Print

Polycystic Ovarian Syndrome - PCOS (သားဥအိမ်တွင် ရေအိတ်တည်ခြင်း)

  16-Aug-2018
Preview Image

 မျိုးဆက်ပွားနိုင်သည့်အရွယ် အမျိုးသမီးများတွင် ဟော်မုန်း ချို့ယွင်းမှုကြောင့် သားဥအိမ်အတွင်း အရည်အိတ်များဖြစ်ခြင်းကို သားဥအိမ်ရေအိတ်တည်ခြင်း (Polycystic Ovarian Syndrome) ဟုခေါ်သည်။


လက္ခဏာများ

အပျိုဖော်ဝင်စ အရွယ်တွင် အဖြစ်များသည်။ ရောဂါလက္ခဏာများအနေဖြင့်

- ရာသီပုံမှန်မလာခြင်း၊ တခါတရံ လေးလနှင့် အထက် ရာသီသွေး ပျောက်သွားတတ်ခြင်း၊

- ရာသီပေါ်ပြန်လျှင်လည်း ရက်ပေါင်းများစွာ ပေါ်တတ်ခြင်း (Prolonged period)

- ယောကျ်ားဟော်မုန်း (Androgen) များသောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွှေးများပေါက်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊ ထိပ်ပြောင်ခြင်း တို့ဖြစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်စေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ သို့သော် 

- မုန့်ချိုအိတ် (Pancreas) ဟော်မုန်း - Insulin အထွက်များသူ (due to Insulin resistance)

- အဝလွန်သူနှင့်

- မိသားစုဝင်များတွင် သားဥအိမ်ရေအိတ် တည်ဖူးသူများတွင် အဖြစ်များသည်ကို တွေ့ရသည်။


နောက်ဆက်တွဲ ပြဿနာများ

 အဝလွန်သူများတွင် သားဥအိမ်ရေအိတ်တည်ပါက နောက်ဆက်တွဲအနေဖြင့်

- ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ

- သွေးတွင်း အဆီဓာတ်နှင့် ကိုလက်စ်ထရော များခြင်း

- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်လွယ်ခြင်း

- အသည်းထဲတွင် အဆီများစုခြင်းကြောင့် အသည်းရောင်ခြင်း

- မျိုးမအောင်ခြင်း

- အိပ်ပျော်ချိန်တွင် အသက်ရှူရပ်ခြင်း

- စိတ်ရှုတ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း

- ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း

- သားအိမ်ကင်ဆာ နှင့်

- ကိုယ်ဝန်ဆောင်ကာလတွင် သွေးတိုးခြင်း၊ သွေးချိုဆီးချို တက်ခြင်း တို့ဖြစ်နိုင်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း

- သားအိမ်တွင်း၊ မိန်းမကိုယ်အတွင်း အလုံးအကျိတ်များရှိမရှိကို စမ်းသပ်ခြင်း

- ရာသီသွေး ပုံမှန်မပေါ်သည့် အကြောင်းရင်းနှင့် ယောကျ်ားဟော်မုန်း များနေခြင်း တို့ကို သိနိုင်ရန် သွေးစစ်ခြင်း

- သွေးတွင်းရှိ အဆီဓာတ်နှင့် ကိုလက်စ်ထရောဓာတ်များကို စစ်ဆေးခြင်း

- သားဥအိမ်၏ ပုံသဏ္ဍာန်နှင့် သားအိမ်အထူကို သိနိုင်ရန် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

- ကယ်လိုရီနည်းသော အစာများကို ရွေးချယ်စားသုံးခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။

- ရာသီသွေးပုံမှန်ပေါ်ရန်၊ သားဥကြွေရန်နှင့် အမွှေးများပေါက်ခြင်းကို သက်သာစေရန် ဆေးများကို ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်ပါသည်။


Ref: Mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18