Print

Uterine Prolapse (သားအိမ်ကျွံကျခြင်း)

  21-Nov-2016
Preview Image


မိန်းမကိုယ် မွေးလမ်းကြောင်းအတွင်းသို့ သားအိမ်ကျွံထွက်ကျလာခြင်းကိုဆိုလိုပါသည်။ မည်သည့်အတိုင်းအတာအထိ ကျွံကျခြင်းအပေါ်မူတည်၍ အဆင့်၄ဆင့် ခွဲခြားနိုင်သည်။


First degree - သားအိမ်ခေါင်း မိန်းမကိုယ်အတွင်းသို့ကျွံခြင်း
Second degree - သားအိမ်ခေါင်း မိန်းမကိုယ်ဝအထိ ကျွံကျလာခြင်း
Third degree - သားအိမ်ခေါင်းကျွံကျခြင်းသည် မိန်းမကိုယ်အပြင်တိုင်အောင်ရောက်လာခြင်း
Fourth degree - သားအိမ်ခေါင်းသာမကသားအိမ်တစ်ခုလုံး ကျွံထွက်ခြင်း



အမျိုးအစားများ
Anterior prolapse (cystocele) - မိန်းမကိုယ်လမ်းကြောင်း အရှေ့ပိုင်းသို့ ဆီးအိမ်ကျွံကျခြင်း
Posterior wall prolapse (rectocele or enterocele) - မိန်းမကိုယ် အနောက်ပိုင်းသို့ အူနှောင်း rectum ကျွံကျခြင်း
Prolapse of uterus and cervix or top of vagina - သားအိမ်၊ သားအိမ်ခေါင်း နှင့် မွေးလမ်းကြောင်းထိပ်ပိုင်း ကျွံခြင်း



လက္ခဏာများ
- ခါးနာခြင်း။
- လမ်းလျှောက်ရာတွင်ခက်ခဲခြင်း။
- မိန်းမကိုယ်လမ်းကြောင်းတွင် တစ်စို့စို့ခံစားရခြင်း( အချို့သူများတွင် အလုံးလိုက်ထွက်ကျလာသည့်အခါ လက်နှင့်တွန်းတင်ရသည်အထိလိုအပ်နိုင်သည်)
- အမျိုးသားနှင့် ချစ်တင်းနှီးနှောချိန်တွင် မသက်မသာခံစားရခြင်း။
- ဆီးသွားရာတွင်အခက်အခဲဖြစ်ခြင်း - ဆီးလုံးသေးသွားခြင်း၊ဆီးသွားပြီးလျှင်လည်း ဆီးကျန်သည်ဟုခံစားရခြင်း၊ဆီးမကြာခဏသွားခြင်း၊ နှာစေး ချောင်းဆိုး သို့ လေ့ကျင့်ခန်း လုပ်လျှင် ဆီးမလုံခြင်း (Stress incontinence)



ဆရာဝန်နှင့် သွားရောက်ပြသင့်သောအချက်များ
သားအိမ်ကျွံကျခြင်း လက္ခဏာသည် အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း လူနေမှုဘဝကို မသက်မသာ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ထို့ကြောင့် အထက်ပါလက္ခဏာများ ပေါ်ပေါက်လျှင်ဖြစ်စေ၊ အလုံးထွက်ကျလာသည်ဟု ခံစားရသည်ဖြစ်စေ၊ ဆီးသွား ဝမ်းသွားရာတွင် အခက်အခဲများပေါ်ခြင်းများဖြစ်ပေါ်ပါက ဆရာဝန်နှင့်သွားရောက် ပြသတိုင်ပင်သင့်သည်။



ဖြစ်ပွားရသောအကြောင်းအရင်းများ
- သားအိမ်ကို ထောက်ကန်ပေးထားသည့် အရာများ လျော့ရဲပျက်စီးသောကြောင့်ဖြစ်သည်
- အသက်ကြီးခြင်း
- ကလေးမွေးခြင်း - ကလေးမွေးရာတွင် အခက်အခဲရှိခြင်း၊ ရိုးရိုးမွေးလမ်းကြောင်းမှ ကလေးများစွာ မွေးခြင်း၊ ထွားကြိုင်းသော ကလေးမွေးခြင်း (Big Baby)
- သွေးဆုံးပြီးနောက် မိန်းမဟော်မုန်း လျော့ကျပြောင်းလဲမှုကြောင့် အောက်ပိုင်းကြွက်သားများ လျော့ရဲခြင်း
- ဗိုက်အတွင်း ဖိအားတက်စေသည့်အကြောင်းရင်းများ-ချောင်းကြာရှည်စွာဆိုးနေခြင်း၊ ဝမ်းချုပ်ခြင်း၊ရေဖျင်းဆွဲခြင်း
- အဝလွန်ခြင်း
- သားအိမ်အလုံးတည်ခြင်း
- အောက်ပိုင်းတွင် ခွဲစိတ်မှုပြုလုပ်ခြင်းကြောင့် အောက်ပိုင်းကြွက်သားများလျော့ရဲခြင်း - ဥပမာ သားအိမ်ထုတ်ခြင်း၊ ဆီးအိမ်ပြုပြင်ခြင်း
- အလေးအပင် ကြာရှည်စွာမခြင်း



စစ်ဆေးမှုများ
ဆရာဝန်မှ စမ်းသပ်ခြင်း - အောက်ပိုင်းစမ်းသပ်ခြင်း (အချို့အမျိုးသမီးများသည် ရှက်ရွံ့နေသည့်အတွက် ဆရာဝန်နှင့်သွားမပြဘဲနေတတ်ကြသည်) ထိုစမ်းသပ်ခြင်းသည် မိနစ်ပိုင်းသာကြာမြင့်ပြီး ရောဂါအသိအမှတ်ပြုရာတွင်အရေးပါသည့်အတွက် စမ်းသပ်သင့်ပေသည်။ထို့အပြင် ဆီးမထိန်းနိုင်သည့် ပြဿနာရှိပါက ဆီးအိမ်အတွင်းသို့ သေးငယ်သည့်ပိုက်ထည့်၍စမ်းသပ်ခြင်း။ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း- ဗိုက်ပေါ်မှရိုက်ခြင်း၊ မိန်းမကိုယ်အတွင်းသို့ ထည့်၍ရိုက်ခြင်း။ သံလိုက်ဓာတ်မှန်ရိုက်ခြင်း- MRI



ကုသခြင်း
သားအိမ်ကျွံကျခြင်းကို ကုသရန် လူနာ၏အခြေအနေပေါ်မူတည်၍ကုသနည်းအမျိုးမျိုးရှိသည်။ခံစားနေရသောလက္ခဏာဆိုးရွားမှု၊ ကျွံကျနေသည့်အတိုင်းအတာ၊ လူနာ၏အသက်နှင့် အခြားကျန်းမာရေးအခြေအနေများ၊ နောက်ပိုင်းတွင်ကလေးယူရန် အစီအစဉ်ရှိမရှိ စသည်တို့အပေါ်မူတည်သည်။သားအိမ်ကျွံကျခြင်းသည် မသက်မသာနာကျင်ခံစားရခြင်းမျိုးမရှိပါက မည်သည့်ကုသမှုမှ ခံယူရန်မလိုအပ်ပါ။
ကုသခြင်း၏ဆိုးကျိုးနှင့်ကောင်းကျိုး နှိုင်းယှဉ်၍ ကုသမှုကိုဆုံးဖြတ်သင့်သည်။


သွေးဆုံးပြီးသော အမျိုးသမီးများတွင် မိန်းမဟော်မုန်း oestrogen ပေး၍ကုသခြင်း

- estrogen ခရမ်င်လိမ်းခြင်း၊ ဆေးတောင့်ထည့်ခြင်း။
- Vaginal pessaries - မိန်းမကိုယ်အတွင်းသို့ ထွက်ကျလာသည့် သားအိမ်ကိုပင့်၍ pessary ကွင်းထည့်ခြင်း။
- Pessary ကွင်းကို ၆လတစ်ကြိမ်ပြန်လဲပေးရန်လိုအပ်သည်။
- Pessary ကွင်းထည့်ခြင်း၏နောက်ဆက်တွဲအနေနှင့် မိန်းမကိုယ်အဖြူဆင်းခြင်းကိုခံစားရနိုင်ပါသည်။
- Surgery - ခွဲစိတ်ကုသပြုပြင်ခြင်း။
- Vaginal mesh - ပိုက်ကွန်ဖြင့် သားအိမ်ကျွံခြင်းကို ကာခြင်း။



သားအိမ်ကျွံခြင်းအတွက် အိမ်တွင်းကုထုံးများ (ကာကွယ်ခြင်း)
အောက်ပိုင်းကြွက်သားများတောင့်တင်းအောင်ပြုလုပ်ခြင်း- ဆီးသွားစဉ် ဆီးသွားလိုက်ရပ်လိုက်ပြုလုပ်ပေးခြင်း။
ကိုယ်အလေးချိန်လျော့ချခြင်း။
ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ရန် အသီးအရွက်များများစားခြင်း။
အလေးအပင်မခြင်းကိုရှောင်ကြဉ်ခြင်း။
ချောင်းဆိုးခြင်းကိုဖြစ်စေသည့် ရောဂါအခြေခံရှိလျှင် ပျောက်ကင်းအောင်ကုသခြင်း။



Ref: NHS Choices, UK
emedicinehealth



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18