Print

Ingrown Toenail ( ခြေစွယ်ငုပ်ခြင်း)

  06-May-2017
Preview Image

ခြေစွယ်ငုပ်ခြင်းသည် ခြေသည်း (သို့) လက်သည်း အစွန်းများ ခြေသည်း (သို့) လက်သည်းအသား အတွင်းသို့ စိုက်ဝင်ခြင်း ဖြစ်သည်။

ထိုသို့ အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ခြေသည်းထိပ် နာခြင်း၊ ယောင်ခြင်းတို့ ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ ပိုးဝင်နိုင်သည်အထိ ဖြစ်နိုင်သည်။


လက္ခဏာများ

-  ခြေသည်း (သို့) လက်သည်း ဘေးနှစ်ဖက်လုံးနာခြင်း

-  ခြေသည်း (သို့) လက်သည်း ဘေးပတ်လည်တွင် နီနေခြင်း

-  ခြေသည်း (သို့) လက်သည်း ဘေးပတ်လည်တွင် ယောင်နေခြင်း

-  ခြေသည်း (သို့) လက်သည်း တွင်ပိုးဝင်နေခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- ရှုးဖိနပ် ကျပ်ကျပ် စီးခြင်း

- ခြေသည်း (သို့) လက်သည်းကို တိုလွန်းအောင် ညှပ်ခြင်း 

- ခြေသည်း (သို့) လက်သည်း ထိခိုက်မိခြင်း

- ခြေသည်း (သို့) လက်သည်း ပုံသဏ္ဍာန်မမှန်ခြင်း


နောက်ဆက်တွဲ လက္ခဏာများ

- ခြေစွယ်ငုပ်ခြင်းကို သေချာမကုသပါက ခြေသည်းကို ထိခိုက်သည်သာမက အရိုးအထိပါ ပိုးဝင်ပျံ့နှံ့နိုင်ပြီး ပြင်းထန်သော အရိုးရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။

- ဆီးချိုရောဂါ ရှိသူများ ခြေစွယ်ငုပ်လျှင် အထူးဂရုစိုက်သင့်ပါသည်။ အနာကျက်နှေးခြင်း၊ အနာပိုးဝင်ခြင်းများ၊ ဖြစ်ပေါ်လာနိုင်ပြီး ခြေထောက်၏ သွေးလှည့်ပတ်မှုနှင့်

  အာရုံကြောများကို ထိခိုက်နိုင်ပါသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် ခြေထောက် (သို့) ခြေချောင်းများ ပုပ်နိုင်ပြီး ခွဲစိတ်ကုသရသည်အထိ ဖြစ်လာနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ခြေသည်း (သို့) လက်သည်းများ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ ပြည်တည်ခြင်း

- ဆီးချို ရောဂါရှင်များ ခြေစွယ်ငုပ်လျှင် ဆရာဝန် နှင့် သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

- ခံစားရသော ရောဂါလက္ခဏာပေါ် မူတည်၍ ခြေသည်း နှင့် ခြေသည်း ပတ်လည်ရှိ အရေပြားနေရာကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါမည်။


ကုသခြင်း

- \"ခြေသည်းခွံ မ တင်ခြင်း\" ----- အသားအတွင်းသို့ စိုက်ဝင်နေသော ခြေသည်းနေရာ (ပြည်မတည်လျှင်)ကို သန့်ရှင်းသော ဂွမ်းစလေးဖြင့် ခြေသည်းခွံ နှင့် အရေပြားနေရာ

   ကြားသို့ ထည့်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခြေသည်းခွံမှာလည်း အောက်ခံအရေပြား အတွင်းသို့ စိုက်ဝင်တော့မည် မဟုတ်ပေ။ နေ့စဉ် ခြေသည်းကို ဆေးကြောပြီးဂွမ်းစကို လဲလှယ်ပေးပါ။  

- ခြေစွယ်အနာတွင် ပြည်တည်နေလျှင် ဆရာဝန်မှ ထုံဆေးထိုးပြီး စိုက်ဝင်နေသော ခြေသည်းနှင့် ပြည်များကို ဖယ်ရှားပေးခြင်း။

- မကြာခဏ ဖြစ်တတ်သူများတွင် လေဆာအသုံးပြုပြီး ခြေသည်းခွံဖယ်ရှားခြင်း။

- အနာပိုးဝင်လျှင် ပဋိဇီဝဆေး (antibiotics) သောက်ခြင်း။


လူနေမှုပုံစံပြောင်းခြင်းနင့် အိမ်တွင်းကုထုံးများ

- ခြေထောက်ကို ရေနွေးဖြင့် ၁၅မိနစ်-၂ဝမိနစ် အထိစိမ်ပေးခြင်း ==> တစ်နေ့လျှင် ၃ကြိမ်မှ ၄ကြိမ်အထိ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့်  နာကျင်မှု နှင့် ယောင်ရမ်းခြင်းများ သက်သာနိုင်ပါသည်။

- အသားအတွင်းသို့ စိုက်ဝင်နေသော ခြေသည်းအောက်သို့ သန့်ရှင်းသော ဂွမ်းစထည့်ပေးခြင်း ==> ထိုသို့ ပြုလုပ်လျှင် ခြေသည်းပတ်လည်နှင့် အရေပြားအတွင်းသို့ မထိုးစိုက်တော့ဘဲ 

  ခြေသည်းကောင်းစွာ ရှည်ထွက်နိုင်မည်ဖြစ်သည်။ 

- ပဋိဇီဝဆေး (antibiotics cream ) လိမ်းခြင်း။

- လေဝင်လေထွက် ကောင်းသောဖိနပ် (သို့) ခြေညှပ်ဖိနပ် စီးခြင်း။

- အကိုက်အခဲ ပျောက်ဆေး သောက်ခြင်း။


ကာကွယ်ခြင်း

- ခြေသည်းများကို ခုံးအောင်မညှပ်ပါနှင့်။ ခုံးအောင်ညှပ်ထားသော ခြေသည်းများတွင် ခြေစွယ်ငုပ်ခြင်း ပိုမိုဖြစ်ပေါ်နိုင်သည်။

- ခြေသည်းညှပ်ရာတွင် တိုလွန်းအောင်မညှပ်ရပါ။

- တင်းကျပ်သော ဖိနပ်များစီးခြင်း ရှောင်ကြဉ်ပါ။

- လုပ်ငန်းခွင်တွင် ခြေထောက်မထိခိုက်အောင် ကာကွယ်ပါ။

- ဆီးချိုရောဂါ ရှိပါက ခြေစွယ်ငုပ်သော လက္ခဏာ ရှိမရှိ စစ်ဆေးပါ။


Ref : Mayo clinic

By SMMP




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18