Print

တစ်ကယ် ပိန်ချင် သူများ အတွက် (၇)ရက်တွင်း ပိန်နည်း

  01-Jan-1970
Preview Image

တကယ် ပိန်ချင် သူများ အတွက် ဆေးဝါး အကူ မလိုဘဲ၊ မိမိ ဖာသာ အစား အသောက် ဖြင့် ဝိတ်ချ လို့ရတဲ့ နည်းလမ်း ကောင်း ရှိပါတယ်။ ဒီနည်း က ရက် သတ္တ ( ၁ ) ပတ် အတွင်း ကိုယ် အလေးချိန် ၆ မှ ၈ ကီလို ထိ ကျစေ တဲ့ နည်းလမ်း ဖြစ်တယ် လို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၄ ) ရက် နေ့စွဲပါ American Health Digest မှာ ဖော်ပြ ထားခဲ့ ပါတယ်။ သို့သော် ( ၇ ) ရက် တိတိ သူ့အညွှန်း အတိုင်း လိုက်နာ နိုင်မှသာ ကိုယ် အလေးချိန် သိသိ သာသာ လျော့ကျ စေမှာ ဖြစ်လို့၊ တကယ် ပိန်ချင် လိုစိတ် ပြင်းပြ သူများ ကြိုးစား အားထုတ် ကြည့်စေ လိုပါတယ်။


ပထမနေ့

တသက်တာ လုံး စားသောက် လာခဲ့သမှျှ ခန္ဒာကိုယ် ထဲမှာ ပုန်းအောင်း နေတဲ့ အဆိပ် အတောက် တွေ ကို ဖယ်ထုတ် ပေးရမှာ ဖြစ်လို့ ပထမနေ့က အရေးကြီး ဆုံး ပါဘဲ။ ဒါကြောင့် ရေဓာတ် ပါဝင်မှု များတဲ့ သစ်သီး ဝလံများ ဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ် ဇီးသီးကြီး စသည့် အဆင်ပြေ ရာ သစ်သီး တို့ကို ဗိုက် ဆာတဲ့ အခါ တိုင်း ထမင်းလွတ် စားပေးရမှာ ဖြစ်ပါတယ်။ သောက်ရေ ကိုတော့ အနည်းဆုံး ဖန်ခွက် ၆ - ခွက်မှ ၈ - ခွက် အထိ သောက် ပေးပါ။ ( ပထမနေ့မှာ ဌက်ပျောသီး စားခွင့် မရှိပါဘူး ရှင် )


ဒုတိယနေ့

ဒီနေ့မှာ တော့ ပန်းဂေါ်ဖီ စိမ်း ( ခေါ် ) ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီး အမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက် ( သို့မဟုတ် ) ပြုတ်၍ ( သို့မဟုတ် ) အပူပေးကာ ဟင်းချို / စွပ်ပြုတ် ဖြစ်ဖြစ် နှစ်သက် သလို စားနိုင် ပါတယ်။ သို့သော် ဆီ ( လုံး၀ ) မထည့် ပါနဲ့။ ဒုတိယ ရက်မှာ အာလူး ကို ရှောင်နိုင် လေ ကောင်းလေ ပါ။ အကယ်၍ အားလူး စားချင် စိတ် ရှိပါက ပြုတ်၍ နံနက် စာ အဖြစ် သာစားပါ။ ( ပထမနေ့ အတိုင်း ရေသောက် ဖို့မမေ့ပါနဲ့ )


တတိယနေ့

ဒီနေ့အတွက် သစ်သီး ဝလံ နဲ့ဟင်းသီး ဟင်းရွက်တွေ ကို တလှည့် စီ စားလို့ရပါပြီ။ ဒါပေမယ့် အာလူး တော့ မစား ပါနဲ့ဦး။ နံနက်စာ ကို သစ်သီး ဝလံ စားပါ။ နေ့လည်စာ ကို ဟင်းသီး ဟင်းရွက် စားပါ။ ညနေပိုင်း အဆာ ပြေ သစ်သီး ထပ်စား ပြီးနောက်၊ ညစာ ကိုတော့ ဟင်းသီး ဟင်းရွက်တွေ ရော သစ်သီး ဝလံများ ပါ ၂ - မျိုးရော စားနိုင် ပါတယ်။ ( ပထမနေ့အတိုင်း ရေသောက်ဖို့မမေ့ပါနဲ့ )


စတုတ္ထနေ့

ဒီနေ့ကတော့ ပျော်စရာ နေ့လေးပါဘဲ။ တနေ့တာ လုံးအတွက် ဌက်ပျောသီး ၈ - လုံး အထိ စားလို့ရပြီး၊ နွားနို့၃ - ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့၊ နွားနို့ ၁-ခွက် စီသောက်ပေးပါ။ ညနေစာ ကိုတော့ အဆာ ပြေ ဌက်ပျော် သီး ၂ လုံးလောက် စားပေး နိုင်ပါ တယ်။ ( ပထမ နေ့အတိုင်း ရေသောက် ဖို့မမေ့ ပါနဲ့)


ပဉ္စမနေ့

ဒီနေ့မှာ တော့ ခရမ်းချဉ်သီး မှည့် ( အလုံးကြီးကြီး ) ၁၀ - လုံးနဲ့ ထမင်း ပန်းကန်လုံး သေး ၁ - ခွက် စား လို့ရပါ တယ်။ ထမင်း ပန်းကန် လုံးသေး ၁ - ခွက်ကို နေ့လည်စာ အဖြစ် စားပြီး၊ နံက် / နေ့လည် / ညစာတွေ အတွက် ခရမ်းချဉ်သီး ၁၀ - လုံးကို အဆင်ပြေ သလို စား နိုင်ပါ တယ်။ ပဉ္စမ နေ့က ရေတိုး သောက်ပေး ရမယ့် နေ့ဖြစ်လို့ ယခင် သောက်ရေ ဖန်ခွက် ၈ - ခွက်မှ ယခု ၁၂ - ခွက်အထိ သောက် ပေး ရပါမယ်။


ဆဌမနေ့

ဒီနေ့မှာ လည်း နေ့လည်စာ ကို ထမင်း ပန်းကန် လုံးသေး ၁ - ခွက် စားလို့ရပါတယ်။ သို့သော် သစ်သီးဝလံ တို့စားခွင့် မရှိပါဘူး။ ဒုတိယ နေ့က အတိုင်း ဟင်းသီး ဟင်းရွက် တွေကို တော့ အလုံအလောက် စားပေး နိုင်ပါတယ်။ ( ပဉ္စမ နေ့ပမာဏ အတိုင်း ရေများများ တိုးသောက် ဖို့မမေ့ပါနဲ့ )


သတ္တမနေ့

( အားတင်း ထားနော် နောက်နေ့က စလို့ကိုယ် ကြိုက်တာ အစားစုံ စားလို့ရပြီ လေ ) ပျော်စရာ နေ့ကြီးပါ။ ဒီနေ့ မှာတော့ ထမင်း ပန်းကန် လုံး သေး ၁ - ခွက်စာ အပြင်၊ ဟင်းသီး ဟင်းရွက် တွေနဲ့ သစ်သီး ဝလံတွေ ပါ စားခွင့် ရှိပါတယ်။ မှန်ကြည့် လိုက်ပါဦး သင့် မျက်နှာ အသား အရေ ပိုကောင်း လာပြီး ယခင် က ထက် ပိုမို ဝင်းပ နေတာကို တွေ့ရပါ လိမ့်မယ်။ ကိုယ် အလေးချိန် ချိန်ကြည့် တဲ့ အခါ မှာလည်း အနည်းဆုံး ၆ - ကီလိုလောက် ကျသွား တာမို့ ဒါဟာ သင့်ရဲ့ မဆုတ် မနစ် ဇွဲ ရှိရှိဖြင့် ကြိုးစား အားထုတ်မှု ရလာဘ် တွေ ဖြစ်ပါ တယ်။


Credit : နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18