Print

ကိုယ်အလေးချိန်ကို ထိန်းညှိပေးမယ့် ဗီတာမင်တွေ

  01-Jan-1970
Preview Image

 အချို့သော ဗီတာမင်များသည် ကိုယ်အလေးချိန်လျော့ချရာ၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော်လည်း ခန္ဓာကိုယ်အလေးချိန် မြန်မြန်ကျရအောင် အများကြီးသောက်သုံးရမည်လို့တော့ မဆိုလိုပါ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်အချရဆုံး ဝိတ်ချနည်းကတော့ ကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ပါပဲ။ ဒါမှသာ ချပြီးသောအလေးချိန်တွေ ပြန်တိုးမလာမှာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကိုယ်အလေးချိန် လျှော့ချရာမှာ အကူအညီပေးနိုင်တဲ့ ဗီတာမင် တချို့နဲ့ အဲဒီဗီတာမင်တွေပါဝင်တဲ့ အစားအသောက်တွေပါပဲ။ လေ့လာကြည့်ကြရအောင်။


ဗီတာမင် B2

 ဗီတာမင် B2 ဓာတ်ဟာ သိုင်းရွိုက်ဂလင်းနှင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေရုံသာမကဘဲ ခန္ဓာကိုယ်၏ ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်သော အာနိသင်ရှိပါသည်။ ထို့အတွက် ဗီတာမင် B2 ပါဝင်သော အစာများဖြစ်သည့် နို့၊ ဥများ၊ အသည်း၊ ကျောက်ကပ်၊ ဗာဒံစေ့၊ ဒိန်ခဲနှင့် အစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်တွေကို မှီဝဲစားသုံးသင့်ပါသည်။ 


ဗီတာမင် B3 

 သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို မှန်ကန်စေတဲ့ ဗီတာမင် B3 ကတော့ ခန္ဓာကိုယ်၏ သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါသည်။ ဗီတာမင် B3 ပါဝင်တဲ့ အစာတွေဖြစ်သည့် ကြက်ဆင်သား၊ ကြက်သား၊ တူနာငါး၊ ဥများ၊ ဂျုံ၊ မုယောစပါး၊ ပင်လယ်ငါးသလောက်၊ ဒိန်ခဲ၊ သစ်သီးခြောက်များနှင့် အညိုရောင်ရှိတဲ့ဆန်ကို စားသုံးပေးရပါမည်။


ဗီတာမင် B5 

 ဗီတာမင် B5 သည် အဆီပြင်ကို လောင်ကျွမ်းစေပြီး အသားကို ဖြစ်စေကာ စွမ်းအင်ထုတ်လုပ်မှုကို တိုးတက်စေပါသည်။ အဆိုပါ ဓာတ်ပါဝင်သော အစာများမှာ ကြက်သား၊ အသည်း၊ ကျောက်ကပ်၊ ဥများ၊ မြေပဲ၊ ဂျုံ၊ ပဲသီး၊ ကွေကာ မုယောဆန်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်များပဲဖြစ်ပါသည်။ 


ဗီတာမင် B6 

 ဗီတာမင် B2 ကဲ့သို့ပင် B6 ကလည်း သိုင်းရွိုက်နှင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပါသည်။ အမဲသား၊ ကြက်သား၊ ဥများ၊ ဆာဒင်းငါးများ၊ (ငါးသေတ္တာ)၊ သစ်သီးခြောက်၊ ဂေါ်ဖီထုပ်၊ အညိုရောင်ဆန်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ကုလားပဲနှင့် ဂျုံတို့တွင် အဆိုပါ B6 ဓာတ် ပါဝင်နေပါသည်။ 


ဗီတာမင် C

 ခန္ဓာကိုယ်ကို များစွာအကျိုးပြုသော ဗီတာမင် C ဓာတ်သည် သွေးအတွင်းရှိ ဂလူးကိုးစ် ဓာတ်စွမ်းအင်အဖြစ် ပြောင်းခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ဗီတာမင် C ဓာတ်ပါဝင်သည့် အစာကတော့ အစိမ်းရင့်ရောင် ဂေါ်ဖီထုပ်၊ ငရုတ်ကောင်း၊ ကီဝီသီး၊ ဂေါ်ဖီထုပ်နှင့် စတော်ဘယ်ရီသီးတို့ပါပဲ။


Choline အက်ဆစ်

 အသည်းမှထုတ်သော ကိုလင်းဓာတ်သည် ဗီတာမင် အုပ်စုဝင် မဟုတ်သော်လည်း ဗီတာမင် B Complex ဓာတ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်၏ ဇီဝဓာတုဖြစ်စဉ်ကို အကျိုးရှိစွာ ကူညီပေးနိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းက အသည်းကိုအကျိုးပြုသော အဆီကို တည်ဆောက်ပေးရာ ရောက်ပါသည်။ ၎င်းဓာတ်ပါဝင်တဲ့ အစာတွေကတော့ အမဲအသည်း၊ အမဲနှလုံး၊ ကြက်ဥအနှစ်၊ သခွားသီး၊ ပန်းဂေါ်ဖီနဲ့ မြေပဲတို့ပါ။


Inositol 

 ကိုလင်းကဲ့သို့ပင် ဗီတာမင် B Complex ၏ အစိတ်အပိုင်းတစ်ခုမှာ inositol (အင်အိုဆင်တော) ပင်ဖြစ်ပါသည်။ ၎င်းကလည်း ဇီဝဓာတု ဖြစ်စဉ်ကို ကူညီပေးပါသည်။ အစာတွေကတော့ အမဲနှလုံး၊ ဥများ၊ ပဲပိစပ်၊ မြေပဲ၊ ဂျုံနှင့် ချဉ်သော အသီးတွေပါ။ 


Credit: အဉ္ဇလီစော



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18