Print

Hearing loss or Deafness(အကြားအာရုံ အားနည်းခြင်း သို့ နားလေးခြင်း)

  09-May-2017
Preview Image

အသက်ကြီးလာသည်နှင့်အမျှ အကြားအာရုံ အားနည်းခြင်း၊ နားလေးခြင်းသည် အဖြစ်များလာသည်။ အသက်အရွယ်ကြီးခြင်းနှင့် ကျယ်လောင်သော အသံများကို ကာလကြာရှည်စွာနားထောင်ခြင်းသည် နားလေးခြင်းကို ဖြစ်စေသောအဓိကအကြောင်းအရင်းများဖြစ်သည်။ အကြားအာရုံ အားနည်းလာခြင်း၊ နားလေးခြင်းဖြစ်လာပါက နဂိုပကတိအတိုင်း ပြန်ကောင်းလာနိုင်ရန်ခက်ခဲသည်။ သို့သော် ဘဝတစ်သက်တာလုံး အကြားအာရုံချို့ယွင်းစွာဖြင့် နေထိုင်ရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဆေးပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အကြားအာရုံတိုးတက်အောင် ပြုလုပ်လာနိုင်သည်။

       

လက္ခဏာများ

- စကားပြောသံများနှင့် အခြားအသံများကို တိုးညှင်းစွာကြားရခြင်း

- ပြောသောစကားလုံးများကို နားမလည်ခြင်း

- အခြေခံဗျည်းများကိုပင် နားလည်ရခက်ခဲခြင်း

- အခြားသူများကို စကားဖြည်းဖြည်းနှင့်ကျယ်ကျယ်ပြောခိုင်းခြင်း

- တီဗီကြည့်လျှင်၊ ရေဒီယိုနားထောင်လျှင် အသံမြှင့်ရခြင်း

- အကြားအာရုံအလွန်ဆိုးလာသောအခါ လူတောမတိုးခြင်း၊ ပွဲလမ်းသဘင်များမသွားနိုင်တော့ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- အတွင်းနားပိုင်းတွင် ဒဏ်ရာရရှိခြင်း

- နားဖာချေးပိတ်ခြင်း

- နားတွင်းပိုးဝင်ခြင်း

- နားအတွင်းတွင် အသားပိုရှိခြင်း၊ အရိုးနုအပိုရှိခြင်း

- နားစည်မြှေးပေါက်ပြဲခြင်း


 ဖြစ်နိုင်ချေများသူများ

- အသက်အရွယ်ကြီးသူများ

- ကျယ်လောင်သံများကို ကြားရသူများ

- မွေးရာပါ အကြားအာရုံချို့တဲ့သူများ

- ဆူညံသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ရသူများ

- သောက်ဆေးများ - အချို့သောပိုးသတ်ဆေးများနှင့်ကင်ဆာဆေးများသည် အကြားအာရုံကို ချို့ယွင်းစေသည်။

- ဦးနှောက်အမြှေးရောင်ရောဂါ

    

နောက်ဆက်တွဲ ပြဿနာများ

အကြားအာရုံအားနည်းခြင်း သို့ နားမကြားခြင်းကြောင့် သင်၏လူမှုနေထိုင်မှု အရည်အသွေးကျဆင်းစေပါသည်။ ထို့အတူ စိတ်ကျခြင်း၊ စိတ်ဆတ်ခြင်း၊ အခြားသူများက သင့်အပေါ်ဒေါသထွက်နေသည်ဟုထင်ခြင်း စသည်တို့လည်းဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကြားအာရုံချို့ယွင်းလျှင် (အထူးသဖြင့် နားတဖက်ထဲတွင် ဖြစ်ပါက) ဆရာဝန်နှင့်အမြန်ဆုံးပြသရန် လိုအပ်ပါသည်။ အခြားသူများ၏ စကားပြောသံများကို သေသေချာချာ မကြားရတော့ခြင်း၊ အသံတိုးနေခြင်း၊ တီဗီ၊ ရေဒီယိုများ၏ အသံကိုမြှင့်ရခြင်း စသည်တို့ဖြစ်လာလျှင် ဆရာဝန်နှင့်အမြန်ဆုံးပြသသင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်မှ နားတွင်းတွင် ရောင်ရမ်းခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းနှင့် နားဖာချေး ရှိ၊ မရှိကို စစ်ဆေးမည်။

- နားတဖက်ကိုပိတ်ပြီး ကျန်နားတဖက် ကောင်း၊ မကောင်းကိုလည်း စစ်ဆေးမည်။

- သတ္တုခက်ရင်းခွဖြင့် နား၏မည်သည့်အစိတ်အပိုင်း ပျက်စီးနေသည်ကို သိနိုင်မည်။

  

 ကုသခြင်း

- အကြားအာရုံအားနည်းခြင်းသည် နားဖာချေးပိတ်ခြင်းကြောင့်ဖြစ်ပါက နားဖာချေးကိုထုတ်ခြင်းဖြင့် အကြားအာရုံပြန်ကောင်းလာမည်ဖြစ်သည်။

- အချို့ရောဂါများသည် ခွဲစိတ်ကုသမှသာ အကြားအာရုံပြန်ကောင်းလာနိုင်မည်။

- နားကြားကိရိယာသည်လည်း သင်၏အတွင်းနား ပျက်စီးခြင်းကြောင့်ဖြစ်သော အကြားအာရုံကို ပိုကြားအောင်ပြုလုပ်ပေးနိုင်သည်။

- နားအတွင်းပိုင်းတွင်ရှိသော Cochlea ကို အစားထိုးကုသခြင်းသည်လည်း အကြားအာရုံကို ပို၍ကောင်းမွန်စေသည်။      


ကာကွယ်ခြင်း

- ဆူညံသော လုပ်ငန်းခွင်တွင် သင်၏နားကိုကာကွယ်ရန် နားကြပ် သို့ နားစို့ကို အသုံးပြုပါ။

- သင်၏ အကြားအာရုံကို စစ်ဆေးပါ။ အထူးသဖြင့် ဆူညံသောလုပ်ငန်းခွင်တွင် အလုပ်လုပ်ရပါက မကြာခဏစစ်ဆေးသင့်ပါသည်။

- ဆူညံသော သီချင်းနားထောင်ခြင်း၊ သီချင်းကို ကျယ်လောင်စွာနားထောင်ခြင်းများကို ရှောင်ပါ။



Dr.Khine.W.Y.San

Ref: Mayo clinic





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18