Print

Impotence (ပန်းသေပန်းညှိုးခြင်း)

  19-Nov-2016
Preview Image

 

ပန်းသေပန်းညှိုးခြင်းသည် အသက် ၄၀ မှ ၇၀ အတွင်းရှိ အမျိူးသားများတွင် အဖြစ်များတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ 

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့်သော်လည်းကောင်း ပန်းသေပန်းညှိုးခြင်း ဖြစ်ပွားနိုင်သည်။

 

 ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊
- သွေးတွင်းကိုလက်စထရောဓာတ်များ၍ အမျိူးသား လိင်အင်္ဂါသို ့သွားသော သွေးကြောများ ကျဉ်းခြင်း၊
- ဟော်မုန်းပြဿနာများ၊
- လေဖြတ်ခြင်း
- လိင်တံခွဲစိတ်မှု (သို ့) ခါးရိုးဝန်းကျင် ခွဲစိတ်မှု
- လိင်တံ ထိခိုက်ဒဏ်ရာ ရခြင်း (သို ့) ဦးခေါင်း ပြင်းထန်စွာ ထိခိုက်မိခြင်း
- လိင်တံ၏ တစ်သျူးများ အနေအထား မမှန်ခြင်းကြောင့် ဖြစ်နိုင်သည်။ 

 

 စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
- စိတ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် 
- အိမ်ထောင်ရေး အဆင်မပြေခြင်း (သို ့) သမီးရည်းစား အဆင်မပြေခြင်း စသော စိတ်အခြေအနေများကြောင့်လည်း ပန်းသေပန်းညှိုး ဖြစ်နိုင်သည်။ 
တစ်ကိုယ်တော် အာသာဖြေချိန်နှင် ့ အိပ်ရာနိုးချိန်တို ့တွင် လိင်တံ တင်းမာခြင်းရှိသော်လည်း အမျိုးသမီးနှင့် ဆက်ဆံရာတွင်မူ လိင်တံတင်းမာခြင်း မရှိခြင်းမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ဖြစ်သည်။ သို ့သော် မည်သည့်အခြေအနေတွင်မဆို လိင်တံတင်းမာခြင်း မရှိလျှင်ကား ရုပ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ဟုဆိုနိုင်သည်။ တစ်ချို ့သော ဆေးဝါးများ (ဆီးဆေး၊ သွေးကျဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ ကင်ဆာရောဂါဆေး) သောက်သုံးခြင်းကြောင့်လည်း ပန်းသေပန်းညှိုးခြင်း ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကယ်၍ ရက်သတ္တပတ် အနည်းငယ်ထက် ပိုကြာအောင် ပန်းသေပန်းညှိုး ဖြစ်နေပါက ဆေးရုံဆေးခန်းသို ့ သွားရောက်သင့်သည်။ ဆေးခန်းသို ့ရောက်ပါက ဆရာဝန်က သင်၏ ရောဂါလက္ခဏာများ၊ ရုပ်နှင် ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေအကြောင်း၊ အရက်သောက်သုံးမှု ရှိမရှိ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိနှင် ့လတ်တလော သောက်နေသော ဆေးဝါးများအကြောင်း မေးမြန်းနိုင်သည်။
စမ်းသပ်မှုအနေဖြင့် လိင်တံကို စမ်းသပ်ခြင်း၊ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို ရှာဖွေရန်အတွက် လိုအပ်သော သွေးစစ်ခြင်းများ၊ ဟော်မုန်း level စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ အခြားသော စစ်ဆေးမှုများ အနေဖြင် ့ အာထရာဆောင်းရိုက်ခြင်း၊ သွေးကြောအတွင်းသို ့ဆေးထိုးထည့်၍ ဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်လျှင် စိတ်ကျန်းမာရေး စစ်ဆေးမှုများပါ ပြုလုပ်မည်ဖြစ်ပါသည်။

 

ကုသခြင်း
အကယ်၍ ပန်းသေပန်းညှိုးခြင်းမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါများကြောင် ့ ဖြစ်ပါက ထိုရောဂါများကို ကုသခြင်းဖြင့်လည်း ပန်းသေပန်းညှိုးခြင်း ပျောက်ကင်းနိုင်သည်။ပန်းသေပန်းညှိုးခြင်း ဖြစ်စေနိုင်သော ဆေးဝါးများ သောက်သုံးနေပါကလည်း ဆရာဝန်နှင့်တိုင်ပင်၍ တခြားဆေး ပြောင်းရန်လိုအပ်ပါသည်။ အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း၊ မူးယစ်ဆေးဝါး ဖြတ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းဖြင့်လည်း ပန်းသေပန်းညှိုးခြင်း သာမက ကိုယ်ရောစိတ်ပါ ကျန်းမာရေးက်ို ကောင်းမွန်စေနိုင်သည်။

 

Phosphodiesterase-5 inhibitors ဆိုသော ဆေးသည် ပန်းသေပန်းညှိုးခြင်းအတွက် အသုံးအများဆုံးနှင့်် အသုံးဝင်ဆုံး ဆေးတစ်လက်ဖြစ်သည်။ သို ့သော် နှလုံးရောဂါ ရှိသူများ၊ လိင်တံမာပြီးနောက် နာရီများစွာကြာအောင် နာကျင်သူများနှင် ့သွေးတိုးရောဂါအတွက် Alpha-blockers သောက်နေသူများအနေနှင့် PDE-5 inhibitor ကို ဆရာဝန်နှင့် တိုင်ပင်၍သာ သောက်သင့်သည်။ Nitratesပါဝင်သောဆေးများသောက်သုံးနေလျှင်၊ သွေးပေါင်ကျနေသူများ၊ လေဖြတ်ဖူးသူများ၊ ရင်ဘတ်အောင့်ရောဂါ ရှိသူများ၊ နှလုံးခုန် ရုတ်တရက် ရပ်ဖူးသူများသည် PDE-5 inhibitors ကိုလုံးဝ မသောက်သင့်ပါ။PDE-5 inhibitors ၏ ဘေးထွက်ဆိုးကျိူးများမှာ ခေါင်းကိုက်ခြင်း၊ မျက်နှာနီရဲခြင်း၊ အစာမကြေခြင်း၊ ပျို ့အန်ခြင်း၊ နှာပိတ်/နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အမြင်ဝေဝါးခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို ့ဖြစ်နိုင်သည်။


  
Vacuum pumps ဟုခေါ်သော လေစုပ်ခွက်ဖြင့်လည်း ပန်းသေပန်းညှိုးခြင်းကို သက်သာစေနိုင်သည်။ သို ့သော် လေစုပ်ခွက်ကို အသုံးပြုတတ်စေရန် ကြိမ်ဖန်များစွာ လေ့ကျင့်ရမည်ဖြစ်သည်။ လေစုပ်ခွက်သုံးခြင်းဖြင့် မည်သည့် အကြောင်းကြောင့် ပန်းသေပန်းညှိုးခြင်း ဖြစ်စေကာမူ မိနစ် ၃၀ ခန် ့ကြာအောင် လိင်တံတင်းမာစေနိုင်သည်။ အကယ်၍ သွေးမတိတ်ရောဂါ (သို် ့) သွေးကျဲဆေး သောက်နေပါက လေစုပ်စက်ကို မသုံးသင့်ပါ။သို ့သော် အထက်ပါ ဆေးနည်းများနှင့် မသက်သာပါက Alprostadil ဟုခေါ်သော ဟော်မုန်းဆေးဖြင့်လည်း သက်သာစေနိုင်သည်။ Alprostadil ကို လိင်တံသို ့တိုက်ရိုက်ဆေးထိုးခြင်း (သိုု ့) ဆီးလမ်းကြောင်းထဲသို ့ သေးငယ်သော ဆေးတောင့်အဖြစ် ထည့်နိုင်သည်။ Alprostadil သည် သွေးဖိအား အပြောင်းအလဲ ဖြစ်စေနိုင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ လိင်တံနာကျင်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း/သွေးပါခြင်းနှင် ့ ဆေးထိုးသော နေရာတွင် ရောင်ရမ်းခြင်းတို ့ဖြစ်စေနိုင်သည်။

 

အကယ်၍ ဟော်မုန်းပြဿနာကြောင့် ဖြစ်ပါက ဟော်မုန်းရောဂါ အထူးကုနှင့် သွားရောက်ဆွေးနွေးတိုင်ပင်သင့်သည်။ ကားအက်ဆီးဒင့်ကြောင့် လိင်တံ ထိခို်က်ဒဏ်ရာရသွားသော လူငယ်များနှင် ့လိင်တံအနေအထား မမှန်သူများတွင်မူ ခွဲစိတ်မှုပြုလုပ်နိုင်သည်။ စိတ်ရောဂါကြောင့် ပန်းသေပန်းညှိုး ဖြစ်နေပါက စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နှင် ့သွားရောက်ပြသကာ စိတ်ကျန်းမာရေး အခြေအနေအကြောင်း ဆွေးနွေးတိုင်ပင်သင့်သည်။ တစ်ချို ့သော ခါးရိုးကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့်လည်း ပန်းသေပန်းညှိုးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

 

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18