Print

Aphthous ulcer(ပါးစပ်တွင်ပေါက်သောအပုူနာ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

Aphthous ulcer ဆိုသည်မှာ ပါးစပ်ထဲတွင်ပေါက်သောအနာမျိုးဖြစ်သည်။ သွားဖုံး၏အောက်ခြေနားတွင် ကပ်ပြီး ပေါက်လေ့ရှိသည်။ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်လေ့ရှိပြီး အပေါ်ယံသာဖြစ်လေ့ရှိသည်။တစ်ခါတရံ နာကျင်လေ့ရှိတတ်သော်လည်း စကားပြောရာနှင့် အစာစားရာတွင် အခက်အခဲဖြစ်လေ့မရှိပါ။ရေယုံနှင့်မတူသည်မှာ Aphthous ulcer သည် နှုတ်ခမ်းသားပေါ်တွင်ဖြစ်လေ့မရှိသည့်အပြင် မကူးစက်တတ်ပါ။Aphthous ulcer အများစုမှာ တစ်ပတ်၊ နှစ်ပတ်ကြာလျှင် အလိုလိုပျောက်ကင်းလေ့ရှိသည်။ပုံမှန်ထက်အရမ်းကြီးလာလျှင်၊ ပိုပြီးနာလာလျှင်၊ အနာကျက်နှေးနေလျှင် ဆရာဝန်နှင့်ပြသသင့်ပါသည်။


လက္ခဏာများ

Aphthous ulcer အနာသည် ပါးစပ်အတွင်း(လျှာအောက်၊ လျှာအပေါ်၊ နှုတ်ခမ်းအတွင်း၊ ပါးစောင်အတွင်း၊ သွားဖုံးအောက်ခြေ၊ အပေါ်အာခေါင်တို့တွင်ဖြစ်ပွားလေ့ရှိသည်။အဝိုင်း သို့မဟုတ် ဘဲဥပုံကျကျ ပုံစံဖြင့် အဖြူရောင် သို့မဟုတ် အဝါရောင်ရှိသည်။အနာမပေါ်လာခင် ၂ရက်၊ ၃ရက်စော၍ ပူစပ်စပ်ခံစားရလေ့ရှိသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းမှာ တိတိကျကျမရှိပါ။ အောက်ဖော်ပြပါအချက်များသည် Aphthous ulcer ကို ပိုမိုဖြစ်ပွားစေနိုင်သည်။

- သွားကုသမှုခံယူရာတွင်၊ သွားတိုက်ရာတွင် ထိခိုက်မိခြင်း

- မတော်တဆ သွားဖြင့် ပါးကိုကိုက်မိခြင်း

- sodium lauryl sulfate ပါသည့်သွားတိုက်ဆေး ပါးစပ်ငုံဆေးများသုံးခြင်း

- ချောကလက်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ ဥများ၊ နို့နှင့််နို့ထွက်ပစ္စည်း၊ ဒိန်ခဲ၊ မြေပဲစပ်သောအစားအစာများ အစရှိသည်တို့နှင့် မတည့်သောသူများ

- ဗီတာမင် B12၊ ဇင့်ဓာတ်(zinc)၊ ဖောလစ်အက်စစ်(folic acid) နှင့်သံဓာတ် (iron)

- ပါးစပ်ထဲရှိ ဘက်တီးရီးယားပိုးများကို တိုက်ထုတ်တတ်သည့်ရောဂါတစ်မျိုး

- Helicobacter pylori ဟုခေါ်သည့် အစာအိမ်ပိုးရှိသူများ

- ဟော်မုန်းအပြောင်းအလဲအချိန်(ဥပမာ- ရာသီလာချိန်) ဗိုက်တာမင် B12, ဇင့်ဓာတ်(zinc),ဖော်လင့်အက်စစ်(folate(folic acid)),သံဓာတ် (iron) ဗိုက်တာမင် B12, ဇင့်ဓာတ်(zinc),ဖော်လင့်အက်စစ်(folate(folic acid)),သံဓာတ် (iron)

- စိတ်ဖိစီးမှုများခြင်း


 Aphthous ulcer သည် အောက်ဖော်ပြပါအချက်များနှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရှိရသည်။

- Coeliac disease( ဂျုံပြောင်းစသည်တို့နှင့် မတည့်သောအူရောဂါတစ်မျိုး )

- Inflammatory bowel diseases( အူရောဂါမျာ း)

- Behcet's disease ( ပါးစပ်အပါအဝင် တစ်ကိုယ်လုံးရောင်စေတတ်သောရောဂါတစ်မျိုး )

- ပါးစပ်ထဲရှိဆဲလ်ကောင်းများကို တိုက်သောခန္တာကိုယ်ခုခံမှုရောဂါတစ်မျိုး

- HIV,AIDS ကဲ့သို့ ခုခံမှုကျဆင်းသောရောဂါများ


ဖြစ်နိုင်ချေများသူများ

- လူတိုင်းဖြစ်နိုင်ပါသည်။

- များသောအားဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်များတွင်တွေ့ရှိရပါသည်။အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားကြောင်းတွေ့ရှိရပါသည်။

- ခဏခဏဖြစ်ပွားသူများသည် မိသားစုတွင်ပါ ဖြစ်ပွားတတ်ကြောင်းတွေ့ရှိရသည်။အကြောင်းမှာ မျိုးရိုးလိုက်ခြင်း(သို့) မတည့်သောအစားအစာများကိုမျှဝေသုံးစွဲခြင်းကြောင့်ဖြစ်နိုင်သည်။


နောက်ဆက်တွဲ ပြဿနာများ

- Aphthous ulcer အများစုမှာ တစ်ပတ်နှစ်ပတ်ကြာလျှင် အလိုလိုပျောက်ကင်းလေ့ရှိသည်။ပုံမှန်ထက်အရမ်းကြီးလာလျှင်၊ပိုပြီးနာလာလျှင်၊အနာကျက်နှေးနေလျှင် ဆရာဝန်နှင့်ပြသသင့်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ပုံမှန်ထက်အရမ်းကြီးလာလျှင်

- ပိုပြီးနာလာလျှင်(သို့)၂ပတ်ကျော်သည်ထိ နာနေသေးလျှင်

- အနာကျက်နှေးနေလျှင် 

- အနာမကျက်သေးခင် နောက်ထပ်အနာထပ်ဖြစ်လာလျှင်

- ခဏခဏဖြစ်နေလျှင်

- နှုတ်ခမ်းနားထိ နာလာလျှင်

- စကားပြောရာတွင်နှင့် အစားစားရာတွင် အခက်အခဲဖြစ်လာလျှင်

- အနာဖြစ်သည့်အချိန်တွင် အဖျားပါတက်လာလျှင်


စစ်ဆေးမှုများ

-  ပုံမှန်အားဖြင့် အထူးစစ်ဆေးမှုမလိုအပ်ပါ။ ဆရာဝန်နှင့်ပြသပြီးလည်း Aphthous ulcer ရောဂါကိုသိရှိနိုင်ပါသည်။

- ပိုဆိုးလာပါက အထူးစစ်ဆေးမှုများလိုအပ်လာနိုင်ပါသည်။


ကုသခြင်း

- ပုံမှန်အားဖြင့် တစ်ပတ်နှစ်ပတ်လျှင အလိုလိုသက်သာသောကြောင့် ကုသရန်မလိုအပ်ပါ။ ပိုဆိုးလာပါက ဆေးကုသမှုခံယူနိုင်ပါသည်။

- အောက်ပါနည်းလမ်းများနှင့်လည်းကုသနိုင်သည်။

  (၁)ပလုတ်ကျင်းပေးခြင်း(ဆရာဝန်ပေးသောဆေးရည်ဖြင့်)

  (၂)သောက်ဆေး၊ဆေးရည်၊လိမ်းဆေး၊

  (၃)ဓာတုပစ္စည်းတစ်မျိုးမျိုးဖြင့် အပူပေး၍ကုသခြင်း

  (၄) ဗိုက်တာမင် B12, ဇင့်ဓာတ်(zinc),ဖော်လင့်အက်စစ်(folate(folic acid)),သံဓာတ် (iron) စသည်တို့ပါသောအစားအစာများစားခြင်း

  (၅)အခြားရောဂါများနှင့်ဆက်စပ်မှုရှိပါက ထိုရောဂါများကို ဦးစွာကုသခြင်း

- အခြားအိမ်တွင်းကုသမှုများမှာ -

  (၁) ဆားရည်ဖြင့်ပလုတ်ကျင်းပေးခြင်း၊မုန့်ဖုတ်ဆိုဒါရည်(ရေဖန်ခွက်တစ်ဝက်တွင်မုန့်ဖုတ်ဆိုဒါတစ်စွန်း)ဖြင့်ပလုတ်ကျင်းပေးခြင်း 

  (၂) မာသော ချဉ်သော စပ်သောအစားအစာများကို ရှောင်ခြင်း

  (၃) အနာကို ရေခဲကပ်ပေးခြင်း

  (၄) Milk of magnesia အနည်းငယ်ကို အနာပေါ်သို့အုံပေးခြင်း


ကာကွယ်ခြင်း

- Aphthous ulcer သည်များသောအားဖြင့် ပြန်ဖြစ်လေ့ရှိသည်။အောက်ပါအချက်များကိုပြုလုပ်ပေးခြင်းဖြင့် ဖြစ်ပွားနှုန်းကို လျှော့ချနိုင်ပါသည်။

  (၁) သွားကိုထိခိုက်စေနိုင်သော အစားအစာများကိုရှောင်ကြဉ်ပါ။(မြေပဲ၊အစေ့အဆံများ၊စပ်သောငန်သောအစားအစာများ၊အက်စစ်ဓာတ်ပါသော အစားအစာများ(ဥပမာ နာနတ်သီး၊စပျစ်သီး၊လိမ္မော်သီး)

        မတည့်သောအစားအစာများရှိပါက ရှောင်ကြဉ်ပါ။

  (၂) အသီးအနှံများ၊ဟင်းသီးဟင်းရွက်၊ကောက်ပဲသီးနှံများ၊ဂျုံ၊ပြောင်း အစရှိသည်တို့ကိုစားပေးခြင်း

  (၃) အစာစားပြီးတိုင်း သွားတိုက်ပေးခြင်း၊ပလုတ်ကျင်းပေးခြင်း

  (၄) သွားပွတ်တံပျော့ပျော့ကိုသုံးပေး၍ သွားထိခိုက်မှုကို လျှော့ချပေးနိုင်ပါသည်။ 

        Sodium lauryl sulfate ပါသော သွားတိုက်ဆေးနှင့်ပလုတ်ကျင်းရည်များကို ရှောင်ကြဉ်ခြင်း။

        Biotene/Sensodyne ProNamel ကဲ့သို့ အမြုပ်များများထွက်သော သွားတိုက်ဆေးများသုံးပေးခြင်း။

  (၅) သွားညှိကိရိယာများတပ်ဆင်ထားပါက သွားဆရာဝန်နှင့်တိုင်ပင်ပြီး သွားနှင့်ပါးစောင်မထိမိစေရန် အကာအကွယ်ကိရိယာများထည့်ခြင်း

  (၆) Aphthous ulcerသည် စိတ်ဖိစီးမှုနှင့် ဆက်စပ်မှုရှိနိုင်သောကြောင့် တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းကဲ့သို့ စိတ်ဖိစီးမှုကို လျှော့ချခြင်း


Credit - Dr.YadanarPhooWaiAung

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18