Print

ဗီတာမင်နှင့် ဝက်ခြံ

  24-Apr-2017
Preview Image

ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပေါ်တတ်သော ဝက်ခြံများသည် ဗီတာမင်ဓာတ် လုံလောက်စွာ မရရှိကြခြင်းကြောင့် အဖြစ်များတတ်သည်။ ဗီတာမင်သည် အဖုအပိမ့်ထွက်ခြင်းကို ကာကွယ်နိုင်ပြီး ပျောက်ကင်းသက်သာစေနိုင်သည့်အတွက် ဗီတာမင်ဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများ စားသုံးပေးခြင်း သာမကဘဲ ဖြည့်စွက်ဆေးဝါးများအနေဖြင့်ပါ သောက်ပေးသင့်သည်။ 


ဗီတာမင်အေ Beta Carotine (ဘီတာကရော့တင်း) သို့မဟုတ် retionol

ရီတင်နောဟု အမည်ရသော ဗီတာမင်အေသည် အရေပြား ခြောက်သွေ့ကြမ်းတမ်းခြင်းမျိုး မဖြစ်ရန်အတွက် လိုအပ်သော ဓာတ်တစ်မျိုးဖြစ်သည်။ အဆိုပါ ဗီတာမင်အေကို မှီဝဲမည်ဆိုလျှင် ဗီတာမင်အီး ဆေးကိုပါ တွဲဖက်၍ မှီဝဲသင့်သည်။ အစာချေရန်အတွက် လိုအပ်သော အဆီဓာတ်တစ်မျိုးသည် ဗီတာမင်အီးတွင် ပါဝင်ပြီး ထိုအဆီကို ဗီတာမင်အေဓာတ်က လိုအပ်သည့်အတွက် ဖြစ်ပါသည်။


ဗီတာမင်စီ


အအေးမိခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင်စီဓာတ်ကို အသီးအမျိုးမျိုး၊ အစာနှင့် အချဉ်ဓာတ်ပါဝင်သော အသီးများမှ ရရှိနိုင်ပါသည်။


ဗီတာမင် ဒီ

ဗီတာမင်ဒီဓာတ်ကို နေရောင်ခြည်မှရရှိပြီး အချိန်အနည်းငယ်မျှသာ နေပူစာလှုံပေးခြင်းဖြင့် လုံလောက်မှု ရရှိနိုင်ပါသည်။ ထို့အပြင် ဗီတာမင်ဒီ ပါဝင်သော ဖြည့်စွက်ဆေးဝါး အနည်းငယ်မျှကိုလည်း သောက်သုံးပေးနိုင်ပါသည်။


ဗီတာမင်အီး

အမာရွတ်များကို သက်သာပျောက်ကင်းစေသော ဗီတာမင်အီး ဓာတ်၏ အခြားအကျိုးကျေးဇူးတစ်ခုမှာ အဖုအပိမ့် ဖြစ်ခြင်းကိုပါ ပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိတစ်ခု ရှိခြင်းပင်ဖြစ်ပါသည်။


Niacin သို့မဟုတ် Nicotinic (နီကိုတင်းနစ် အက်ဆစ်)

ဗီတာမင် ဘီ အုပ်စုဝင်ဖြစ်သော နီကိုတင်းနစ်အက်ဆစ် အရေပြားအောက်တွင်ရှိသော သွေးကြော များကို သွေးလှည်ပတ်မှု အားကောင်းစေရန် အကူအညီပေးနိုင်ရုံသာမက အရေပြားကောင်းမွန်စေရန် အကျိုးသက်ရောက်မှု မြန်ဆန်ပါသည်။ 


Credit : ဦးခိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18