Print

မြန်မာနိုင်ငံတွင် လူဦးရေ ၁ သိန်းခွဲကို မျက်စိဆရာဝန် ၁ ဦးနှုန်းဖြင့် စေ...

  15-Oct-2018
Preview Image

မြန်မာနိုင်ငံမှာ မျက်စိဆရာဝန်ဦးရေ ၃၅ဝ လောက်ရှိပြီး လူဦးရေ ၁ သိန်းခွဲကို မျက်စိဆရာဝန် ၁ ဦး နှုန်းနဲ့ စောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။ရန်ကုန် အမျိုးသားမျက်စိဘဏ်၊ မျက်စိအထူးကုဆေးရုံကြီးမှာ ဒီနေ့ ကျင်းပတဲ့ ၂ဝ၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ အတွင်းတိမ်ရောဂါဟာ မျက်စိရောဂါအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။


အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “မြန်မာနိုင်ငံမှာ ကာကွယ်ကုသနိုင်တဲ့ မျက်စိရောဂါတွေထဲမှာ အဓိက မျက်စိမမြင်ခြင်းကို ဖြစ်စေ နိုင်တဲ့ ရောဂါများဟာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပတာ ထိခိုက်ဒဏ်ရာရရှိတာနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေဖြစ်ပြီး အတွင်းတိမ်ရောဂါဟာ မျက်စိရောဂါအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း ခန့်ရှိတာကို တွေ့ရတယ်။ ဒါ့ကြောင့် မျက်စိအတွင်း တိမ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသပေးနိုင်ရင် မျက်မမြင် လျော့နည်းရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်မယ် ” လို့ ပြောပါတယ်။


မျက်မမြင် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ဖို့ ၂ဝ၁၇ ကနေ ၂ဝ၂၁ ခုနှစ်အထိ အမျိုးသားအဆင့် ၅ နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း လူမှုရေးဝန်ကြီးက ပြောပါတယ်။ရန်ကုန်မြို့ မျက်စိအထူကုဆေးရုံကြီးမှာ မျက်ကြည်လွှာဆိုင်ရာ၊ မြင်လွှာနဲ့ မျက်စိနောက် ခန်းဆိုင်ရာ၊ မျက်ခွံမျက်ရည်လမ်းကြောင်းနဲ့ မျက်လုံးအိမ်ပိုင်းဆိုင်ရာ၊ မျက်စိအာရုံကြောဆိုင်ရာ၊ ရေတိမ်ရောဂါ၊ ကလေးမျက်စိရောဂါဆိုင်ရာနဲ့ မျက်စိအတွင်းရောင်ရောဂါ စတဲ့ ရောဂါသည် တွေကို တပတ် ၅ ရက် မျက်စိခွဲစိတ်ကုသပေးနေပြီး တရက်ကို လူနာ ၈၅ ယောက်ကနေ အယောက် ၁ဝဝ လောက်ထိ ခွဲစိတ်ကုသပေးနေရပါတယ်။


ဒါ့အပြင် ကုတင် ၁၅ဝ ဆံ့ ရန်ကုန်မြို့ မျက်စိရောဂါအထူးကုဆေးရုံကြီးက မျက်စိရောဂါ အထူးကုအဖွဲ့ဟာ အခြားဝန်ကြီးဌာနအဖွဲ့အစည်းတွေ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး နယ်လှည့် ကုသပေးနေပါတယ်။ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဓနုဖြူမြို့နယ်၊ လပွတ္တာမြို့နယ်၊ ကြို့ပင်ကောက်မြို့၊ မိုးညိုမြို့နဲ့ စစ်တွေမြို့တွေကိုသွားပြီး အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ကြသလို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တွေကိုလည်း ၁၅ ကြိမ် ကွင်းဆင်းစမ်းသပ်ကုသပေးနိုင်ခဲ့ပါတယ်။


နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျ၊ အမေရိကန်၊ နယ်သာလန်နိုင်ငံတို့က လာရောက်တဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူနာတွေကို ခွဲစိတ်ကုသ ပေးနေတယ်လို့ သိရပါတယ်။


Credit: DVB News



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18