Print

Golfer\'s elbow (ဂေါဖ့်ရိုက်သမားများကဲ့သို ့တံတောင်ဆစ်နာကျင်ခြင်း)

  08-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

ဂေါဖ့်ရိုက်သမားများတွင်ဖြစ်တတ်သည့် တံတောင်ဆစ်နာကျင်ခြင်းသည် လက်ဖျံရိုးတစ်လျှောက်ရှိ ကြွက်သားများနှင့် အရွတ်များတွယ်ဆက်ထားသည့် တံတောင်ဆစ်ရိုးအတွင်းဘက်ပိုင်းနေရာတွင် ရောင်ရမ်းနေသောကြောင့် ဖြစ်သည်။တံတောင်ဆစ် နာကျင်ရာမှ လက်ဖျံရိုးတစ်လျှောက်နှင့် လက်ကောက်ဝတ်များပါ နာကျင်လာခြင်းဖြစ်သည်။


လက္ခဏာများ

၁။တံတောင်ဆစ် အတွင်းပိုင်း နာကျင်ခြင်း၊ တစ်ခါတစ်ရံ လက်ဖျံရိုးအတွင်းဘက်တစ်လျှောက် နာကျင်နေတတ်သည်။ လှုပ်ရှားမှုလုပ်သောအခါတွင် နာကျင်ခြင်းသည် ပို၍ဆိုးတတ်ပါတယ်။

၂။တံတောင်ဆစ်မှာ အကွေးအဆန် ့လုပ်လို ့မရအောင် တောင့်တင်းနေခြင်း၊လက်သီးဆုပ်သည့်အခါ တံတောင်ဆစ်မှာ နာကျင်နေခြင်း။

၃။တံတောင်ဆစ်နာသည့်ဘက်ရှိ လက်နှင့် လက်ကောက်ဝတ်မှာ အားအင်ချိနဲ ့နေခြင်း။

၄။လက်ချောင်းများထုံကျင်နေခြင်း( အထူးသဖြင့် လက်သူကြွယ်နှင့် လက်သန်းမှာ ပို၍ဖြစ်တတ်သည်)


တံတောင်ဆစ်နာကျင်ခြင်းသည် ရုတ်တရက်လည်းဖြစ်နိုင်သလို တဖြည်းဖြည်းချင်းလည်း ပိုဆိုးလာတတ်ပါတယ်။အောက်ပါအကြောင်းရာများသည် နာကျင်ခြင်းကို ပို၍ဆိုးစေပါတယ်။

၁။ ဂေါဖ့်ရိုက်သည့်အခါ၊ တင်းနစ်ရိုက်သည့်အခါ

၂။ ဘောလုံးကို ညှစ်သည့်အခါ

၃။ လက်ဆွဲနှုတ်ဆက်သည့်အခါ

၄။ တံခါးလက်ကိုင်ဖုကို လှည့်ဖွင့်သည့်အခါ

၅။ အလေးမသည့်အခါ

၆။ လက်ဖြန် ့သည့်အခါ

၇။ ပစ္စည်းကောက်ယူသည့်အခါ


ဖြစ်ပွားရသော အကြောင်းရင်းများ

Golfer\'s elbow ကို လက်မောင်းရိုး၏ အောက်ဘက်ဆုံးပိုင်းရှိ အတွင်းဘက် အရိုးဖုရောင်ရမ်းခြင်း( Medial epicondylitis) ဟုလည်းခေါ်ကြပါတယ်။ ဖြစ်ပွားရသည့်အကြောင်းရင်းမှာ လက်ချောင်းများနှင့် လက်ကောက်ဝတ်ကို ထိန်းချုပ်ထားသော ကြွက်သားနှင့် အရွတ်များ ပျက်စီးရာမှဖြစ်လာသည်။ 


လက်ကောက်ဝတ်နှင့် လက်ချောင်းများကို အသုံးပြု၍ ပြင်းထန်သောလှုပ်ရှားမှုများ ထပ်ခါထပ်ခါလုပ်ရသောအခါများတွင် လက်မောင်းရိုးအတွင်းဘက် အရိုးဖုကိုတွယ်ဆက်ထားသော ကြွက်သားနှင့် အရွတ်များ ဒဏ်ဖြစ်သွားသောကြောင့်ဖြစ်သည်။

   

ဖြစ်စေနိုင်သောအပြုအမူများမှာ-

- ဂေါဖ့်ရိုက်သည့်အခါတွင် အနေအထားမမှန်ခြင်းနှင့် အားပြင်းပြင်းထန်ထန်သုံး၍ရိုက်ခြင်း

- တင်းနစ်ရိုက်ခြင်း( တင်းနစ်ရိုက်တံမှာ သေးလွန်းခြင်း၊ လေးလံခြင်း)

- သံပြားပစ်ခြင်း၊ ဘက်စကက်ဘောကစားခြင်း၊ ဘောလုံးကစားခြင်း၊ မြှားပစ်ကစားခြင်း၊ တုတ်ထောက်ခုန်ခြင်းများသည်လည်း Golfer\'s elbow ကိုဖြစ်စေသည်။

- ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သည့်အခါ နည်းလမ်းမမှန်ခြင်း

- တံတောင်ဆစ်အကွေးအဆန် ့ကို ထပ်ခါထပ်ခါ လုပ်ရသည့်သူများတွင် အဖြစ်များသည် (ဥပမာ-ပန်းချီဆွဲခြင်း၊ လယ်ထွန်ခြင်း၊ သံမှိုရိုက်ခြင်း၊ သစ်ပင်ခုတ်ခြင်း၊ ကွန်ပျူတာလက်နှိပ်စက် အသုံးပြုများခြင်း)


ဖြစ်နိုင်ချေများသူများ

- အသက် (၄၀)ကျော်သူများ

- လက်ကို အသုံးချရသည့် လှုပ်ရှားမှုကို တစ်နေ ့လျှင် ၂နာရီထက် ပို၍လုပ်ဆောင်ခြင်း

- အဝလွန်ခြင်း

- ဆေးလိပ်သောက်ခြင်း


နောက်ဆက်တွဲ ပြဿနာများ

မကုသဘဲထားပါက  -ရက်ပေါင်းကြာရှည်စွာ တံတောင်ဆစ်မှ နာကျင်နေခြင်း

                         - တံတောင်ဆစ် လှုပ်ရှားမှုခက်ခဲခြင်း

                         - တံတောင်ဆစ်မှာ အကွေးအဆန် ့လုံးဝပြုလုပ်လို ့မရတော့သည်အထိ တောင့်တင်းသွားခြင်း


ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ

တံတောင်ဆစ်သည် နာကျင်သည့်အပြင် နီရဲရောင်ရမ်းနေခြင်း၊ အဖျားတက်ခြင်း၊ တံတောင်ဆစ်ကွေး၍ မရခြင်း၊ တံတောင်ဆစ်မှာ ပုံပျက်နေသည်ဟုထင်ရခြင်း၊ အရိုးကျိုးသွားသည်ဟုထင်သည့်အခါများတွင်  ဆရာဝန်နှင့်ချက်ချင်းသွားပြသင့်ပါတယ်။


စစ်ဆေးမှုများ

Golfer\'s elbow သည် ဆရာဝန်မှ ရောဂါရာဇဝင်မေးရုံ၊ စမ်းသပ် စစ်ဆေးရုံဖြင့် သိနိုင်ပါတယ်။

ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (တံတောင်ဆစ်နာကျင်ခြင်းသည် အရိုးကျိုးခြင်း။ အရိုးရောင်ခြင်းစသည့် အကြောင်းအရာများကြောင့်လည်း  ဖြစ်နိုင်သောကြောင့်လုပ်ရခြင်း ဖြစ်သည်)


ကုသခြင်း

- အနားယူခြင်း (လုပ်နေကျ အပြုအမူများကိုခဏနားပြီး အနားယူပါ)

- နာသည့်နေရာကို ရေခဲကပ်ပေးခြင်း (ရေခဲဝတ်ကို နာသည့်နေရာပေါ်တွင် ၁၅-၂ဝမိနစ်ထိကပ်ပေးပါ။ တစ်နေ ့ကို ၃-၄ကြိမ်ထိ ကပ်ပေးနိုင်ပါတယ်)

- အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း

- လက်သိုင်းကြိုးဝတ်ဆင်ခြင်း

- တံတောင်ဆစ်အကွေးအဆန် ့လေ့ကျင်ခန်းများလုပ်ခြင်း 

- တံတောင်ဆစ် လှုပ်ရှားမှုကိုလျှော့ချရန်(ကျုံ ့ဆန် ့ပတ်တီးများစည်းကာ လက်သိုင်းကြိုးသိိုင်းထားခြင်း)

- အနာသက်သာလာသည့်အချိန်တွင် လုပ်နေကျအလုပ်များကို တဖြည်းဖြည်းချင်းပြန်၍ လုပ်ဆောင်ပါ

- ခွဲစိတ်ကုသခြင်း( ၆-၁၂ လကြာသည့်တိုင် စောင့်ကြည့်ကုသခြင်း ပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများမသက်သာလျှင်)


ကာကွယ်ခြင်း

- လက်ဖျံရိုးကြွက်သားများ အားကောင်းစေရန် တင်းနစ်ဘောလုံး ဒါမှမဟုတ် ၄င်းကဲ့သို ့သောပေါ့ပါးသော အရာဝတ္ထုများကို မ ပေးခြင်း၊ ဆုပ်ကိုင်သည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း

- ကိုယ်လက်လှုပ်ရှားမှုမစခင်မှာ အကြောလျှော့လေ့ကျင့်ခန်း အရင်လုပ်ပါ။

- ကိုယ့် ကိိုယ်ခန္ဓာနှင့်ကိုက်ညီသော လေ့ကျင့်ခန်းကို လုပ်ပါ။

- အားကစားလုပ်သည့်ပစ္စည်းများ၏ အရွယ်အစား၊ အလေးချိန် များလည်း မှန်ကန်ရန် လိုအပ်ပါတယ်။

- ပစ္စည်းမသည့် အခါမျိုးတွင် လက်ကောက်ဝတ်အနေအထားနှင့် ကိုယ်ခန္ဓာအနေအထားများ မှန်ကန်ရပါမယ်။

- တံတောင်ဆစ်နာလာသည့်အခါမျိုးတွင် ခဏအနားယူပါ။


Translated by: Dr Khin JyuJyu Ko

Ref: Mayo clinic

(မှတ်ချက်။ ။ A to Z articles များတွင် လူနာများ မိမိဘာသာ ဝယ်ယူသောက်သုံးခြင်းမျိုး ဖြစ်ပေါ်မှုမရှိစေရန် ရည်ရွယ်၍ သောက်ဆေးများ အကြောင်းထည့်သွင်းရေးသားမှုကို တတ်နိုင်သမျှ ရှောင်ရှားရန် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အတည်ပြုထားသည်။ ထိုးဆေးနှင့် အခြား ဓါတ်ရောင်ခြည် ကုသမှုကဲ့သို့သော ကုသမှုမျိုးကိုမူ ထည့်သွင်းပေးနိုင်သည်။)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18