေးပြန်ဖြည့်လူးလိုုက်ပါ။

လိမ်းဆေးတွေကိုု Course တစ်ခါ ပြည့်သွားပြီဆိုုရင် နောက် တစ် Course ကိုု ၁ ပတ်လောက်ကြာရင် ထပ်လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် Permethrin ပါတဲ့ လိမ်းဆေးမျိုးပါ။

Benzyl Benzoate လိုု ယခင်ကသုံုးလေ့ရှိတဲ့ လိမ်းဆေးမျိုးဆိုုရင် ၂၄ နာရီခြားကိုု တစ်ခါလောက် ပြန်ပြန်လူးပေးပြီး သုံုးရက်လောက် လိမ်းထားပေးရပါတယ်။

လိမ်းဆေးတွေလိမ်းတာအပြင် အိပ်ယာခင်း အသုံုးအဆောင် ပစ္စည်းတွေနဲ့ အဝတ်အထည်တွေကိုု ရေနွေးနဲ့ပြုတ်လျှော်တာမျိုး၊ သေချာသန့်စင်အောင် လျှော်တာမျိုး တစ်ချိန်တည်းမှာ ပြုလုုပ်ရပါမယ်။ လိမ်းဆေးလူးတာက သပ်သပ်၊ နောက်မှ တစ်အိမ်လုံး အဝတ်တွေ ထပြီးလျှော်တာက သပ်သပ်ဆိုုရင် သိပ်မထိရောက်တတ်ပါဘူး။

ဒါကြောင့် နိဂုံုးချုပ်ရရင် ဝဲ ဖြစ်တဲ့ သူကိုု မြင်တာနဲ့ လန့်စရာတော့ မလိုုပါဘူး၊ ဒါပေမဲ့ ဘယ်လောက်တောင် ကူးစက်နိုုင်တယ်ဆိုုတာကိုု သိထားရပါလိမ့်မယ်။ ဒါအပြင် ဝဲ ရောဂါဖြစ်တဲ့သူတွေကိုုလည်း ကုုသမှုစနစ်တကျရှိစေအောင် လမ်းညွှန်ပေးမယ်၊ သေချာကုုသပေးမယ်ဆိုုရင်တော့ ဝဲရောဂါဟာ နာတာရှည်မဖြစ်နိုုင်ပါဘူး၊ လန့်စရာ မဖြစ်နိုုင်ပါဘူး၊ ရှက်စရာ မဟုုတ်ပါဘူးဆိုုတာကိုုလည်း ပြောရင်းနဲ့ ဒီတစ်ပတ် “ဝဲယားနာအကြောင်း တစ်စေ့တစ်ဆောင်း” ဆောင်းပါးကိုု ဒီမှာပဲနိဂုံုးချုပ်လိုုက်ရပါတယ်။

အားလုံုး ကျန်းမာရွှင်လန်းကြပါစေ။

Ref: နေခြည် (ဆေး-၁)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18