Print

Peritonitis (ဝမ်းဗိုက် အမြှေးပါးရောင်ခြင်း)

  11-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

ဝမ်းဗိုက် အမြှေးပါးရောင်ခြင်း ဆိုသည်မှာ ဝမ်းဗိုက်အတွင်းရှိ ဝမ်းဗိုက်နံရံနှင့် အင်္ဂါများကို ဖုံးအုပ်ထားသော အမြှေးပါးသည် ရောဂါပိုး (သို့) မှိုကြောင့်ရောင်လာခြင်း ကိုခေါ်သည်။ ထို့ပြင်ဝမ်းဗိုက်အတွင်းရှိ အင်္ဂါတစ်ခုခုပေါက်ထွက်ခြင်း (သို့) အခြားရောဂါတစ်ခုခု၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်လည်း ဖြစ်နို်င်ပါသည်။


ဝမ်းဗိုက် အမြှေးပါးရောင်ခြင်းသည် ချက်ချင်းကုသရန် လိုအပ်သည့် အခြေအနေဖြစ်၍ အများအားဖြင့် ပိုးသတ်ဆေးပေး၍ ကုသပြီး အချို့အခြေအနေများတွင်မူ ခွဲစိတ်မှုကုသရန် လိုအပ်တတ်သည်။ အမြှေးပါးရောင်ခြင်းကို မကုသပါက ခန္ဓာကိုယ်အတွင်းပြန့်နှံ့ပြီး အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်နို်င်ပါသည်။


လက္ခဏာများ

 ဝမ်းဗိုက် အမြှေးပါးရောင်ခြင်း၏ လက္ခဏာများမှာ

ဗိုက်အောင့်ခြင်း (သို့) ဗိုက်နာခြင်း

ရင်ပြည့်ရင်ကယ် (သို့) ဗိုက်တင်းသလို ခံစားရခြင်း

အဖျားတက်ခြင်း

ပျို့ခြင်း ၊ အန်ခြင်း

အစားအသောက်ပျက်ခြင်း

ဝမ်းလျှောခြင်း

ဆီးထွက်နည်းခြင်း၊ ရေငတ်ခြင်း

ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း

မောပန်းနွမ်းနယ်ခြင်း စသည်တို့ခံစားရနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဝမ်းဗိုက်ပိုးဝင်ခြင်းဖြစ်စေသည့် အခြေအနေများစွာ ရှိပါသည်။ အများအားဖြင့် ဝမ်းဗိုက်အတွင်းရှိ အူ (သို့) အင်္ဂါပေါက်ရာမှ ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့မဖြစ်ဘဲ အမြှေးပါးရောင်ခြင်းများလည်းရှိပါသည်။


ဝမ်းဗိုက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ

ဆေးကုသမှုလမ်းစဉ်များဖြစ်သည့် ဝမ်းဗိုက်ဆေးသည့်လုပ်ငန်းစဉ်၊ ဝမ်းဗိုက်ခွဲစိတ်သည့်လုပ်ငန်းစဉ် စသည့်လုပ်ငန်းစဉ်များကြောင့်လည်းကောင်း

အူအတက်ပေါက်ခြင်း၊ အစာအိမ်အနာပေါက်ခြင်း၊ အူမကြီးပေါက်ခြင်းကြောင့်လည်းကောင်း

ပန်ကရိယက်ရောင်ခြင်း (Pancreatitis)

အစာအိ်မ်အူလမ်းကြောင်းရှိ အိတ်(Diverticulum)များရောင်ခြင်း

ဝမ်းဗိုက်ဒဏ်ရာရခြင်းမှ ပိုးမွှားနှင့်ဓာတုပစ္စည်းများဝင်လာခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။

အသည်းနှင့်ပတ်သတ်သည့် ရောဂါများတွင် အထူးသဖြင့် အသည်းခြောက်ရာတွင်လည်း ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း ဖြစ်လေ့ရှိသည်။ အဓိကဖြစ်ရသည့်အကြောင်းအရင်းမှာ အသည်းကြောင့် ရည်ဖျဉ်းဆွဲ၍ ထိုအရည်များတွင် ဗက်တီးရီးယားပိုးပေါက်ရာမှ ဖြစ်လာခြင်းဖြစ်သည်။ 


ဖြစ်နိုင်ချေများသူများ

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း ဖြစ်နိုင်ချေများသူများမှာ

ဗိုက်ဆေးကုသမှုခံယူနေသူများ

အသည်းခြောက်နေသူ၊ အူအတက်ရောင်နေသူ၊ အစာအိမ် အနာပေါက်နေသူ၊ မုန့်ချိုအိတ်ရောင်နေသူ၊ အူမကြီးရောဂါရှိသူ(Crohn’s disease)

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း ဖူးသူများ တို့ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်းကို မကုသပါက ဗက်တီးရီယားများသည် ဝမ်းဗိုက်အမြှေးပါးမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်း ပျံ့နှံ့ပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်းကိုသေချာမကုသပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်။ အပြင်းအထန် ဗိုက်အောင့်ခြင်း (သို့) ဗိုက်နာခြင်း၊ ရင်ပြည့်ရင်ကယ် (သို့) ဗိုက်တင်းသလို ခံစားရခြင်းနှင့်အတူ

အဖျားတက်ခြင်း

ပျို့ခြင်း ၊ အန်ခြင်း

အစားအသောက်ပျက်ခြင်း

ဝမ်းလျှောခြင်း

ဆီးထွက်နည်းခြင်း၊ ရေငတ်ခြင်း

ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း တို့ဖြစ်လာပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည်။


စစ်ဆေးမှုများ

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်းဖြစ်ပါက ဆရာဝန်သည် ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း လက္ခဏာများကိုရှာဖွေခြင်းအပြင် အောက်ပါစမ်းသပ်စစ်ဆေးမှုများကိုလည်း ပြုလုပ်လိမ့်မည်။

သွေးဖောက်စစ်ဆေးခြင်းဖြင့် သွေးဖြူဥအရေအတွက် ၊ သွေးအတွင်းဗက်တီရီးယားပိုးရှိမရှိ စသည်တို့ကို စစ်ဆေးခြင်း

ရင်ဘတ်ဓာတ်မှန်ရိုက်၍ ဝမ်းဗိုက်အဂါင်္များ ပေါက်ပြဲမှုရှိမရှိကို စစ်ဆေးခြင်း

ဝမ်းဗိုက်အရည်ကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်သည်။


ကုသခြင်း

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်းကို ကုသသည့်နည်းလမ်းများမှာ

အဓိကအားဖြင့် ပိုးသတ်ဆေးဖြင့်ကုသခြင်း

ဝမ်းဗိုက်အတွင်း ပေါက်ပြဲမှုရှိပါက ခွဲစိတ်ကုသခြင်း

ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း လက္ခဏာပေါ်မူတည်၍ အကိုက်အခဲပျောက်ဆေးပေးခြင်း၊ သွေးအတွင်း ဆေးရည်သွင်းခြင်း (IV FLUID)၊ သွေးသွင်းခြင်း၊ အောက်စီဂျင်ပေးခြင်း 

ဝမ်းဗိုက်ဆေး ကုသမှုခံယူခြင်း စသည်တို့ ဖြစ်နိုင်သည်။ 


Ref: Mayo Clinic

Translated By Dr. Archer




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18