Print

ဆရာဝန် နဲ့ လူနာ ဟုတ်နေတာဘဲ

  20-Aug-2018
Preview Image

၁။ဆရာဝန်။ ။ဆီးချိုတွေတက်နေတယ်ဗျ ဘာတွေစားထားတုန်း။


လူနာ။ ။ လက်ဖက်ရည် သောက်ထားမိတယ်ဆရာ။ တစ်နေ့သုံးခါလောက်မသောက်ရင် မနေနိုင်ဘူး။

ဆရာဝန်။ ။အေးဗျာ ကောင်းပါတယ် ။ ပြန်ရင် ဘုန်းကြီးဝင်ပင့်သွား။သရဏဂံု ကြိုသာတင်ထားလိုက်။ ။

၂။ဆရာဝန်။ ။အား ဒေါ်လေး သွေးတွေတယ်တိုးနေပါလား အစားမရှောင်ဘူးလား။

လူနာ။ ။ပြောလဲပြောတော့ ဆရာရယ်။ ငါးပိရည်လေးမှ မစားရရင် ထမင်းကမဝင်ဘူး။ဆေးသာပေးပါတော့။

ဆရာဝန်။ ။ရပါတယ်ဗျာ။ နောက်နေ့ ကားကြိုငှားထား။ဆေးရုံကြီးေလဖြတ်ရောဂါ အထူးကုဌာနကို လွှဲစာကြိုရေးထားပေးမယ်။

၃။ဆရာဝန်။ ။ကလေးအမေ ။ ၃ရက်စာဆေးက ၅ ရက်ရှိပြီ မကုန်သေးဘူးလား။ ကလေးလဲ သက်သာပုံမရဘူး။

လူနာရှင်။ ။ကလေးက ဆေးရွေးတယ် ဆရာ ။အရသာမကြိုက်ရင် မသောက်ဘူး။သူသောက်တာလေးပဲ တိုက်ထားတယ်။

ဆရာဝန်။ ။ အေးဗျာ ။ရှေ့နားက မုန့်ဆိုင်သာသွားလိုက်။အဲ့မှာ ကြိုက်တဲ့ အရသာ ချို ချဉ် ဖန် ငန် စပ် ခါး ပြောလို့ရတယ်။

Credit : လင်းနိုင်ဦး


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18