Print

Meningitis( ဦးနှောက်အမြှေးရောင်ရောဂါ)

  21-Nov-2016
Preview Image

 

ဦးနှောက်အမြှေးရောင်ခြင်းဆိုသည်မှာ ဦးနှောက် Brain နှင့် အာရုံကြောမကြီး Spinal cord ကိုအုပ်ထားသော အမြှေးပါးနှင့်တကွ ဦးနှောက်အတွင်းရှိအရည်များ ပိုးဝင်ရောက်ခြင်းကြောင့်ရောင်ရမ်းခြင်းကိုဆိုလိုပါသည်။

 

လက္ခဏာများ
- ရုတ်တရက်အဖျားကြီးခြင်း
- လည်ပင်းတောင့်ခိုင်ခြင်း
- အလွန်အမင်းမခံနိုင်အောင် ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- တောင့်ခြင်း၊ တက်ခြင်း
- မှိန်းခြင်း၊ နိုးရခက်ခြင်း
- အလင်းရောင်မခံနိုင်ခြင်း
- အစားချင်၊ မသောက်ချင် ဖြစ်ခြင်း
- အနီကွက်ထခြင်း( in case of meningococcal meningitis)

 

အသက်၂လအောက် ကလေးများတွင် တွေ့ရနိုင်သော လက္ခဏာများ
- အဖျားကြီးခြင်း
- အဆက်မပြတ်ငိုခြင်း
- အလွန်အိပ်ခြင်း၊ ချော့မရအောင် ဂနာမငြိမ်ဖြစ်ခြင်း
- မှိန်းခြင်း
- လည်ပင်း (သို့) တကိုယ်လုံးတောင့်ခြင်း

 

ဖြစ်ပွားရသောအကြောင်းရင်းများ
Viral meningitis- ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားခြင်းသည် အများဆုံးဖြစ်သည်။
Bacterial meningitis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက နောက်ဆက်တွဲဆိုးရွားနိုင်ပြီး အသက်အန္တရာယ်အထိ ထိခိုက်နိုင်သည်။

 

ဖြစ်ပွားစေနိုင်သော ဘက်တီးရီးယားပိုးအမျိုးအစားများမှာ-

Streptococcus pneumonia
Neisseria meningitidis
Haemophilus influenza
Listeria monocytogenes
Fungal meningitis- မှိုရောဂါပိုးကြောင့်ဖြစ်ခြင်း
Others အချို့ sarcoidosis ရောဂါမျိုးကြောင့်လည်းဖြစ်ပွားနိုင်ပါသည်။

 

အဖြစ်များသောလူအုပ်စုများမှာ-
ကာကွယ်ဆေးပြည့်စုံအောင် မထိုးရသေးသူများ
အသက်ကြီးလွန်း ငယ်လွန်းခြင်း
လူထူထပ်စွာနေထိုင်ရသူများ
ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ခုခံအားကျဆင်းနေသူများ

 

ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ
- ဖျားခြင်း
- အလွန်အမင်းခေါင်းကိုက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- အန်ခြင်း
- လည်ပင်းတောင့်ခြင်း

 

နောက်ဆက်တွဲ ပြဿနာများ
အကြားအာရုံချို့တဲ့ခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်း
သင်ကြားမှုခက်ခဲခြင်း
ဦးနှောက်ပျက်စီးခြင်း
လှုပ်ရှားမှုအနေအထားပြောင်းလဲခြင်း ??
တက်ခြင်း
ကျောက်ကပ်ပျက်စီးခြင်း
Shock ရခြင်း
အသက်ဆုံးရှုံးခြင်း -အထိဖြစ်ပေါ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါဖြစ်စေမည့် ဇာစ်မြစ်ကိုရှာဖွေခြင်း
သွေးစစ်ခြင်း၊သွေးထဲရှိအကောင်ပေါက်မပေါက်မွေးခြင်း
ဓာတ်မှန်ရိုက်ခြင်း- ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း
သံလိုက်ဓာတ်မှန်ရိုက်ခြင်း
ခါးဆစ်ရိုးအတွင်းမှ ဦးနှောက်အတွင်းအရည်ယူ၍ ပိုးရှိမရှိစစ်ဆေးခြင်း။ ပိုးအမျိုးအစားခွဲခြားခြင်း။

 

ကုသခြင်း
ကုသခြင်းတွင် ဖြစ်စေသည့် အခြေခံ အကြောင်းရင်းကို နှိမ်နင်းခြင်းသည် အဓိက ကျသည်။ ဥပမာ- ဘက်တီးရီးယားပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးသောက်ခြင်း။သို့သော် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးနှင့် ကုသ၍မရသဖြင့် ကုသနည်းတွင် ကောင်းမွန်စွာအနားယူခြင်း၊ အရည်များများသောက်ပေးခြင်း၊ နာကျင်ခြင်း အတွက်ဆေးသောက်ခြင်း၊ ဗိုင်းရပ်စ်ဖြစ်ပေါ်ခြင်းသည် ရက်သတ္တပတ် အနည်းငယ် အကြာတွင် ကောင်းမွန်သွားတတ်ပါသည်။

 

ကာကွယ်ခြင်း
ဦးနှောက်အမြှေးရောင်ရောဂါမဖြစ်ပွားရန် ကြိုတင်ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ-
MMR vaccine - ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိုတ်ရောင် ရောဂါကာကွယ်ဆေး။
Meningitis C vaccine
Meningitis W vaccine
Haemophilus influenza vaccine
Pneumococcal vaccine 

 

Ref: NHS choices
       Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18