Print

လေပွခြင်း သို့ Flatulence

  16-Aug-2018
Preview Image

လေပွခြင်း ဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရလေ့ရှိသည်။ ပျမ်းမျှအားဖြင့် သာမန်လူတစ်ယောက်သည် ၅ကြိမ်မှ ၁၀ကြိမ်အထိ  လလည်လေ့ရှိပြီး အချို့သည်လည်း ဒီထက်များကြနည်းကြပါသည်။ သာမန်ထက်လွန်ကဲ၍ ကျယ်လောင်စူးရှစွာ လေလည်တတ်သူများသည် လူကြားထဲတွငအနေခက် အထိုင်ခက်ဖြစ်ရသည်။

ဖြစ်ပွားရသောအကြောင်းရင်းများ

လေများများမျိုချမိခြင်း

ပုံမှန်အသက်ရှူခြင်း အစာစားခြင်းတို့တွင် လေမျိုချလေ့ရှိကြသည်။ လေများများမျိုချမိနိုင်သည့် အခြေအနေများမှာ

·        ပီကေဝါးခြင်း

·        ဆေးလိပ်သောက်ခြင်း

·        ဘောပင်အဖုံးစုပ်ခြင်း

·        အံတု သွားတုများ ချောင်နေခြင်း

·        အစာများကို အလောတကြီးမျိုချခြင်း တို့ဖြစ်ပါသည်။


လေပွစေသည့်အစားအသောက်များ

ခန္ဓာကိုယ်မှ စုပ်ယူရန်ခက်ခဲသည့် ကာဘိုဟိုက်ဒြိတ်ဓာတ်များပါသည့် အစာများမှာ

·        ပဲအမျိုးမျိုး

·        ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

·        ကြက်သွန်

·        ဆီးသီး

·        စပျစ်သီးခြောက်

·        ပန်းသီး

·        Broccoli

·        Fructose ဓာတ်ပါသော အစားအသောက်များ


ကျန်းမာရေးအခြေအနေများ

·        အစာမကြေခြင်း

·        ဝမ်းချုပ်ခြင်း

·        အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (Irritable Bowel Syndrome)

·        Coeliac Disease

·        Lactose Intolerance (နို့တွင်ပါသော Lactose နှင့် ဓာတ်မတည့်ခြင်း)

·        ဝမ်းပျက်ဝမ်းလျှော

·        အူနံရံမှ အစာကောင်းကောင်း မစုပ်နိုင်ခြင်း


ဆေးဝါးများ

·        NSAID အမျိုးအနွယ် အကိုက်အခဲပျောက်ဆေးများ

·        အချို့သော ဝမ်းချူဆေးများ

·        မှိုသတ်ဆေးများ

·        Statinအုပ်စုဝင် အဆီကျဆေးများ


ဆရာဝန်ပြသသင့်ချိန်

·        တောက်လျှောက်ဗိုက်ရစ်နေပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေခြင်း

·        ခဏခဏ ဝမ်းပျက်ခြင်း

·        အကြောင်းမဲ့ပိန်ကျသွားခြင်း

·        ဝမ်းမထိန်းနိုင်ခြင်း

·        ဝမ်းထဲသွေးပါနေခြင်း

·        အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ ကြွက်သားနာခြင်း အစရှိသည့် ပိုးဝင်သော လက္ခဏာများပြခြင်း

 

မည်ကဲ့သို့ထိန်းသိမ်းမည်နည်း

အစားအစာနှင့် လူနေမှုဘဝပြင်ဆင်ခြင်းများဖြင့် ထိန်းသိမ်းနိုင်ပါသည်။ ဥပမာအားဖြင့်

·        လေပွစေသော အစားအစာများ ရှောင်ရှားခြင်း

·        အစာကို နည်းနည်းနှင့် ဖြည်းဖြည်း စီစားခြင်း

·        လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း

Charcoal tablets သို့ Simethicone အစရှိသောဆေးများ သောက်သုံးပေးနိုင်ပါသည်။ ကျန်းမာရေးအခြေအနေတစ်ခု အခံရှိပါက ပျောက်ကင်းအောင်ကုသရန် ဆရာဝန်အကူအညီလိုအပ်ပါသည်။


Sunge

Ref: NHS Choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18