Print

Heat Stroke (အပူကြီး၍ လေဖြတ်ခြင်း)

  19-Nov-2016
Preview Image

 

အပူကြီးလေဖြတ်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် အလွန်ပူလာခြင်း၊ သို့မဟုတ် နေပူထဲတွင် ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ရှိရမည့် အပူချိန်ထက်လွန်ကဲကာ ခန္ဓာကိုယ်အတွင်းကလီစာများပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။

 

လက္ခဏာများ
အပူကြီးခြင်း - ပုံမှန်ရှိသည့် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် မှ ၄၀ အထိမြင့်တက်ခြင်း။
စိတ်အခြေအနေ လှုပ်ရှားမှုပုံစံပြောင်းခြင်း
ချွေးအလွန်အကျွံထွက်နေရာ မှ ချွေးမထွက်တော့ဘဲ ခြောက်ပြီးခန္ဓာကိုယ်အလွန်အမင်းပူနေခြင်း
ပျို့အန်ခြင်း
ခန္ဓာကိုယ်အရေပြားနီရဲခြောက်သွေ့ခြင်း။

 

ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ
အထက်ပါလက္ခဏာများဖြစ်ပေါ်သည်ဟု ခံစားရပါက အနီးစပ်ဆုံးဆေးရုံသို့ အလျင်မြန်ဆုံးသွားရောက်သင့်သည်။ 

 

ဆေးရုံမရောက်မီစပ်ကြားတွင် ပြုလုပ်သင့်သည့် အချက်များ
လူနာအား နေပူထဲမှ အရိပ်အောက်သို့ ပို့ပါ။
ထူထဲသော အဝတ်အစားများရှိပါက ချွတ်ပါ။
လူနာအား အေးအောင် နည်းအမျိုးမျိုးဖြင့်ပြုလုပ်ပါ။ ဥပမာ-ယပ်ခပ်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်း။ ပေါင်ကြား၊ ချိုင်းကြား၊ လည်ပင်းကြားတွင် ရေပတ်တိုက်ပေးခြင်း။


 
ဖြစ်ပွားရသော အကြောင်းရင်းများ
အပူလွန်ကဲသော ပတ်ဝန်ကျင်နှင့်ကြာရှည်စွာ ထိတွေ့မှုများခြင်း
အလွန်ပူသောအချိန်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်း
နွေအခါတွင် ထူထပ်သောအဝတ်များကို ဝတ်ဆင်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း
ချွေးအလွန်ထွက်သောအချိန်တွင် ရေများများပြန်မဖြည့်တင်းနိုင်ခြင်း

 

ဖြစ်နိုင်ချေများသူများ
အသက်ကြီးသူများ
အသက်ငယ်ရွယ်သော ကလေးသူငယ်များ
ရောဂါအခံရှိသူများ- ဆီးချိုရောဂါ၊နှလုံးရောဂါ၊ အဆုတ်ရောဂါရှိသူများ
ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများ
အလုပ်ပြင်းပြင်းထန်ထန်လုပ်ရသူများ- ဥပမာ-တောင်တက်သမားများ၊အားကစားသမားများ၊ အလုပ်ကြမ်းလုပ်သူများ။

 

နောက်ဆက်တွဲပြဿနာများ
အရေးကြီးသော ကလီစာများပျက်စီးခြင်း၊ 
အသက်သေဆုံးခြင်း။

 

စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ဓာတ်မှန်ရိုက်စစ်ဆေးခြင်း

 

ကာကွယ်ခြင်း
အပူကြီးလေဖြတ်ခြင်းသည် ဖြစ်မဖြစ်ခန့်မှန်းနိုင်၊ ကာကွယ်နိုင်သောရောဂါဖြစ်သည်။
နွေရာသီ ပူပြင်းသော အချိန်တွင် ပေါ့ပါးသောအဝတ်များကိုဝတ်ဆင်ပါ။
နေရောင်ခြည်နှင့် အချိန်ကြာရှည်စွာ ထိတွေ့ခြင်းမှ တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။
ရေများများသောက်ပါ။
အပူအောင်းခြင်းကို ဖြစ်စေသည့်ဆေးများသောက်နေပါက သတိထားနေထိုင်ပါ။
အလုံပိတ်ကားထဲတွင် နေထိုင်ခြင်းမပြုရ။

 

Ref; Mayo clinic 
       NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18