Print

Kyphosis (ခါးကုန်းခြင်း)

  21-Nov-2016
Preview Image

 

ကျောရိုးတစ်လျှောက်ပုံမှန်အတိုင်းရှိသည့် အကွေးအကောက်ထက်ပို၍ ကိုင်းနေခြင်း၊ကုန်းနေခြင်းကိုဆိုလိုပါသည်။ အချို့သူများတွင် ကုန်းနေသည့်အတွက် မည်သည့် ပြဿနာမျှမရှိသော်လည်း အချို့တွင်မူ ခါးနာခြင်း၊ တောင့်ခြင်း၊ ကျောရိုးတစ်လျှောက်နာခြင်း၊ မောပန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ခါးကုန်းကိုင်းခြင်းသည် ပို၍ဆိုးလာပါက အသက်ရှူခြင်း အစာစားခြင်းတို့တွင်ပါအခက်အခဲရှိလာနိုင်ပါသည်၊

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ပုံမှန်ကျောရိုးတိုင်သည် ခေါင်းခွံမှစ၍ တင်ပါးဆုံရိုးအထိ တောက်လျှောက်ရှှိပြီး အချို့နေရာ(ခါး) တွင်ကော့နေသော်လည်း အချို့နေရာ(ရင်ဘတ်ကျောရိုး)တွင်အနည်းငယ်ကိုင်းနေတတ်သည်။ ထိုပုံမှန်အတိုင်း ကိုင်းခြင်းထက် ပိုသွားသောကြောင့်ဖြစ်သည်၊


- ငယ်စဉ်အခါက နေထိုင်မှုပုံစံမှားယွင်းခြင်း - ခေါင်းငုံ့၍ထိုင်ခြင်း လှုပ်ရှားခြင်း၊ မှီစောင်း၍ ထိုင်ခြင်း၊ လေးလံသောကျောပိုးအိတ်များကို ငယ်စဉ်ကတည်းကလွယ်ခြင်း
- Congenital kyphosis - မွေးရာပါခါးကိုင်းခြင်း
- Osteoporosisအရိုးပွခြင်း - အရိုးပွ၍ကျိုးလွယ်ပြီး ကုန်းခြင်း
- Spondylosis - အရိုးကျီးပေါင်းတက်ခြင်း
- Spina bifida - ကျောရိုးဖြစ်ပေါ်မှု ပုံမမှန်ခြင်း
- Paget’s disease - မကောင်းသော အရိုးအသစ်များဖြစ်ပေါ်လာခြင်း
- Neurofibromatosis  - အာရုံကြောကိုထိခိုက်သည့် မွေးရာပါရောဂါ
- Muscular atrophy - မွေးရာပါကြွက်သားကျုံ့ရောဂါ
- Tuberculosis  - အရိုးတီဘီ
- Cancer - အရိုးကင်ဆာ
- Trauma - ကျောရိုးထိခိုက်မိခြင်း

 

နောက်ဆက်တွဲ ပြဿနာများ
- ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်ခြင်း
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
- ခါးဆစ်ရိုးများကြားထဲရှိ အကြောများပျက်စီးခြင်း
- အကြောများပျက်စီးသည့်အတွက် ဆီးနှင့်ဝမ်းလုပ်ဆောင်ချက်များ ယိုယွင်းခြင်း၊ ဆီးမလုံခြင်း၊ ဝမ်းမလုံခြင်း
- ခြေလက်များထုံကျင်ခြင်း
- ကိုယ်နေဟန်လှုပ်ရှားမှု မထိန်းနိုင်ခြင်း
- ကုန်းနေသည့် ကျောရိုးသည် အဆုတ်ကိုဖိထားသည့်အတွက် အသက်ရှူရခက်ခဲခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်တတ်သည်။

 

စစ်ဆေးမှုများ
- ဆရာဝန်မှကျောရိုးကိုစမ်းသပ်ခြင်း
- ကျောရိုးဓာတ်မှန်ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- သွေးစစ်ခြင်း- ရောဂါအတွက်လိုအပ်သည့် သွေးစစ်ခြင်း (ဥပမာ- Screening test for tuberculosis)

 

ကုသခြင်း
လူအများစုတွင်ကုသမှုအလိုအပ်ပေ။ နေထိုင်မှုပုံစံမှား၍ဖြစ်ပေါ်သည့် ခါးကုန်းခြင်းတွင် posture ခန္ဓာကိုယ်အနေအထားကို မှန်အောင်ပြုလုပ်ခြင်းဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်နိုင်ပါသည်။ ပုံမှန်အနေအထား မဟုတ်ဘဲရှိနေသည့် ကျောရိုးတိုင်ရောဂါသည် ကလေးအသက်ကြီးလာသည်နှင့်အမျှ ကွေးခြင်းရပ်တန့်သွားသည်။ 
- နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးသောက်ခြင်း
- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဥပမာ-ယောဂကျင့်စဉ်
- Bracing - ခါးနာလျှင်ပတ်သည့် ခါးပတ်
အထက်ပါကုသနည်းများဖြင့် မသက်သာပါက ခွဲစိတ်နည်းဖြင့်ကုသနိုင်ပါသည်၊
- ခွဲစိတ်နည်းဖြင့် မွေးရာပါခါးကုန်းခြင်းကိုကုသခြင်း၊ 

 

Ref: NHS choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18