Print

Peripheral neuropathy (အရံ(ပင်မမဟုတ်သော)အာရုံကြောအားနည်းရောဂါ)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အရံအာရုံကြောအားနည်းရောဂါသည်အရံအာရုံကြောများပျက်စီးမှုကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ကျွနု်ပ်တို.ဧ။်အရံအာရုံကြောအဖွဲ.အစည်းသည် ဦးနှောက်နှင့်ပင်မအာရုံကြောမ(ပင်မအာရုံကြောအဖွဲ.အစည်း) မှ သတင်းအချက်အလက်များကိုခန္ဓာကိုယ်ဧ။် ကျန်အစိတ်အပိုင်းများသို.ပို.လွှတ်ပေးပါသည်။


လက္ခဏာများ

အများအားဖြင့်လက်များခြေထောက်များတွင်အားနည်းခြင်း၊ကောင်းစွာမလှုပ်ရှားနိုင်ခြင်း၊ထုံကျဉ်ခြင်း၊ စူးခနဲပူခနဲဖြစ်ခြင်း၊ ပင်အပ်နှင့်ထိုးသလိုစူးခြင်း၊ အထိမခံနိုင်ဖြစ်ခြင်း များဖြစ်လေ့ရှိပါသည်။ အချို.သောလူနာများတွင် ချွေးထွက်မညီခြင်း၊ ဆီးဝမ်းနှင့်အစာချေစနစ်ဆိုင်ရာပြသနာများ၊ သွေးပေါင်ပြောင်းလဲခြင်း၊ ခေါင်းမူးခြင်း တို.လည်းဖြစ်နိုင်ပါသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

အရံအာရုံကြောအားနည်းရောဂါသည်ထိခိုက်ဒဏ်ရာများ၊ရောဂါပိုးများ၊ ဇီဝဖြစ်စဉ်ပြသနာများ၊အရက်သောက်ခြင်း၊ အာရုံကြောကိုအလုံးဖြင့်ဖြစ်စေ ထိခိုက်မှုကြောင့်ဖြစ်စေ ဖိမိခြင်း၊ ဗီတာမင်ချို.တဲ့ခြင်းများ၊ ရိုးတွင်းခြင်ဆီပြသနာများ၊ autoimmune (အလိုအလျောက်ခုခံအားဆိုင်ရာ) ရောဂါများ၊ ကျောက်ကပ် အသည်း နှင့် connective တစ်ရှုးရောဂါများ၊ မျိုးရိုးလိုက်ရောဂါများနှင့် အဆိပ်အတောက်များထိတွေ.မှုတို.ကြောင့်လည်းဖြစ်နိုင်ပါသည်။ အဖြစ်များဆုံးအကြောင်းရင်းများထဲမှတစ်ခုဆီးချိုရောဂါဖြစ်ပါသည်။ တစ်ခါတစ်ရံအကြောင်းရင်းရှာမတွေ.ဘဲလည်းဖြစ်နိုင်ပါသည်။တော်တော်များများတွင်လက္ခဏာ သက်သာအောင်ပြုလုပ်နိုင်ပါသည်။ဆေးဝါးများဖြင့်လည်းနာကျဉ်မှုသက်သာစေနိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

-ဆီးချိုရောဂါရှိသူများ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကောင်းစွာမထိန်းနိုင်သူများ

-အရက်သေစာသောက်စားသူများ

-ဗီတာမင်ချို.တဲ့သူများ

-အသည်းရောင်အသားဝါစီ၊ HIV နှင့် အခြားသောရောဂါပိုးရှိသူများ

-SLE၊ သွေးလေးဘက်နာကဲ့သို.သော autoimmune ရောဂါများ

-အသည်း ကျောက်ကပ်နှင့် သိုင်းရွိုက်ရောဂါရှိသူများ

-အဆိပ်အတောက်များနှင့်ထိတွေ.မှုရှိသူများ

-မိသားစုထဲတွင် အရံအာရုံကြောအားနည်းရောဂါရှိသူများ


နောက်ဆက်တွဲပြသနာများ

-အပူအအေးထုံနေခြင်းကြောင့် အရေပြားထိခိုက်လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း

-ခံစားမှုထုံကျဉ်ခြင်းကြောင့် ထိခိုက်ရှနာဖြစ်လွယ်ခြင်းကြောင့် ပိုးဝင်လွယ်ခြင်း

-ဟန်ချက်မညီခြင်းကြောင့်ချော်လဲလွယ်ခြင်း


စစ်ဆေးမှုများ

-ပြည့်စုံသောရောဂါရာဇဝင်

-အာရုံကြောစမ်းသပ်စစ်ဆေးခြင်း

-သွေးစစ်ခြင်း

-CT, MRI စသည့်စစ်ဆေးမှုများပြုလုပ်ခြင်း

-အာရုံကြောဆောင်ရွက်ချက်များစစ်ဆေးခြင်း

-အာရုံကြောအသားစစစ်ဆေးခြင်း


ကုသခြင်း

-အနာအကျဉ်သက်သာပျောက်ဆေးများ

-အာရုံကြောနာကျဉ်မှုသက်သာစေသောဆေးများ

-အချို.သောစိတ်ကျရောဂါသုံးဆေးများ

-လိမ်းဆေးများ၊ ပလာစတာများ

-လေ့ကျင့်ခန်းလုပ်ခြင်းများ

-အပ်စိုက်ကုခြင်းများ

-ရောဂါအကြောင်းရင်းပေါ်မူတည်ပြီးကုထုံးအမျိုးမျိုးရှိနိုင်ပါသည်။


Ref: Mayo Clinic






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18