Print

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ)

  27-Oct-2016
Preview Image

 

ကျောက်ကပ်ရောင်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ မကောင်းသောအရာများကို စွန့်ထုတ်ပေးရာနေရာဖြစ်သည့် (Glomeruli ) ရောင်ရမ်းသည့် ရောဂါကိုဆိုလိုပါသည််။ဖြစ်ပွားခံစားနေရသော အချိန်ပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။  Acute Glomerunephritis- ရုတ်တရက်ရောင်ရမ်းခြင်းနှင့် Chronic Glomerunephritis- တာရှည် ရောင်ရမ်းခြင်း 



လက္ခဏာများ
- ဆီးအနီရောင်သွားခြင်း
- ဆီးအမြှုပ်ထခြင်း ( ဆီးထဲတွင် အသားဓာတ်များပါလာသောကြောင့်ဖြစ်သည်)
- သွေးပေါင်ချိန်တက်ခြင်း
- ဖောရောင်ခြင်း( မျက်နှာ၊ လက်၊ ခြေထောက်၊ ဗိုက်)
- မောပန်းနွမ်းနယ်ခြင်း ( သွေးအားနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း တို့ကြောင့်ဖြစ်ရသည်)



ဖြစ်ပွားရသော အကြောင်းရင်းများ
အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျောက်ကပ်ရောင်ခြင်းကိုဖြစ်ပွားတတ်သော်လည်း အချို့သူများတွင် အကြောင်းရင်းမတွေ့ရဘဲ ဖြစ်နေတတ်သည်။


အကြောင်းရင်းအချို့မှာ-
- Post-streptococcal glomerulonephritis စရပ်တိုကောကပ်ခေါ် ဘက်တီးရီးယားပိုးဝင်ပြီးနောက် ကျောက်ကပ်ကို ထိပြီး ရောင်ရမ်းခြင်း
- Bacterial endocarditis- သွေးတွင်းပိုးအဆိပ်တက်ခြင်း
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ
- Viral infections- အချို့ဗိုင်းရပ်စ်ပိုးများကြောင့်လည်းဖြစ်ပွားနိုင်ပါသည်။ဥပမာ- HIV အိတ်အိုင်ဗွီ ဗိုင်းရပ်စ်၊ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး။
- Lupus အရေပြားလေးဘက်နာရောဂါ
- Goodpasture’s syndrome- တုံပြန်ခုခံအားရောဂါ
- IgA nephropathy
- Polyarteritis - ခန္ဓာကိုယ်အနှံ့ အကြောရောင်ရောဂါ
- Wegener’s granulomatosis
- Focal segmental glomerulosclerosis- ကျောက်ကပ်၏ အချို့နေရာများ အမာရွတ်ဖြစ်ခြင်း



နောက်ဆက်တွဲ ပြဿနာများ
- ကျောက်ကပ်ပျက်စီးခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း
- သွေးပေါင်ချိန်တက်ခြင်း
- Nephrotic syndrome



စစ်ဆေးမှုများ
- ဆီးစစ်ခြင်း- ဆီးထဲတွင် သွေးနီဥ သို့ သွေးနီဥအပိုင်းအစများပါလာခြင်း၊ အသားဓာတ်ပါလာခြင်း တို့ဖြစ်ပါက ကျောက်ကပ်ထိခိုက်မှုရှိနေသည်ယူဆနိုင်သည်။ ဆီးထဲတွင် သွေးဖြုဥပါလာပါက ရောဂါပိုးရှိနေသည်ဟု ယူဆနိုင်ပါသည်။
- သွေးစစ်ခြင်း-သွေးထဲတွင် urea နှင့် creatinine ဓာတ်စစ်ဆေးခြင်း(ပုံမှန်ဆိုလျှင် ၎င်းမကောင်းသောပစ္စည်းများကို ကျောက်ကပ်မှစွန့်ထုတ်ပေးသည်။ ကျောက်ကပ်မကောင်းပါက မစွန့်ထုတ်နို်င်ဘဲ သွေးထဲတွင်များလာခြင်းဖြစ်သည်)
- ဓာတ်မှန်ရိုက်ခြင်း-ကျောက်ကပ်ကောင်းမကောင်း ပုံဖော်ခြင်း
- Computerized tomography ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- ကျောက်ကပ်အသားစယူ၍ စစ်ဆေးခြင်း- ကျောက်ကပ်ရောဂါဖြစ်ပွားစေသော အကြောင်းအရင်းကို အတိအကျသိစေရန် အသားစစစ်ဆေးခြင်း



ကုသခြင်း
ကျောက်ကပ်ပျက်၍ သွေးတိုးနေပါက 
- ဆီးဆေးပေးခြင်း
- ACEI နှင့် ARB အုပ်စုဝင်ဆေးများပေး၍ကုသခြင်း
ဖြစ်ပွားစေသော အဓိက အကြောင်းရင်းကို ကုသခြင်း။
ဥပမာ- ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက ပိုးသတ်ဆေးပေး၍ ကုသခြင်း။
- Acute renal failure ကျောက်ကပ် ပျက်သွားပါက Haemodialysis ကျောက်ကပ်ဆေး၍ ကုသခြင်းများပြုလုပ်သင့်သည်။



လူနေမှုသဘာဝပြုမူနေထိုင်ပုံနှင့် အိမ်တွင်းကုထုံးများ
- ဆားလျော့စားပါ။
- အသားဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကို အလွန်အကျွံမစားသောက်ရပါ။
- ခန္ဓာကိုယ်အလေးချိန်ထိန်းပါ။
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပါ။ (အထူးသဖြင့် ဆီးချိုရောဂါရှိလျှင်)
- ဆေးလိပ်သောက်ခြင်းမှရှောင်ပါ။



ကာကွယ်ခြင်း
- စရပ်တိုကောကပ်စ် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် လည်ချောင်းနာခြင်းတို့ဖြစ်ပေါ်ပါက ကြိုတင်၍ ပိုးသတ်ဆေးသောက်ပါ။
- သွေးတိုး နှင့် ဆီးချိုတို့ကြောင့် ကျောက်ကပ်မထိရန် သွေးတိုး၊ ဆီးချိုတို့ကို အစားအသောက်၊အနေအထိုင် ၊ ဆေးဝါးတို့ဖြင့် စနစ်တကျထိန်းပါ။



Dr.hp
Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18