Print

Hypereosinophilic syndrome ( အီရိုစီနိုဖေး သွေးဖြူဥများသောရောဂါ )

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

သွေးဖြူဥ (၅) မျိုးအနက်မှ Eosinophil အမျိုးအစား သွေးထဲတွင် ပမာဏများသော ရှားပါးသည့် သွေးရောဂါတစ်မျိုးဖြစ်သည်။ Eosinophil မှာ ကိုယ်ခန္ဓာမှ တုံပြန်တိုက်ခိုက်သည့် ခုခံဓာတ်တွင် အရေးပါသော သွေးဖြူဥဆဲလ်ကလပ်စည်း ဖြစ်သည်။

ပုံမှန်အားဖြင့် လူအများစုတွင် သွေးတွင်း Eosinophil ပမာဏမှာ 500 eosinophil/microliter ဖြစ်သည်။  

Hypereosinophilic syndrome ရှိသော လူနာများတွင် သွေးတွင် Eosinophil ပမာဏမှာ 1500 eosinophil/microliter ထိ ၆လနှင့်အထက်ရှိလေ့ရှိသည်။ ထိုအခါ  eosinophil များသည် ကိုယ်ခန္ဓာလပ်စည်းများအားလုံးကို ယောင်ယမ်းခြင်းဖြစ်စေကာ  ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ပျက်စီးစေသည်။ အများအားဖြင့် အရေပြား၊ အဆုတ်၊ နှလုံးနှင့် အာရုံကြောအစိတ်အပိုင်းများဖြစ်သည်။

 

လက္ခဏာများ

အသက်ကြီးသူများတွင် ပိုဖြစ်ပွားတတ်သော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ရောဂါလက္ခဏာများမှာ ထိခိုက်သည့် အဂါင်္အစိတ်အပိုင်းပေါ်မူတည်သည်။

- အရေပြားတွင် အနီကွက်ဖြစ်ခြင်း ( အင်ပြင်ထခြင်း  urticaria or angioedema )

- ခေါင်းမူးခြင်း

- မှတ်ဉာဏ်အားလျော့နည်းခြင်း၊ သတိလစ်ခြင်း၊ မေ့မြောခြင်း

- ချောင်းဆိုးခြင်း

- အသက်ရှူမဝခြင်း

- အားနည်းခြင်း

- အဖျားတက်ခြင်း

- ပါးစပ် အာခေါင်နာခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

သွေးထဲတွင် Eosinophil များစေသော အကြောင်းရင်းများမှာ - 

- ကပ်ပါးကောင်ရောဂါများ၊ မှိုရောဂါများ

- ဆေး၊ အစားအစာများဖြင့် ဓာတ်မတည့်ခြင်း

- Adrenal gland မကောင်းခြင်း

- အရေပြား ပြဿနာများ

- အဆိပ်သင့်ခြင်း

- ကိုယ်ခန္ဓာမှ မူမမှန်တိုက်ထုတ်တတ်သော ရောဂါများ Autoimmune diseases

- ဟော်မုန်းဆိုင်ရာ ပြဿနာများ

- အလုံးအကျိတ်များ၊ ကင်ဆာများ


အောက်ပါရောဂါများသည်လည်း Eosinophil များခြင်းနှင့် ပတ်သက်ဆက်နွယ်လေ့ရှိကြသည်။

- သွေးဖြူဥရောဂါတစ်မျိုး Acute myeloid leukemia (AML)

- သံကောင် Round worm

- ပန်းနာရင်ကျပ်ရောဂါ

- နှင်းခူ

- ကင်ဆာ

- သားဥအိမ်ကင်ဆာ

- ပြန်ရည်ကြော ကင်ဆာ Hodgkin\'s lymphoma

- ခုခံအားနည်းရောဂါ

- အူလမ်းကြောင်းရောဂါ Ulcerative colitis

Hypereosinophilic syndrome အနေဖြင့် အကြောင်းရင်းမရှိဘဲ ဖြစ်လေ့ရှိပြီး ရိုးတွင်းခြင်ဆီကင်ဆာ၊ ပြန်ရည်ကြော ကင်ဆာများတို့ကြောင့် အဖြစ်များလေ့ရှိသည်။


ဖြစ်နိုင်ချေများသူများ

မည်သူမဆိုတွင် ဖြစ်ပွားနိုင်သည်။သို့သော် အသက် ၂ဝမှ ၅ဝကြား အမျိုးသားများတွင် အဖြစ်များသည်။



စစ်ဆေးမှုများ

Hypereosinophilic syndrome သည် အခြားရောဂါများနှင့်လည်းတွဲဖြစ်တတ်သောကြောင့် ရောဂါဖြစ်ဖြစ်ချင်းစစ်ဆေးရန် မလွယ်ကူလှပေ။ အများအားဖြင့် ဆရာဝန်နှင့် ရောဂါလက္ခဏာကို ပြသ၍ စစ်ဆေးမှုများ ခံယူသင့်သည်။

- ရောဂါဖြစ်ကြောင်းကို ဆရာဝန်နှင့် တိုင်ပင်ခြင်း

- ဝမ်းမှတစ်ဆင့် ပိုး စစ်ဆေးခြင်း ( stool evaluation ) 

- ဓာတ်မတည့်မှုများကို စစ်ဆေးခြင်း ( allergy testing ) ( ဥပမာ- အစားအစာနှင့် ဓာတ်မတည့်ခြင်း )

- သွေးစစ်ဆေးခြင်း 

- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)

- ဓာတ်မှန်ရိုက်ခြင်း 

- နှလုံးအာထရာဆောင်း ရိုက်ခြင်း 

- ကျောက်ကပ်၊ အသည်းတို့နှင့် ပတ်သက်၍ စစ်ဆေးခြင်း

- သွေးထဲတွင် ဗိုက်တာမင် ဘီ ၁၂ ဓာတ် စစ်ဆေးခြင်း

-  သွေးထဲတွင် erythrocyte sedimentation rate (ESR) စစ်ဆေးခြင်း

-  သွေးထဲတွင် tryptase levels စစ်ဆေးခြင်း


Hypereosinophilic syndrome ကို စစ်ဆေးရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းထိခိုက်နေသည့် အတိုင်းအတာကိုပါ စစ်ဆေးရန်အရေးကြီးသည်။


ဖြစ်စေသောအကြောင်းရင်းရှာဖွေရာတွင် 

- အဆင့်မြင့် မျိုးရိုးဗီဇစစ်ဆေးမှုပြုလုပ်ခြင်း ( molecular genetic studies )

- ရိုးတွင်းခြင်ဆီဖောက်၍ စစ်ဆေးခြင်း ( မျိုးရိုးဗီဇ စစ်ဆေးမှုတွင် မတွေ့ရှိပါက ) 

- အသားစယူ၍ စစ်ဆေးခြင်း


ကုသခြင်း

ကုသရာတွင် သွေးထဲရှိ Eosinophil ပမာဏကို လျော့ချရန်ဖြစ်သည်။

- အမြဲစစ်ဆေး၍ စောင့်ကြည့်ခြင်း

- စတီးရိုက်ဆေး  glucocorticosteroid ဖြင့်ကုသခြင်း

- ဆေးသွင်းကုသခြင်း(hemotherapeutic agents)

- မျိုးရိုးဗီဇကြောင့် ဖြစ်လျှင် Protein-tyrosine kinase inhibitor ဆေးများဖြင့် ကုသနိုင်သည်။

Hypereosinophilic syndrome အတွက် ပိုမိုကောင်းမွန်သော ကုသနည်းအသစ်များကို ထပ်မံရှာဖွေလေ့လာဆဲဖြစ်သည်။



အခြားသိသင့်သော အချက်များ (ရှိလျှင်)

Hypereosinophilic syndrome ၏ အခြေအနေမှာ ထိခိုက်နေသော ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ်မူတည်သည်။ လွန်စွာဆိုးရွားသော အခြေအနေတွင် အသက်အန ္တရာယ်စိုးရိမ်ရသောလည်း မျှော်လင့်နိုင်သေးသည်။ အသက်ရှင်နှုန်းမှာ အများအားဖြင့် တိုးတက်လေ့ရှိသည်။ ယခုအချိန်တွင် ရောဂါရှင် ၈ဝရာခိုင်နှုန်းမှာ ၅နှစ်နှင့် ၅နှစ်ထက်ပို၍ အသက်ရှင်နိုင်ကြသည်။


Ref: www.aaai.com, mayo clinic

Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18