Print

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော အာဖရိကဝက်တုပ်ကွေး မြန်မာသို့ ရောက်မလာစေ...

  03-Sep-2018
Preview Image

တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသော အာဖရိကဝက်တုပ်ကွေး ရောဂါ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့ဝင်ရောက်မှု မရှိစေရေး နယ်စပ်ဒေသများ၌ ရောဂါထောက်လှမ်းမှုများ ကြိုတင်ဆောင်ရွက်နေကြောင်း တိရစ္ဆာန်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောသည်။


 ‘‘ရောဂါနဲ့ပတ်သက်တဲ့ ရှေ့ ပြေးစုံစမ်းမှုတွေ ပြုလုပ်နေတယ်။ မတွေ့သေးဘူး။ ဖြစ်လည်း မဖြစ် သေးပါဘူး။ ဒါပေမဲ့ နယ်စပ်တွေ က ဆက်စပ်နေတော့ ကျွန်တော် တို့ဒီဘက်ကနေ အခုချိန်မှာအ ရေးကြီး လုပ်ငန်းအနေနဲ့ စူးစမ်း ထောက်လှမ်းမှုတွေ လုပ်နေပါ တယ်’’ဟု ၎င်းကပြောသည်။


၎င်းတို့အနေဖြင့် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစတင်၍ သက်ဆိုင် ရာနယ်စပ်ဒေသရှိ အဖွဲ့များနှင့်ပူး ပေါင်း၍ ဝက်မွေးမြူရေးသမား များပြားသည့်နေရာများတွင် ရော ဂါထောက်လှမ်းစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားမှုရှိ၊ မရှိ အခြေအ နေများကို နမူနာရယူခြင်း၊ ဖြစ် နိုင်ဖွယ်ရှိသည့်နေရာတွင် စုံစမ်း ထောက်လှမ်းခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် ဝက် မွေးမြူရေးသမားများအား သင်တန်းပေးခြင်းတို့ကိုပါ ဆောင်ရွက် နေသည်။

အာဖရိကဝက်တုပ်ကွေး ရောဂါသည် လူများအတွက် အန္တ ရာယ်မရှိသော်လည်း ရောဂါကူး စက်ခံရသည့် ဝက်များသည် အပြင်းအထန်ဖျားနာပြီး အများစုသည် ရက်ပိုင်းအတွင်း သေဆုံးခဲ့သည်။ ယင်းရောဂါအတွက် ကာကွယ် ဆေးမရှိသေးသည့်အပြင်  ကူးစက်ခံရသော တိရစ္ဆာန်များကို အစုလိုက် သုတ်သင်ရှင်းလင်းခြင်းဖြင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ထိန်းချုပ်သည့် နည်းလမ်းတစ်ခုသာ ရှိသည်။

‘‘ယူနန်မှာရှိတဲ့ စုံစမ်းစစ် ဆေးရေးအဖွဲ့နဲ့လည်း အမြဲတမ်း အချိတ်အဆက် ရှိပါတယ်။ သူတို့ ဆီမှာဖြစ်ပြီဟေ့ဆိုတာနဲ့ ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ကျွန်တော်တို့ဆီကိုရော၊ တစ် ကမ္ဘာလုံးကိုရော အကြောင်း ကြားမှာပါ’’ဟု ဒေါက်တာရဲထွန်းဝင်းက ဆက်လက်ပြောသည်။

များသောအားဖြင့် တရား ဝင်ကုန်သွယ်မှုလမ်းကြောင်းတွင် တရုတ်နိုင်ငံမှ ဝက်များဝင်ရောက် မှုမရှိခြင်းနှင့် ဖြစ်ပွားသည့် နေရာ ဝေးကွာခြင်းတို့ကြောင့် ကြိုတင် ပြင်ဆင်ထားမှုများ မရှိသေး ကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင် သန်းက ပြောသည်။

‘‘အစကတည်းကတော့ အဲ ဒီဘက်က ဝက်မဝင်ဘူး။ ဒေသ တွင်း ဝက်ပဲသုံးကြတယ်။ ဒီဘက် ကျွန်တော်တို့နဲ့ ချိတ်ဆက်နေတဲ့ ရွှေလီ၊ ကျယ်ခေါင် အဲဒီဘက်မှာ တော့ ဘာမှမရှိဘူးဗျ။ တခြားပြည်နယ်မှာ ဖြစ်တာထင်တယ်။ လော လောဆယ်တော့ ဘာအစီအစဉ် မှ မရှိဘူး။ ကျွန်တော်တို့ဒီပြည် နယ်နဲ့တော့ တော်တော်ဝေးတယ် ထင်တယ်။ ဒီဘက်မှာ လှုပ်ရှားမှု ဘာမှမရှိဘူး။ တခြားပြည်နယ် ဘက်ခြမ်းမှာတွေတော့ ရွှေလီမြို့ တော်ဝန်နဲ့ ဒီဘက်နဲ့ကတော့ ပေါင်းစပ်ပြီးတော့ လုပ်နေကြ တယ်’’ ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ဝက်တုပ် ကွေးရောဂါသည် ၂၀၁၀-၂၀၁၁ က စတင်ဖြစ်ပွားပြီး နောက်ပိုင်း နှစ်များတွင်လည်း ကြိုးကြား ကြိုး ကြား ဖြစ်ပွားခဲ့သည်။

ဝက်တုပ်ကွေးရောဂါမဖြစ် ပွားစေရန် ဇီဝလုံခြုံရေးစနစ် လိုက်နာရန်လိုအပ်ပြီး ယင်းစနစ်အရ လူဝင်၊ လူထွက်စိစစ်ခြင်း၊ ခြံထဲသို့ဝင်ရာတွင် အမြဲခြေဆေးခြင်း၊ ခြေဆေးကန်ထားခြင်း၊ အစာလာပို့သည့် ယာဉ်များနှင့် ဝက်လာသယ်သည့် ယာဉ်များ၏ တာယာနှင့် ဘီးများကို ဆေးဖျန်းခြင်း၊ ခြံလုပ်သားများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ခြင်း၊ ခြံထဲသို့ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါသည်များနှင့် ကလေးငယ် များကို ဝင်ခွင့်မပြုခြင်းစသည့် အချက်များ လိုက်နာရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။

‘‘ဝက်မွေးတဲ့သူတချို့က ဒီ စနစ်တွေကို လိုက်နာတာရှိသလို တချို့ကလည်း မလိုက်နာနိုင်သေး တော့ ယေဘုယျအားဖြင့် လုံး၀ မဖြစ်ဘူးလို့ ပြောမရသလို ဖြစ် မယ်လည်း ပြောမရဘူးပေါ့။ ကူး စက်နိုင်ဖို့ မရှိဘူးလားဆိုတော့ မဖြစ်သေးတော့ မကူးသေးဘူးလို့ ပဲ ပြောရမှာပေါ့’’ဟု ၎င်းကပြော သည်။

တရုတ်နိုင်ငံတွင် သြဂုတ် အတွင်းက ဝက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ ရက်အထိ ဝက်ကောင်ရေ ၃၈,၀၀၀ သုတ်သင်ရှင်းလင်းပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ကြေညာထားသည်။ အာဖရိကဝက်တုပ်ကွေး ရောဂါသည် အခြားအာရှနိုင်ငံများသို့ ပျံ့နှံ့နိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအ ဖွဲ့ (FAO) က သြဂုတ် ၂၈ ရက်တွင် အသိပေးကြေညာသည်။

Credit: 7 day news 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18