Print

ရုတ်တရတ်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ထိပ်ကပ်နာ(acute sin...

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ထိပ်ကပ်နာ ဖြစ်ရခြင်းသည် လူ့ဦးခေါင်းခွံတွင်နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းခွံတွင်းလေလမ်းကြောင်း ပိတ်ဆို့မှုကြောင့်ဖြစ်သည်။နှာခေါင်းတွင်းရှိအခန်းလေးများရောင်ရမ်းကာ နှပ်ရည်များထွက်၍ပိတ်ဆို့ခြင်းဖြစ်သည်။နှာခေါင်းလမ်းကြောင်းပိတ်ဆို့မှုကြောင့် အသက်ရှူရခက်သည့်အပြင် မျက်လုံးနှင့်မျက်နှာများဖောင်းအစ်လာပြီး ခေါင်းကိုက်နိုင်ပါသည်။များသောအားဖြင့် တုပ်ကွေးဖြစ်ခြင်းမှအစပျိုးတတ်ပြီး ဘတ်တီးရီးယားပိုးမဝင်ပါက တစ်ပတ်မှ (၁ဝ)ရက်အတွင်းသက်သာပျောက်ကင်းသွားတတ်ကြပါသည်။ ဆေးဝါးများဖြင့်ကုသသော်လည်း (၁၂)ပတ်ကျော်အထိမပျောက်ကင်းပါက နာတာရှည်ထိပ်ကပ်နာဟုသတ်မှတ်ထားပါသည်။နာတာရှည်ထိပ်ကပ်နာဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။


အဓိကလက္ခဏာများ

- နှာခေါင်းနှင့်လည်ချောင်းမှ ခပ်ပျစ်ပျစ် အဝါရောင် သို့မဟုတ် အစိမ်းရောင်အရည်များထွက်ခြင်း

- နှာခေါင်းပိတ်၍အသက်ရှူရခက်ခြင်း

- နဖူး၊မျက်လုံး၊ပါးနှင့်နှာခေါင်းဝန်းကျင် ဖောင်းအစ်၍နာကျင်ခြင်း


အခြားလက္ခဏာများ

- နားအတွင်းလေဖိအားများ၍နားအူနေခြင်း

- ခေါင်းကိုက်ခြင်း

- အပေါ်မေးရိုးနှင့်သွားများကိုက်ခြင်း

- အနံ့၊အရသာခံစားမှုအာရုံလျော့ခြင်း

- ချောင်းဆိုးခြင်း (အထူးသဖြင့် ညပိုင်းတွင်ဆိုးခြင်း)

- နှာခေါင်းနှင့်ပါးစပ်မှအနံ့အသက်ဆိုးများထွက်ခြင်း

- ပင်ပန်းနွမ်းလျခြင်း

- ဖျားနာခြင်း 


ဖြစ်ပွားရသော အကြောင်းရင်းများ

- ဗိုင်းရပ်စ်ပိုးကြောင့်တုပ်ကွေးဖြစ်ခြင်းမှတစ်ဆင့်ထိပ်ကပ်နာဖြစ်ခြင်း (အဖြစ်များသည်။)

- ဘတ်တီးရီးယားပိုးဝင်ခြင်း


ဖြစ်နိုင်ချေများသူများ

- ဓာတ်မတည့်ခြင်းလက္ခဏာရှိသူများ

- နှာခေါင်းလမ်းကြောင်းပုံစံမမှန်သူများ (နှာခေါင်းတွင်းအလုံး၊အကျိတ်ရှိသူများ၊နှာခေါင်းတွင်းရှိနှာနုရိုးသွေဖယ်ခြင်းများ)

- Cystic fibrosis ဟုခေါ်သောရောဂါရှိသူများ

- ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS)ရောဂါရှိသူများ


နောက်ဆက်တွဲ ပြဿနာများ

- နာတာရှည်ထိပ်ကပ်နာဖြစ်တတ်ခြင်း

- ဦးနှောက်အမြှေးပါးရောင်ခြင်း

- ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားပိုးသည် အရေပြားနှင့်အရိုးများသို့ပျံ့နှံ့ကာ အရေပြားဆဲလ်နှင့်အရိုးများကိုပါရောင်စေပါသည်။

- အနံ့ခံအာရုံလျော့ခြင်း(ဦးခေါင်းခွံအတွင်းရှိအနံ့နှင့်သက်ဆိုင်သောအာရုံကြောကိုရောင်စေသောကြောင့်ဖြစ်သည်။)

- အကယ်၍ပိုးသည်အမြင်အာရုံလမ်းကြောင်းသို့ရောက်သွားပါက မျက်စိအမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်တတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ခဏတာ ထိပ်ကပ်နာဖြစ်ခြင်းသည် များသောအားဖြင့် အလိုအလျောက်ပျောက်ကင်းသွားတတ်ကြပြီး ဆရာဝန်နှင့်ကုသရန်မလိုအပ်ပေ။

- သို့သော်ရောဂါလက္ခဏာမှာ ရက်ရှည်ပြီး ပို၍ဆိုးလာခြင်း၊အဖျားရက်ရှည်ခြင်း၊ခဏခဏပြန်ဖြစ်ခြင်းနှင့်နာတာရှည်ထိပ်ကပ်နာဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။

- မျက်နှာဖောင်းအစ်လာခြင်း၊မခံနိုင်အောင်ခေါင်းကိုက်ခြင်း၊အဖျားကြီးခြင်း၊မူးဝေခြင်း၊ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊ဇာတ်ခိုင်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- နှာခေါင်းတွင်းသို့မှန်ပြောင်းဖြင့် ကြည့်ရှှုစစ်ဆေးခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- နှာခေါင်းနှင့်နှာခေါင်းလမ်းကြောင်းမှအသားစယူကာ ပိုးကိုစစ်ဆေးခြင်း

- ဓာတ်မတည့်သောလက္ခဏာများရှိမရှိ စစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- ပိုးသတ်ထားသောဆားရည်ဖြင့်နှာခေါင်းတွင်းသို့ အစက်ချ၍ဆေးခြင်း

- ရောင်ရမ်းမှုကို လျော့နည်းစေသောဆေးပါသည့် နှာခေါင်းဖျန်းဆေးများအသုံးပြုခြင်း

- နာကျင်မှုများရှိပါက အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း

- ပဋိဇီဝဆေးဝါးများဖြင့်ကုသခြင်း (များသောအားဖြင့်မလိုအပ်ပေ၊သို့သော်ဘတ်တီးရီးယားပိုးဝင်မှုကြာရှည်ခြင်း၊ပြင်းထန်ခြင်းတို့ဖြစ်ပါက ပဋိဇီဝဆေးဖြင့်ကုသရန်လိုအပ်ပါသည်။)

- Immunotherapy (ဓာတ်မတည့်သောသူများတွင် မတည့်သောအရာကိုမိမိကိုယ်၏ခုခံအားစနစ်မှယဉ်သွားအောင်ပြုလုပ်ခြင်း)


ကာကွယ်ခြင်း

- ရေနှင့်အသီးဖျော်ရည်များသောက်သုံးပါ။

- ကော်ဖီသောက်သုံးခြင်း၊အရက်သောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ခြင်း

- ရေနွေးငွေ့လေးရှူပေးခြင်း၊ရေနွေးနွေးလေးဖြင့်ရေချိုးပေးခြင်း

- မျက်နှာကိုရေနွေးဝတ်လေးနှင့်နှိပ်နယ်ပေးခြင်း

- နှာခေါင်းကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်း တို့ဖြင့်ကာကွယ်နိုင်ပါသည်။


Ref: Mayo Clinics

Credit:Dr Toe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18