Print

မိတ်ကပ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်

  30-Aug-2018
Preview Image

မိန်းကလေးတိုင်းလိုလို လှှလှပပလေး နေချင်ကြပါတယ်။ မိန်းကလေးတိုင်း လှအောင်လည်း အလှပြင်ကြတာချည်းပါပဲ။ အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။


မိတ်ကပ်ပေါင်ဒါမှုန့်ဗူးတွေ ဝယ်တဲ့အခါမှာ လိမ်းတဲ့ တို့ဖတ်လေးတွေ တပါတည်း ပါလာပြီးသားပါ။ မိန်းကလေးတော်တော်များက မိတ်ကပ်ကုန်မှ တို့ဖတ်ကိုပါ လွှင့်ပစ်လေ့ ရှိပါတယ်။ တကယ်တော့ မိတ်ကပ်မကုန်ခင်မှာ တို့ဖတ်ကို လဲလှယ်ပေးတာမျိုး လိုပါတယ်။ အနည်းဆုံးတော့ အရောင်လေး နည်းနည်း ညစ်ထေးလာတာနဲ့ လျှော်တာမျိုး သန့်ရှင်းရေး လုပ်ပေးပါ။ တို့ဖတ်နည်းတူပါပဲ မျက်နှာပေါ်ကို ထိတွေ့တဲ့ ဘရက်ရှ်တွေကိုလည်း လဲလှယ်ပေးတာ သန့်ရှင်းရေးလုပ်တာမျိုး လုပ်ပါ။ အညစ်အကြေးရှိနေတဲ့ မိတ်ကပ်သုံး ပစ္စည်းတွေကို ထားမယ်ဆိုရင်တော့ ဘာတွေဖြစ်မလဲဆိုရင်..


(၁) အနီစက်တွေနဲ့ အသားအရေ ယားယံခြင်း

တစ်ခါတစ်လေမှာ ဘာကြောင့်မှန်း မသိ မျက်နှာအသားရေ ယားယံနေတတ်ပါတယ်။ ဒါဟာ မသန့်ရှင်းတဲ့ ဘရက်ရှ်တွေနဲ့ မျက်နှာကို ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ဝင်တာကြောင့်ပါပဲ။ ယားယံတာတွေ မဟုတ်ဘဲ အနီစက်တွေ ပေါက်တာလည်း ဖြစ်နိုင်ပါသေးတယ်။


(၂) ချွေးပေါက်ကျယ်ခြင်း

ချွေးပေါက်ကျယ်တယ်ဆိုရင် တိုနာသုံးဖို့ စိတ်ကူးကြပါတယ်။ တိုနာသုံးတဲ့အခါမှာ သုံးတဲ့ ဂွမ်းဖတ်လေးတွေ မသန့်ရှင်းဘူးဆိုရင်တော့ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်သွားပြီး ချွေးပေါက် ပိုကျယ်လာမှာပါ။ ဒါ့အပြင် မျက်နှာမှာ အဆီဖုတွေတောင် ဖြစ်နိုင်ပါသေးတယ်။


(၃) အရေးအကြောင်းဖြစ်လွယ်ခြင်း

စိတ်ဖိစီးမှုတွေကြောင့်လည်း အရေးအကြောင်းဖြစ်နိုင်ပြီး အသက်အရွယ်မတိုင်ခင် ရင့်ရော်တာကြောင့်လည်း အရေးအကြောင်း ဖြစ်လွယ်ပါတယ်။ မိတ်ကပ်ဘရက်ရှ်တွေ မသန့်ရှင်းတာနဲ့ အချိန်ကြာကြာ သုံးတာကြောင့် ဘရက်ရှ်အမွှေးလေးတွေ မနုုတော့တဲ့အခါမှာလည်း အသားအရေ တင်းရင်းမှုကို ထိခိုက်စေပြီး အရေးအကြောင်း ဖြစ်စေပါတယ်။


(၄) မျက်လုံးနီရဲခြင်း

မျက်လုံးအတွင်းဘက်မှာ နီရဲပြီး နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မျက်တောင်ကော့ဆေးတွေနဲ့ Liner ပစ္စည်းတွေ မသန့်ရှင်းတာကြောင့်ပါ။ မျက်တောင်ကော့ဆေးတွေသုံးရင် စုတ်တံလေးတွေမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပြီး မျက်စိထဲကို ဝင်တာကြောင့်ပါ။ အထူးသတိပြုဖို့တော့ လိုပါတယ်နော်။


(၅) ဝက်ခြံ

ဝက်ခြံကတော့ မသန့်ရှင်းကြောင့်ဖြစ်တဲ့ အလှအပပျက်စီးရခြင်း အကြောင်းရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာကို သန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့သာ ထိဖို့ လိုပါတယ်။ မဟုတ်ရင် ဘယ်လိုမှ မပျောက်နိုင်ပါဘူး။ လက်သည်းအပါအဝင် မိတ်ကပ်သုံးပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာ ဝက်ခြံဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေကြောင့် အဆီပြန်တာတွေ ပိုဖြစ်နိုင်ပြီး အဆီပြန်လိုက် ဝက်ခြံထွက်လိုက် သံသရာလည်နေမှာမို့ သန့်ရှင်းအောင် ထားပါ။


Credit: Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18