Print

Acute Coronary Syndrome (နှလုံးသွေးကြောဆိုင်ရာရောဂါစု)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

နှလုံးသွေးကြောဆိုင်ရာရောဂါစုတွင် နှလုံးသို့ ရုတ်တရက်သွေးစီးဆင်းမှုလျော့နည်းသွားစေနိုင်သည့် ရောဂါများပါဝင်သည်။ အဖြစ်များသည့် နှလုံးကြွက်သားပုပ်ရောဂါ(Myocardial Infarct)သည်လည်း နှလုံးသွေးကြောဆိုင်ရာရောဂါစုတွင် ပါဝင်သည်။ သို့ရာတွင် နှလုံးသွေးကြောဆိုင်ရာရောဂါစုတွင် ပါဝင်သော်လည်းမတူညီသည့်အချက်မှာ နှလုံးသွေးကြောပုပ်ရောဂါဖြစ်ပါက နှလုံးကိုသွေးစီးဆင်းမှုလျော့နည်းသွားစေသည့်အပြင် နှလုံးကြွက်သားကိုပါသေစေသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါစုသည် နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းသွားစေပြီး နှလုံး၏လုပ်ငန်းဆောင်တာကိုထိခိုက်စေသော်လည်း နှလုံးကြွက်သားကို ထိခိုက်မှုမရှိပါ။ နှလုံးသွေးကြောဆိုင်ရာရောဂါစုသည် ချက်ချင်းအရေးပေါ် စမ်းသပ်စစ်ဆေးရန်နှင့် ကုသမှုလိုအပ်သည့် ရောဂါဖြစ်ပြီး ဖြစ်လာပါကရင်ဘတ်အောင့်ခြင်းကိုစတင်ခံစားရပါသည်။

လက္ခဏာများ

နှလုံးသွေးကြောဆိုင်ရာရောဂါစု ဖြစ်ပါကတွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ

  • ရုတ်တရက် ရင်ဘတ်တင်းကြပ်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်းရင်ဘတ်အောင့်၍ မကြာမီရင်ဘတ်အပြင် လက်မောင်း၊ ပုခုံး၊ ဗိုက်အပေါ်ပိုင်း၊ လည်ပင်း (သို့) မေးရိုးသို့ ရွေ့သွားခြင်း
  • မအီမသာဖြစ်ခြင်း (သို့) အန်ခြင်း
  • အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • အသက်ရှူမြန်လာခြင်း (သို့) မောလာခြင်း
  • ရုတ်တရက် ချွေးစီးထွက်လာခြင်း
  • ခေါင်းမူးခြင်း၊ သတိလစ် မလိုဖြစ်လာခြင်း (သို့) သတိလစ်သွားခြင်း
  • နှုံးချိပျော့ခွေလာခြင်း
  • ကတုန်ကယင်ဖြစ်လာခြင်းစသည်တို့ ခံစားရနိုင်ပါသည်။

ရုတ်တရက် ရင်ဘတ်တင်းကြပ်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်းသည် နှလုံးသွေးကြောဆိုင်ရာရောဂါစုတွင် အဓိကကြုံတွေ့ရသောလက္ခဏာဖြစ်ပြီးအခြားလက္ခဏာများမှာမူ ဖြစ်ပွားသူ၏ အသက်၊ အမျိုးသား(သို့) အမျိုးသမီး နှင့် ရောဂါအခံတစ်ခုခုရှိသည့် အပေါ်မူတည်၍ ကွာခြားပါသည်။ အသက်အရွယ်ကြီးသူ၊ အမျိုးသမီးများ နှင့် ဆီးချိုဝေဒနာရှင်များတွင် ရင်ဘတ်တင်းကြပ်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်းမရှိပဲအခြားလက္ခဏာများဖြင့် ဖြစ်ပေါ်သော နှလုံးသွေးကြောဆိုင်ရာရောဂါစုများပိုမိုဖြစ်လေ့ရှိသည်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

အောက်စီဂျင်နှင့် အာဟာရဓာတ်များကို နှလုံးသွေးကြောများကသယ်ဆောင်၍ နှလုံးကြွက်သားများသို့ ပို့ပေးသည်။နှလုံးသွေးကြောဆိုင်ရာရောဂါစုဖြစ်ရခြင်းမှာအများအားဖြင့် နှလုံးသွေးကြောနံရံတွင် အဆီဖတ်များစုပုံလာရာမှ ဖြစ်လာခြင်းဖြစ်သည်။သွေးခဲများသည်စုပုံလာသောအဆီများကွဲထွက် (သို့)ပြုတ်ထွက်လာရာမှဖြစ်လာပြီးနောက် နှလုံးသွေးကြောတစ်နေရာတွင် ပိတ်မိပြီးသွေးများနှလုံးကြွက်သားများကိုမရောက်နိုင်အောင် ပိတ်ထားတတ်သည်။ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း (heart attack) သည် နှလုံးသွေးကြောပိတ်ပြီး နှလုံးဆဲလ်များသို့ လုံလောက်သည့် အောက်စီဂျင် မရောက်သောအခါ နှလုံးကြွက်သားများသေရမှ ဖြစ်လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးဆဲလ်များသည် လုံလောက်သည့် အောက်စီဂျင်မရသော်လည်းသေလောက်သည့် ပမာဏာမဟုတ်သဖြင့် မသေပဲရှိနေတတ်သည်။ ထိုအခြေအနေတွင် နှလုံးကြွက်သားများသည် ပုံမှန်လုပ်ငန်းဆောင်တာများကိုခေတ္တခဏ (သို့) တစ်သက်လုံးမလုပ်နိုင်ပဲ ဖြစ်သွားတတ်သည်။ထိုသို့ဖြစ်ခြင်းကို Unstable Angina ဟုခေါ်သည်။


ဖစ်နိုင်ချေများသူ

·         အသက်အရွယ်ကြီးသူ (အမျိုးသား>၄၅နှစ် ၊ အမျိုးသမီး>၅၅နှစ်)

·         သွေးတိုးရောဂါရှိသူ

·         ဆီးချိုရောဂါရှိသူ

·         ဆေးလိပ်အသောက်များသူ

·         ကိုယ်လက်လှုပ်ရှားမှုနည်းသူ

·         ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာအစားများသူ

·         ကိုယ်အလေးချိန်များနေသူ

·         နှလုံးရောဂါ၊ လေဖြတ်လေဖြန်းရောဂါ၊ ရင်ဘတ်အောင့်ရောဂါမျိုးရိုးရှိသူ

·         ကိုယ်ဝန်ဆောင်စဉ် သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူတို့တွင ်အဖြစ်များလေ့ရှိသည်။

 

နောက်ဆက်တွဲ ပြဿနာများ

ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ

နှလုံးသွေးကြောဆိုင်ရာရောဂါစုသည်အရေးပေါ်အခြေအနေဖြစ်၍ ရုတ်တရက်ရင်ဘတ်အောင့်ခြင်း (သို့) ရုတ်တရက်ရင်ဘတ်တင်းကြပ်လာပါကရောဂါရှာဖွေခြင်းနှင့် ကုသမှုပြုလုပ်နိုင်ရန် ချက်ချင်းအရေးပေါ်ဋ္ဌာနသို့သွားရပါမည်။ ထိုသို့သွားရာတွင် မိမိကိုယ်တိုင် စက်ယန္တရားမောင်းနှင်သွားရောက်ခြင်းမှ လုံးဝရှောင်ကြဉ် ရပါမည်။

 

စစ်ဆေးမှုများ

သင့်တွင်နှလုံးသွေးကြောဆိုင်ရာရောဂါစု နှင့်သက်ဆိုင်သည့် ရောဂါလက္ခဏာများရှိပါက ဆရာဝန်က အောက်ပါစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။

  • အီးစီဂျီElectrocardiogram (ECG)ဖြင့်နှလုံး၏ လုပ်ငန်းဆောင်တာများကိုစစ်ဆေးခြင်း
  • သွေးစစ်ခြင်း.
  • နှလုံးသွေးကြောထဲသို့ ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း
  • နှလုံးတီဗွီဓာတ်မှန်ရိုက်ခြင်း
  • Myocardial perfusion imaging (MPI)
  • CTဓာတ်မှန်ရိုက်ခြင်း
  • ခန္ဓာကိုယ်လှုပ်ရှားချိန်တွင် နှလုံးအခြေအနေကို စမ်းသပ်ခြင်း

ကုသခြင်း

နှလုံးသွေးကြောဆိုင်ရာ ရောဂါစုသည် အရေးပေါ်အခြေအနေဖြစ်၍ ချက်ချင်းကုသမှုခံယူပြီးနောက် အချိန်ပေးကုသမှုများလည်း လိုအပ်သည်။ အရေးပေါ်ချက်ချင်းကုသခြင်းသည် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်လာခြင်းတို့ လျော့နည်းလာစေရန်၊ သွေးစီးဆင်းမှုကောင်းစေရန် နှင့် နှလုံး၏လုပ်ငန်းဆောင်တာများ အတတ်နိုင်ဆုံး မြန်မြန်နှင့်ပုံမှန်ဖြစ်စေရန် ရည်ရွယ်သည်။ ထိုသို့အရေးပေါ်ကုသ၍ အောင်မြင်ပြီးပါက အချိန်ပေးကုသရန်လိုအပ်လာသည်။ အချိန်ပေးကုသခြင်း၏ ရည်ရွယ်ချက်မှာ နှလုံး၏လုပ်ငန်းဆောင်တာများ ပြန်လည်ကောင်းမွန်လာစေရန်၊ နောက်ထပ် ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်းကို လျော့ချရန် နှင့် ပြန်ဖြစ်စေသည့် အကြောင်းအရာများကို ထိန်းချုပ်ပေးနိုင်ရန် ရည်ရွယ်သည်။ ထိုရည်ရွယ်ချက်များအောင်မြင်စေရန် ခွဲစိတ်ကုသခြင်းနှင့် ဆေးသောက်ကုသခြင်းတို့ တွဲဖက်ကုသရန် လိုအပ်ပါသည်။    


ဆေးပေးကုသခြင်း

နှလုံးသွေးကြောဆိုင်ရာ ရောဂါစုတွင် လူနာ၏ အခြေအနေအပေါ်မူတည်၍ ဆေးပေးရာတွင်ကွာခြားသည်။

  • သွေးပျော်ဆေး(Thrombolytics)
  • သွေးကြောကျယ်ဆေး (Nitrogylcerin)
  • သွေးမခဲဆေး (Antiplatelet Drug)
  • Betablocker
  • Angiotensin-converting enzyme (ACE) inhibitors
  • Angiotensin receptor blockers (ARBs)
  • Statins စသည်တို့ကို ဆရာဝန်က လူနာ၏ အခြေအနေပေါ်မူတည်၍ ချိန်ဆ၍ ပေးရပါသည်။

ခွဲစိတ်ကုသခြင်း

ဆေးဖြင့်ကုသ၍ မရနိုင်သည့် အခြေအနေဖြစ်ပါက ဆရာဝန်က ခွဲစိတ်ကုသမှု လိုအပ်သည့်အကြောင်း အကြံပေးလိမ့်မည်။ ထိုကုသမှုများမှာ

  • သွေးကြောထဲသို့ ပိုက်ထည့်ပြုပြင်ခြင်း (Angioplasty and stenting)
  • သွေးကြောလမ်းကြောင်းကို ပြုပြင်ပြောင်းလဲခြင်း (Coronary bypass surgery


ကာကွယ်ခြင်း

ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် သင့်၏ နေ့စဉ်နေထိုင်မှုဘဝကို ပြုပြင်ပြောင်းလဲရန်လိုအပ်သည်။ ပြုပြင်ပြောင်းလဲသင့်သည့် အချက်မှာ

  • ဆေးလိပ်မသောက်ပါနှင့်။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားရန်။ အဆီလျော့စားရန်။
  • သင့်သွေးအတွင်း အဆီဓာတ်ကို အမြဲစမ်းစစ်ပေးပါ။
  • သွေးပေါင်ချိန်အမြဲတိုင်းပါ။ သွေးမတိုးစေပါနှင့်။
  • ကိုယ်အလေးချိန် ကိုထိန်းသိမ်းပါ။ မတက်စေပါနှင့်။
  • စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျော့ချပါ။ 


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18