Print

ဆံသားတွေကျိုးပြတ်ပြီး အဖျားတွေ နှစ်ခွဖြစ်နေလား

  10-Dec-2018
Preview Image

ဆံပင်ကို မကြာခဏ ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက် လုပ်နေမယ်ဆိုရင် သင့်ဆံသားတွေက ဓာတုပစ္စည်းတွေရဲ့ဒဏ်၊ အပူဒဏ်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒီဒဏ်တွေကြောင့် ဆံသားတွေ ခြောက်သွေ့ပြီး ကြွပ်ဆတ်လာကာ ဆံသားနှစ်ခွဖြစ်လာပါတယ်။ ဈေးကွက်ထဲမှာ ဆံပင်အဖျားနှစ်ခွမဖြစ်အောင်သုံးနိုင်တဲ့ ခေါင်းလျှော်ရည်၊ ကွန်ဒီရှင်နာ၊ ဆီအကြည်စတာတွေ အများကြီးရှိပေမယ့် သဘာဝနည်းလမ်းနဲ့ ဆံပင်အဖျားနှစ်ခွ မဖြစ်ဘဲ ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်စေဖို့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

 

သဘာဝလေနဲ့သာ ခြောက်သွေ့ပါစေ
ခေါင်းလျှော်ပြီးတဲ့အခါ Dryer နဲ့ လေမှုတ်ပြီး အခြောက်ခံတာထက် သဘာဝလေနဲ့သာ အခြောက်ခံတာ အကောင်းဆုံးပါ။ Dryer နဲ့ လေမှုတ်တာကြောင့် ဆံပင်အဖျားတွေ နှစ်ခွဖြစ်စေပါတယ်။

 

လိုက်နာပါ
ဆံပင်အမြန်ခြောက်ဖို့ Dryer သုံးကိုသုံးမှဖြစ်မယ်ဆိုရင်တော့ အပူရှိန်ကို လျှော့ပြီး ဆံပင်နဲ့ ခပ်ဝေးဝေးကနေ အသုံးပြုရမှာဖြစ်ပါတယ်။

 

ရေစိုနေချိန်မှာ ဆံပင်မဖြီးပါနဲ့
ရေစိုနေချိန် ဆံပင်ဖြီးတာကြောင့် ဆံသားအဖျားနှစ်ခွဖြစ်နိုင်ခြေများစေပါတယ်။

 

လိုက်နာပါ
ခေါင်းလျှော်တဲ့အခါ ဆံပင်တွေ ရှုပ်ထွေးနေတာကို ရှင်းချင်တယ်ဆိုရင်တော့ လက်ချောင်းလေးတွေကို အသုံး ပြုနိုင်ပါတယ်။ ဘီးသုံးချင်တယ်ဆိုရင်တော့ ခပ်ကျဲကျဲဘီးကို အသုံးပြုနိုင်ပါတယ်။

 

သံလွင်ဆီသုံးပါ
သံလွင်ဆီက အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး ဆံသားကို ရေဓာတ်ဖြည့်ပေးတာကြောင့် ဆံပင်အဖျားနှစ်ခွ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သံလွင်ဆီက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံချည်မျှင်အိတ်လေးတွေပျက် စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သံလွင်ဆီကဆံသားတွေကို ရေဓာတ်ဖြည့်ပေးပြီး ဆံပင်သန်စွမ်းစေတာကြောင့် ဆံသားကျိုးပြတ်တာနဲ့ အဖျားနှစ်ခွဖြစ်တာတွေ ကင်းစေပါ တယ်။ သံလွင်ဆီအစား အုန်းဆီနဲ့ နှမ်းဆီတွေကိုလည်း သုံးနိုင်ပါတယ်။

 

အဖျားတိပေးပါ
ဆံပင်အဖျားတိလိုက်လို့ အရှည်နှေးမှာစိတ်မပူပါနဲ့။ မကြာခင် ပြန်ရှည်လာပါလိမ့်မယ်။

 

ခေါင်းလျှော်တိုင်း သဘာဝကွန်ဒီရှင် နာသုံးပါ
ခေါင်းလျှော်တဲ့အခါတိုင်းမှာ ကွန်ဒီရှင်နာသုံးပေးတာကြောင့် ဆံသး အားဖြစ်စေလို့ ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ကြွပ်ဆတ်ပြီး ကျိုးလွယ်တာတွေ ကင်းစေပါတယ်။ ဓာတုပစ္စည်းနဲ့ ထုတ် လုပ်ထားတာတွေအစား သဘာဝနည်း လမ်းတွေကိုသာ အသုံးပြုသင့်ပါတယ်။

 

သဘာဝဆန်ဆန် ပြင်ဆင်ပါ
ဆံပင်နဲ့ပတ်သက်တဲ့ အလှပြင်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ သဘာ ပစ္စည်းတွေ အသုံးပြုဖော်စပ်ထုတ်လုပ် ထားတာတွေကိုသာ ရွေးချယ်အသုံးပြု သင့်ပါတယ်။

 

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18