Print

ကလေးဖွံ့ ဖြိုးစေဖို့ အထောက်အပံ့ ဖြစ်စေမယ့် နည်းလမ်း ၄ သွယ်

  18-Nov-2018
Preview Image


အဝလွန်နေတဲ့ကလေးငယ်တွေကကလွဲပြီး အလေးချိန်အနည်းငယ်ပိုတိုးလာလို့ ကျန်းမာနေတဲ့ကလေးတွေ အများကြီးပါ။ ဒါပေမဲ့ ဒါဟာ ကလေးတွေ ဝလာစေမယ့် အလေးချိန်တိုးလာစေမယ့် စားစရာတွေကို နေ့စဉ်စားနေကျ အစာတွေထဲမှာ ထည့်ပြီး စားသောက်စေဖို့တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ စားသောက်မှုအလေ့အထတွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး စားစရာတွေထဲကယ်လိုရီ နည်းနည်းပေါင်းထည့်တာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ဒီမှာတော့ ကလေးတွေပိန်နေလို့ (အလေးချိန်မပြည့်လို့) စိတ်ဆင်းရဲ စိတ်ပူပန်နေရတဲ့ မိဘတွေအတွက် ကူညီပေးနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

 

၁။ အကြောင်းရင်းကို သိအောင်လုပ်ပါ။

အချို့ကလေးတွေအတွက် အလေးချိန်တိုးလာနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အလေးချိန်တိုးဖို့ ခဲယဉ်းနေခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းရင်းအချို့ကတော့..

• ဟော်မုန်း သို့မဟုတ် ဇီဝဖြစ်စဉ်ကြောင့်

• ဆေးအသုံးပြုခြင်း

• အလွန်အမင်းတက်ကြွလှုပ်ရှားခြင်းဟာ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေနိုင်ပါတယ်။

• အစာဓာတ်မတည့်မှုများ

• သူငယ်ချင်းများထံမှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ

မိဘတွေဟာ ကလေးအထူးကုတွေဆီကလည်း အကြံဉာဏ်ယူသင့်တယ်လို့ အကြံပြုထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သူတို့ရဲ့ ပညာ၊ ဗဟုသုတတွေနဲ့ယှဉ်ပြီး နားလည်နိုင်သူတွေဟာ သူတို့ပဲရှိပါတယ်။ မိဘတွေဟာ သူတို့ရဲ့စိုးရိမ်မှုတွေကို မေးမြန်းဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။ ဒီလိုမေးမြန်းနေမှသာ ကလေးတွေရဲ့အခြေအနေကို ကောင်းကောင်းနားလည်နိုင်မှာမဟုတ်ပါလား။ ဆေးတွေကြောင့် ဒါမှမဟုတ် အစာဓာတ်မတည့်တာကြောင့်ဖြစ်ရတယ်ဆိုရင် ကလေးအထူးကုတွေကတော့ ရှင်းရှင်းလင်းလင်း ရောဂါသတ်မှတ်နိုင်ပြီး ကုသပေးနိုင်မှာပါ။

 

၂။ အစာစားတဲ့အလေ့အထကို ပြောင်းလဲပါ။

မိဘတွေဟာ သူတို့ရဲ့ပေါင်မပြည့်တဲ့ ကလေးငယ်တွေကို မကြာခဏပိုကျွေးသင့်ပါတယ်။ အချို့ကတော့ ဗိုက်လေး သေးသေးလေးသာရှိနေပေမယ့် နောက်တစ်ထပ် ထပ်မစားခင်မှာပဲ စားခဲ့သမျှအရာအားလုံးကို အစာချေနိုင်စွမ်းရှိပါတယ်။ တစ်ရက်ကို ၅ကြိမ် သို့မဟုတ် ၆ကြိမ်ကျွေးကြည့်ပြီး တစ်နပ်နဲ့ တစ်နပ်ကြားမှာ သွားရည်စာနည်းနည်းကျွေးပါ။ ပြီးတော့ မိဘတွေဟာ အစာစားချိန်ရဲ့ အရေးပါပုံကို သိထားဖို့လိုပါတယ်။ နေ့စဉ်အချိန်မှန်ကျွေးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေရဲ့ တန်ဖိုးအကြောင်းကိုပြောပြပါ။ သူတိုု့ကို စားသောက်ခြင်းမှာ မွေ့လျော်အောင်ပြုလုပ်ပါ။

စားသောက်ပုံအကျင့်ဆိုးတွေကို ဖျောက်ဖို့ ဖိအားမပေးပါနဲ့။ မိဘတွေဟာကလေးတွေအတွက် စံပြလူသားတွေဖြစ်သင့်ပါတယ်။ ကလေးတွေက သူတို့မိဘတွေလုပ်သလို လိုက်လုပ်မှာပါ။ ဒါကြောင့် ဒီကိစ္စမှာ အဓိကပြဿနာက မိဘတွေရဲ့ စားသောက်မှု အလေ့အထပါပဲ။ ကျန်းမာစေတဲ့ သစ်သီးတွေ သို့မဟုတ် အာဟာရကြွယ်ဝတဲ့စားစရာတွေကို အခြားသောသွားရည်စာတွေအစား စားပေးပါ။ လုံးတီးအနှံတွေ၊ သစ်သီးဝလံတွေကတော့ တကယ်ကောင်းမွန်တဲ့ စားစရာတွေပါ။

 

၃။ ကယ်လိုရီနဲ့ အာဟာရဓာတ် ၂ မျိုးလုံးပါဝင်တဲ့စားစရာတွေကို ရွေးချယ်ပါ။

ကွတ်ကီးတွေ၊ snacksတွေ၊ Junk foods တွေမှာတော့ ကယ်လိုရီတွေပဲပါဝင်တာပါ။ သူတို့ဟာ ကျန်းမာရေးကောင်းစေတဲ့ ဘယ်လိုဗီတာမင်တွေ၊ အာဟာရဓာတ်တွေကိုမှ ကလေးကိုမပေးစွမ်း နိုင်ပါဘူး။

 

အောက်ဖော်ပြပါပစ္စည်းတွေပါဝင်တဲ့ စားစရာတွေကျွေးကြည့်ပါ။

နို့ထွက်ထောပတ်၊ နွားနို့နဲ့ခရင်မ်၊ ကြက်ဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အသား၊ အာလူးနဲ့ အရည်ရွှမ်းအသီးများစတာတွေ ကျွေးကြည့်ပါ။သွားရည်စာတွေကို ဆင်ခြင်ပြီးရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ အလေးချိန်မပြည့်တဲ့ကလေးတွေက မကြာခဏဆာလောင်တတ်ပါတယ်။ သူတို့ဟာ ကျန်းမာရေးနဲ့ညီတဲ့ သွားရည်စာတွေ ဥပမာ အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေ၊ fit bar သို့မဟုတ် လုံးတီးအနှံ ပမာဏတစ်ခုကို ပုံမှန်လိုအပ်ပါတယ်။

 

၄။ စားစရာတွေမှာ ကယ်လိုရီပိုထည့်ပေးပါ။

ချိစ်နဲ့နို့တွေဟာ ကယ်လိုရီနဲ့ အာဟာရဓာတ်လယ်ဗယ်တွေ မြှင့်တင်ဖို့အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပါ။မိဘတွေဟာ ဟင်းအမျိုးမျိုးနဲ့ ဖောျ်ရည်တေါကို သူတို့ကလေးတွေရဲ့အကြိုက်ကိုလိုက်ပြီး ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဟင်းတိုင်းမှာ ချိစ်ကိုထည့်ပြီး စွပ်ပြုတ်တိုင်းမှာ နို့ထည့်ပါ။ ဒါမှမဟုတ် ကလေးတွေအတွက် ခရင်မ်စွပ်ပြုတ် (cream soup) တစ်ခွက်လုပ်ပေးပါ။ ဒီလုပ်ငန်းစဉ်ကိုဖြည်းဖြည်းပဲလုပ်သင့်ပါတယ်။ မဟုတ်ရင်ကလေးက ဒီအပြောင်းအလဲတွေကြားမှာ မသက်မသာခံစားရပြီး အကျိုးဆက်တွေက ပြောင်းပြန်တွေဖြစ်ကုန်ပါလိမ့်မယ်။

မိဘတွေက ပြောင်းလဲပေးလိုက်တဲ့ စားစရာတွေဟာ ကလေးတွေရဲ့ အနှစ်သက်ဆုံးစားစရာတွေဖြစ်နေသင့်ပြီး သူတို့ရဲ့ အလေ့အထကို လုံးဝပြောင်းလဲပစ်တာမျိုး မဖြစ်ရပါဘူး။ ကလေးတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ သူတို့နှစ်သက်ရာကို အထိန်းအကွပ်မရှိလွတ်လွတ်လပ်လပ်စားခွင့်ပြုလိုက်တာက ကောင်းကျိုးတွေဖြစ်လာမယ်လို့ မဆိုလိုပါဘူး။မိဘတွေဟာ အလေ့အကျင်ကောင်းတွေကို သေချာဂရုတစိုက်လိုက်နာသင့်ပြီး ဒါမှလည်း ကလေးတွေက ကျန်းမာရေးနဲ့ အသင့်လျော်ဆုံးနည်းလမ်းနဲ့ အလေးချိန်တိုးလာနိုင်မှာ မဟုတ်ပါလား။

 

Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18