Print

Pain in the Face (မျက်နှာတွင် ခံစားရသည့် နာကျင်မှုဝေဒနာများ)

  11-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

 မျက်နှာ ခံစားရသည့် နာကျင်မှုဝေဒနာများဆိုသည်မှာ မျက်နှာ၏ မည်သည့် အစိတ်အပိုင်းတွင်မဆို နာကျင်ခြင်းကို ဆိုလိုပါသည်။ ခံတွင်းနှင့် မျက်လုံးများ နာကျင်ခြင်းများလည်း အကျုံးဝင်ပါသည်။ 

 

လက္ခဏာများ

- မျက်နှာတွင် နာကျင်မှု ခံစားခြင်းသည် အဓိကဖြစ်ပြီး အခြားလဏ္ခာများမှာ ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ် မူတည်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- ပါးစပ်ထဲ ပိုးဝင်ခြင်း၊

- မျက်နှာတွင် အနာပေါက်ခြင်း၊

- အရေပြားအောက်တွင် ပိုးဝင်ခြင်း ၊ ပြည်တည်ခြင်း၊

- ခေါင်းကိုက်ခြင်း

- မျက်နှာထိခိုက်ဒဏ်ရာ ရခြင်း

- သွားကိုက်ခြင်း 

- အခြားအကြောင်းအရင်း( ထိပ်ကပ်နာရောဂါ ၊ နှာခေါင်းရိုးစောင်းခြင်း ၊ TM jiont disorder ၊ တံတွေး ဂလန်း ပိုးဝင်ခြင်း ၊ နားထင် သွေးကြော ရောင်ခြင်း ၊ ပါးချိတ်ရောင်ခြင်း ၊ ရေတိ်မ်ဖြစ်ခြင်း ၊ Multiple sclerosis ၊ ရေယုံပေါက်ခြင်း ၊ trigerminal neuralgia ၊  အာရုံကြောရောဂါ  ) များကြောင့်လည်း ဖြစ်နိုင်ပါသည်။ မျက်နှာတွင်မည်သူမဆိုဖြစ်နိုင်ပါသည်။



နောက်ဆက်တွဲ ပြဿနာများ

 ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ်မူတည်ပါသည်။

- ခေါင်းကိုက်ခြင်း၊

- သွေးဆိပ်တက်ခြင်း ( ပိုးဝင်ခြင်းကြောင့် ဖြစ်လျှင်) ၊


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- မျက်နှာတွင် ခံစားရသော နာကျင်ခြင်းနှင့်အတူ ရင်ဘတ် ကျော လည်ပင်း လက်မောင်းများ နာကျင်လာခြင်း ၊ ဖျားနာခြင်း ၊ နာကျင်မှု ပိုဆိုးလာခြင်း ၊ ခန္ဓာကိုယ် အလေးချိန်ကျသွားခြင်း ၊ မျက်နှာပေါ်ရှိ အာရုံကြော အားနည်းခြင်း ၊ မျက်နှာရောင်ရမ်းလာခြင်း ၊ မျက်နှာတွင် အနီစက်များထွက်လာခြင်း ၊ မျက်စိအမြင် ဝေဝါးလာခြင်း ၊ အကြားအာရုံ ပျောက်ဆုံးသွားခြင်း ၊ နားအူခြင်း ၊ ချာချာလည်အောင် ခေါင်းမူးနေခြင်း 


စစ်ဆေးမှုများ

- မျက်နှာနှင့် ဦးခေါင်းကို ဓာတ်မှန်ရိုက်ခြင်း ၊

- သံလိုက် ဓာတ်မှန်ရိုက်ခြင်း၊

- သွားဓာတ်မှန် ရိုက်ခြင်း၊

- ECG ဆွဲခြင်း၊


ကုသခြင်း

မျက်နှာ ခံစားရသော နာကျင်ခြင်းကို ဖြစ်စေသော အကြာင်းအရာများပေါ်မူတည်ပြီး ကုသမှုများလည်း ကွဲပြားနိုင်ပါတယ်။ 


အနာသက်သာဆေး (Painkillers)

- Paracetamol, Ibuprofen, Aspirin စသော ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်သည်။

- (သတိပြုရန်မှာ တခါတရံ အနာသက်သာဆေးများကြောင့်လည်း ခေါင်းကိုက်တတ်သည်) ထိုအခါမျိုးတွင် ဆရာဝန်က သင့်အား ဆေးများရပ်ရန် ညွှန်ကြားနိုင်သည်။

-  နာကျင်သည့် နေရာကို ရေနွေးအိတ် (သို့) ရေအေးဖြင့် ကပ်ပေးခြင်း 

- သွားကိုက်ခြင်းကြောင့် ဖြစ်လျှင် သွားဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။


Ref : Mayo Clinic

Translated by Dr May Hnin Phyu 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18