Print

ဝက်ခြံပျောက်ကင်းစေနိုင်သော ဗိုင်းရပ်စ်

  29-Oct-2016
Preview Image

UCLA တက္ကသိုလ်နှင့် Pittsburgh တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကျွန်တော်တို့ခန္ဓာကိုယ် အရေပြားပေါ်တွင် သဘာဝအတိုင်း နေထိုင်လေ့ရှိသော ဗိုင်းရပ်စ်တစ်မျိုးသည် အရေပြားပေါ်တွင် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို ဖျက်စီးနိုင်သည်ဟု ဆိုခဲ့ကြသည်။ ယခုလေ့လာရေးတွင် ပါဝင်ခဲ့သော အဖွဲ့ခေါင်းဆောင် အရေပြားပါရဂူ Prof: Robert Modlin က 'ဝက်ခြံရောဂါကို လူပေါင်းသန်းနဲ့ချီပြီး ခံစားနေရပါ တယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးသက်ရောက်မှုကောင်း တဲ့ကုထုံးကအနည်းငယ်ပဲရှိပါတယ်။ ယခုတွေ့ရှိထားသော ဗိုင်းရပ်စ်ကို ကြိုးကိုင်ထိန်းချုပ်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို နှိမ်နင်းခဲ့ခြင်း  က ဝက်ခြံကြောင့် အမာရွတ်ကျန်ခြင်း စိတ်ဖိစီးမှုများ နေခြင်း တို့က ကာကွယ်နိုင်မည့်လက်နက်သစ်တစ်ခုဖြစ်သည်'ဟု ပြောကြားခဲ့သည်။ လေ့လာမှုတွင် အဏုဇီဝပိုးနှစ်မိုျးကို အဓိကလေ့လာခဲ့ပြီး တစ်မျိုးက Propionibacteriumacnes ဟုခေါ်သောဝက်ခြံ ဖြစ်စေသည့် ဘက်တီးရီးယားနှင့် Propionibacteriumacnesphages ဟုခေါ်သော ဝက်ခြံဖြစ်စေ သည့် ဘက်တီးရီးယားကို ဖျက်ဆီးပစ်မည့် ဗိုင်းရပ်စ်တို့ဖြစ်သည်။ ကျွန်တော်တို့ ရဲ့ခုခံအားစနစ်ဟာ P.bacterium ရဲ့ လှုံ့ဆော်မှုကို ခံရတဲ့အခါ နီရဲ၊ ယောင်ရမ်း၊ ဘုထွက်ခြင်းတို့ကို ဖြစ် ပေါ်စေပါတယ်။ လတ်တလောအသုံးပြုနေတဲ့ဆေးဝါးများ ကလည်း P.bacteriumရဲ့ပမာဏကိုသာ လျော့ချပေးနိုင်ပါသည်။ ထို့ပြင် လိင်ဟော်မုန်းများနှင့်မျက်နှာအဆီပြန်ခြင်းတို့ကလည်း ဝက်ခြံဖြစ်စေသည့် အဓိကအကြောင်းအရာများဖြစ်ကြသည်။ သို့သော် P.bacterium  အဓိကအကျဆုံးဖြစ်ဖြစ်သည်။ နှစ်ပေါင်းအတော်များများထိ အရေပြားပညာရှင်များက ဝက်ခြံကုသရာတွင် Benzoyl Peroxide ပဋိဇီဝဆေး များနှင့် Accutane (Isotertinoin) စသောဆေးများကို အသုံးပြုခဲ့ကြ သည်။ ထိုသို့ အသုံးပြုခဲ့ရာ ပဋိဇီဝဆေးအများစုမှာ ဆေးယဉ်ပါးခြင်းများ လာ၍ ဆေးမတိုးတော့ပေ။ Accutane ကဲ့သို့ ဆေးမျိုးဆိုလျှင်လည်း အကျိုးသက်ရောက်မှု ကောင်းသော်လည်း ဘေးထွက်ဆိုးကျိုးများလှသည်။ ထို့ကြောင့် ယခုအချိန်သည် စိတ်ချရပြီး အကျိုးသက်ရောက်မှုရှိသော ဝက်ခြံကုသသည့်နည်းသစ်များ တွေ့ရှိရန်လိုအပ်နေသောအချိန်ပင်ဖြစ်သည်။ ယခုတွေ့ရှိထားသောဗိုင်းရပ်စ်ပိုးများကို ဝက်ခြံ ဖြစ်စေသောပိုးများမှ ပရိုတင်းတစ်မိုျး နှင့် မှတ်မိအောင်လေ့ကျင့်ပြီး ယင်းပရိုတင်းပါသော ဘက်တီးရီးယားအား ပို၍ဖျက်စီးအောင် ပြောင်းလဲပေနေသည်။ အကယ်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုအောင်မြင်ပါက လူအများတွင် လုံခြုံစိတ်ချစွာသုံးနိုင်၊ မသုံးနိုင်စမ်းသပ်မည်ဖြစ်ပြီး အောင်မြင်ပါက ဝက်ခြံ နှင့်ပတ်သက်၍ စိတ်ညစ်နေရသော ဆယ်ကျော်သက်များအဖို့ ဝမ်းမြောက်ဖွယ်သတင်းကောင်းပင်ဖြစ်ပါသည်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18