Print

ကြွက်နို့

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကြက်နို့ဆိုသည်မှာ အရေပြားပေါ်တွင် အသားပိုပုံသဏ္ဍာန် သေးငယ်သော အစေ့၊အလုံးများအဖြစ် ပေါက်လေ့ရှိပြီး များသောအားဖြင့် လက်ချောင်းနှင့် လက်ပေါ် တွင် ပိုပေါက်တတ်ပါသည်။ ကြွက်နို့ကိုထိကြည့်လျှင် မာမာလေးဖြစ်နေပြီး အထဲတွင် သေးငယ်၍ ခဲနေသော သွေးကြောမျှင်လေးတွေ ပိတ်နေတတ်ပါသည်။ ကြွက်နို့သည်ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပြီး ထိတွေ့ခြင်းဖြင့် ကူးစက်တတ်ပါသည်။ အထူးသဖြင့် ခုခံအားစနစ် နည်းသောသူများနှင့် ကလေးငယ်များ၊ ဆယ်ကျော်သက်အရွယ်များတွင် အဖြစ်များတတ်ပါသည်။


လက္ခဏာများ

အရေပြားပေါ်တွင် အသားပို ပုံသဏ္ဍာန်ထွက်ရှိလာခြင်း

အလုံးအရောင်သည် အဖြူရောင် (သို့) အညိုရောင်ရှိခြင်း

လက်ဖြင့်ထိကြည့်လျှင် မာမာလေးဖြစ်နေခြင်း

ကြွက်နို့အလယ်တွင် အမဲစက်လေးဖြစ်နေတတ်ခြင်း  

(ထိုမဲနေသောအစက်သည် သေးငယ်၍  ခဲနေသောသွေးကြောမျှင်လေးများ ပိတ်နေခြင်းကြောင့်)


ဖြစ်ပွားရသော အကြောင်းရင်းများ

       ကြွက်နို့သည် HPV ဟုခေါ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးမှ ရောဂါကူးစက်ခံရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ကြွက်နို့ရှိသူတစ်ဦးရဲ့ ကြွက်နို့အရေပြားကို ထိမိလျှင် မိမိကိုယ်ကိုလည်း ကူးစက်နိုင်ပါသည်။ ထို့ပြင် ကြွက်နို့ရှိသူရဲ့ အသုံးအဆောင်တွေမှ တစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ HPV ပိုး အမျိုးပေါင်း တစ်ရာကျော်ရှိရာမှ အနည်းငယ်မျှသာ ကြွက်နို့ကို ဖြစ်စေတတ်ပါသည်။ သို့သော်  တစ်ချို့သော HPV ပိုးများကတော့ သားအိမ်ခေါင်း ကင်ဆာအထိတောင် ဖြစ်စေတတ်ပါသည်။ 


ဖြစ်နိုင်ခြေများသူများ

ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များ

ခုခံအားနည်းသောသူများ (eg.HIV / AIDS လူနာများ၊ ခန္ဓာကိုယ် အတွင်းကလီစာ အစာထိုး ကုသခံထား

သောသူများ)


ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ

ကြွက်နို့သည် နာကျင်ခြင်း (သို့) အရောင်ပြောင်းလာခြင်း

ကြွက်နို့ကို ကုသရန် ကြိုးစားခဲ့သော်လည်း ဆက်လက်ရှိနေဆဲ (သို့) ပိုမို၍ပွားများလာခြင်း

ကြွက်နို့အရွယ်အစား ကြီးလာပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေခြင်း

ခုခံအားကျဆင်းစေတတ်သော ဆေးများသောက်သုံးနေသူများ (HIV / AIDS)

လူနာများနှင့် အခြားခုခံအားစနစ်ကျသော ရောဂါရှိနေသူများတွင် ကြွက်နို့များပေါက်လာခြင်း

မိမိအရေပြားပေါ်တွင် ပေါက်နေသော အလုံးမှာ ကြွက်နို့ဟုတ်မဟုတ် မသေချာခြင်း


စစ်ဆေးမှုများ

ဆရာဝန်နှင့် ပြသ၍ စစ်ဆေးစမ်းသပ်ခြင်း

ကြွက်နို့၏ အပေါ်ယံအရေပြားအလွှာကို ခြစ်၍ စစ်ဆေးခြင်း

ကြွက်နို့ကို အသားစယူ၍ ဓာတ်ခွဲခန်းပို့စစ်ဆေးခြင်း


ကုသခြင်း

လိမ်းဆေးဖြင့်ကုသခြင်း (Salicylic acid, Zinc, Silver nitrate)

နိုက်ထရိုဂျင် အရည် ဖြင့် ကုသခြင်း

လေဆာပစ်၍ ကုသခြင်း


Credit         : Dr. Tun Nandar Linn

Reference   : Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18