Print

နာတာရှည်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် နာတာရှည်ထိပ်ကပ်နာ (...

  16-Aug-2018
Preview Image

နှာခေါင်းတွင်းရှိအခန်းလေးများရောင်ရမ်းကာနှပ်ရည်များထွက်လာပြီး နှာခေါင်းလမ်းကြောင်းပိတ်ဆို့မှုမှာ(၁၂)ပတ်ကျော်အထိကြာမြင့်ပါက နာတာရှည်ထိပ်ကပ်နာဟုသတ်မှတ်နိုင်ပါသည်။ထိုုသို့ဖြစ်ပါက အသက်ရှူရခက်ခဲသည့်အပြင်မျက်လုံးနှင့်မျက်နှာမှာဖောင်းအစ်လာပြီးမျက်နှာနာကျင်မှုကိုပါ ခံစားရမည်ဖြစ်သည်။နာတာရှည်ထိပ်ကပ်နာဖြစ်ရခြင်းသည်နှာခေါင်းတွင်းသို့ပိုးဝင်ခြင်း၊နှာခေါင်းအတွင်းတွင်အသားလုံးဖြစ်ခြင်းနှင့်နှာခေါင်းအတွင်းရှိနှာနုရိုးသွေဖယ်ခြင်းတို့ကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။များသောအားဖြင့်လူလတ်ပိုင်းနှင့်ငယ်ရွယ်သူများတွင်ဖြစ်လေ့ရှိပြီး ကလေးငယ်များတွင်လည်းဖြစ်ပွားနိုင်ပါသည်။


အဓိကလက္ခဏာများ

- နှာခေါင်းနှင့်လည်ချောင်းမှချွဲပျစ်ပျစ်နှပ်ရည်များထွက်ခြင်း

- နှာခေါင်းလမ်းကြောင်းရောင်ရမ်းပိတ်ဆို့၍အသက်ရှူရခက်ခြင်း

- မျက်လုံး၊ပါးနှစ်ဖက်၊နှာခေါင်းနှင့်နဖူးနားတစ်ဝိုက်တွင် ဖောင်းအစ်၍နာကျင်ခြင်း

- အရသာနှင့်အနံ့ခံအာရုံချို့ယွင်းခြင်း

- ကလေးငယ်များတွင်ချောင်းဆိုးခြင်း


အခြားသောလက္ခဏာများ

- နားကိုက်ခြင်း

- အပေါ်မေးရိုးနှင့်သွားများနာကျင်ကိုက်ခဲခြင်း

- ညဖက်တွင်ချောင်းဆိုးခြင်း

- လည်ချောင်းနာခြင်း

- နှာခေါင်းနှင့်ပါးစပ်မှအနံ့အသက်ဆိုးများထွက်ခြင်း

- ပင်ပန်းနွမ်းလျခြင်း

- ဂနာမငြိမ်ခြင်း

- ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- နှာခေါင်းအတွင်း အသားလုံးဖြစ်ခြင်း

- နှာခေါင်းအတွင်းရှိ နှာနုရိုးသွေဖယ်ခြင်း

- အစာပြွန်နှင့်အစာအိမ်မှအချဉ်များအထက်သို့ဆန်တက်ခြင်း(gastroesophageal reflux)

- ခုခံအားကျဆင်းခြင်း (HIV)

- အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း (မှို၊ဗိုင်းရပ်စ်ပိုး၊ဘတ်တီးရီးယားပိုး)

- ဓာတ်မတည့်ခြင်း 

- ရာသီဥတုအေးခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

- နှာခေါင်းလမ်းကြောင်းပုံစံမမှန်သူများ(နှာနုရိုးသွေဖယ်ခြင်း၊နှာခေါင်းတွင်း အလုံး၊အကျိတ်ဖြစ်ခြင်း)

- ပန်းနာရင်ကျပ်ရောဂါရှိသူများ

- အကိုက်အခဲပျောက်ဆေး (eg.aspirin) ဓာတ်မတည့်သောသူများ

- ခုခံအားကျဆင်းမှုရောဂါရှိသူများ

- ဓာတ်မတည့်ခြင်း (Allergy) ရှိသောသူများ

- စက်ရုံမီးခိုး၊ဆေးလိပ်ငွေ့တို့ကိုရှူရှိုက်နေရသူများ တို့တွင်အဖြစ်များပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- နှာခေါင်းမှတစ်ဆင့် ဦးခေါင်းခွံအတွင်းသို့ ပျံ့နှံ့ကာ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း

- အနံ့အာရုံချို့ယွင်းခြင်း

- အမြင်အာရုံချို့ယွင်းခြင်း (မျက်စိမမြင်ရသည်အထိဖြစ်နိုင်သည်။)

- ပိုးသည် အရေပြားသို့ပျံ့နှံ့ပါက အရေပြားရောင်ရမ်းခြင်း (cellulitis)နှင့် အရိုးသို့ပျံ့နှံ့ပါက အရိုးရောင်ခြင်း (osteomyelitis) အထိဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ထိပ်ကပ်နာခဏခဏပြန်ဖြစ်ကာ ဆေးသောက်သော်လည်းမပျောက်ကင်းခြင်း

- ထိပ်ကပ်နာမှာ ၇ ရက်ကျော်ကြာအောင်ဖြစ်နေခြင်း

- ဆေးခန်းပြသော်လည်းမသက်သာပါက နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်နှင့်ပြသသင့်ပါသည်။


ဆရာဝန်နှင့်ချက်ချင်းပြသရမည့်အချက်များ

- အဖျားကြီးခြင်း

- မျက်လုံးများ နီရဲဖောင်းအစ်လာခြင်း

- ခေါင်းအရမ်းကိုက်ခြင်း

- ခေါင်းမူးခေါင်းဝေဖြစ်ခြင်း

- အမြင်ဝေဝါးခြင်း (ပုံရိပ်နှစ်ထပ်မြင်ရခြင်း)

- ဇာတ်တောင့်၍ခိုင်နေခြင်း


စစ်ဆေးမှုများ

- နှာခေါင်းတွင်းသို့မှန်ပြောင်းဖြင့် ကြည့်ရှှုစစ်ဆေးခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- နှာခေါင်းနှင့်နှာခေါင်းလမ်းကြောင်းမှအသားစယူကာ ပိုးကိုစစ်ဆေးခြင်း

- ဓာတ်မတည့်သောလက္ခဏာများရှိမရှိ စစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- ပိုးသတ်ထားသောဆားရည်ဖြင့်နှာခေါင်းတွင်းသို့ အစက်ချ၍ဆေးခြင်း

- ရောင်ရမ်းမှုကို လျော့နည်းစေသောဆေးပါသည့် နှာခေါင်းဖျန်းဆေးများအသုံးပြုခြင်း

- နာကျင်မှုများရှိပါက အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း

- ပဋိဇီဝဆေးဝါးများဖြင့်ကုသခြင်း (များသောအားဖြင့်မလိုအပ်ပေ၊သို့သော်ဘတ်တီးရီးယားပိုးဝင်မှုကြာရှည်ခြင်း၊ပြင်းထန်ခြင်းတို့ဖြစ်ပါက ပဋိဇီဝဆေးဖြင့်ကုသရန်လိုအပ်ပါသည်။)

- Immunotherapy (ဓာတ်မတည့်သောသူများတွင် မတည့်သောအရာကိုမိမိကိုယ်၏ခုခံအားစနစ်မှယဉ်သွားအောင်ပြုလုပ်ခြင်း)

-ခွဲစိတ်ကုသခြင်း (နှာခေါင်းတွင်းရှိအလုံးအကျိတ်များရှိပါက ဖယ်ထုတ်ခြင်း၊နှာခေါင်းတွင်းတည်ဆောက်မှုပုံစံမမှန်သူများ ဥပမာ နှာခေါင်းလမ်းကြောင်းတစ်လျှောက်ကျဉ်းမြောင်းခြင်းဖြစ်ပါက လမ်းကြောင်းချဲ့ခြင်းတို့ပြုလုပ်နိုင်ပါသည်။)


ကာကွယ်ခြင်း

- ခန္ဓာကိုယ်မှခုခံအားစနစ်မြင့်စေရန် ကောင်းမွန်စွာအနားယူပါ။

- ရေနှင့်အသီးဖျော်ရည်များသောက်သုံးပါ။

- ကော်ဖီသောက်သုံးခြင်း၊အရက်သောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ခြင်း

- ရေနွေးငွေ့လေးရှူပေးခြင်း၊ရေနွေးနွေးလေးဖြင့်ရေချိုးပေးခြင်း

- မျက်နှာကိုရေနွေးဝတ်လေးနှင့်နှိပ်နယ်ပေးခြင်း

- နှာခေါင်းကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်း 

- အိပ်စက်ရာတွင် ခေါင်းအုံးမြင့်မြင့်သံုံးပေးခြင်း တို့ဖြင့်ကာကွယ်နိုင်ပါသည်။


Ref: Mayo Clinics

Credit: Dr Toe




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18